ခရိုအေးရှား 🆚 ရုရှား
အုပ်စု(H) တိုက်ရိုက်ခြေစစ်ပွဲအောင်အသင်းကို အဆုံးအဖြတ်ပေးမယ့်ပွဲပါ။
၂မှတ်သာနေတဲ့ ရုရှားကသရေတစ်မှတ်သာလိုပြီး ခရိုအေးရှားကတော့ နိုင်မှ
ဖြစ်မှာပါ။ ခရိုအေးရှားမှာအိမ်ရှင်အခွင့်အရေးရှိသလို ၁+၄၀ပေးထားရတာကလည်း
အနည်းငယ်ပြင်းပါတယ်။ ရုရှားက နည်းပြသစ်လက်ထက် ရှုံးပွဲမရှိသေးပေမယ့်
အဝေးကွင်းကစားပုံ သိပ်အားရစရာမရှိပါဘူး။ ပွဲအဖြေပြောင်းနိုင်သူပိုများတဲ့
ခရိုအေးရှား နိုင်ပွဲနဲ့အတူ ကာတာသွားခွင့်ရမှာပါ။
ရွေးချယ်မှု – ခရိုအေးရှား
မော်လ်တာ 🆚 ဆလိုဗက်ကီးယား
မျှော်လင့်ချက်တစ်စုံတစ်ရာမရှိတော့ပေမယ့် အုပ်စုတတိယရဖို့တော့ ဆလိုဗက်ကီးယား
ကြိုးစားဦးမှာပါ။ ခြေစစ်ပွဲနောက်ဆုံးပွဲကို နိုင်ပွဲနဲ့နှုတ်ဆက်နိုင်ဖို့လည်းရည်မှန်းထားပါလိမ့်မယ်။
ခရိုအေးရှားကို ၇ဂိုးပေးခဲ့ရတဲ့မော်လ်တာကလည်း မထူးဇာတ်ခင်းပြီးဖွင့်ကစားပါလိမ့်မယ်။
ဂိုးအပေါ်ကြိုက်တယ်။
ရွေးချယ်မှု – ဂိုးအပေါ်
ဆလိုဗေးနီးယား 🆚 ဆိုက်ပရပ်စ်
ဆိုက်ပရပ်စ်မြေ ပ-အကျော့ရှုံးကြွေးဆပ်ဖို့ ဆလိုဗေးနီးယားရည်မှန်းထားမှာပါ။
ဆလိုဗက်ကီးယားကိုကျော်ပြီး အုပ်စုတတိယနေရာရဖို့ဆိုရင် ဂိုးရသလောက်
သွင်းနိုင်ဖို့လည်းလိုပါတယ်။ ဆိုက်ပရပ်စ်က ပြိုင်ပွဲစုံ ၁၂ပွဲမှာ ဂိုးမသွင်းနိုင်တာ ၁၀ပွဲတောင်
ရှိခဲ့တာပါ။ ဆလိုဗေးနီးယား ဂိုးပြတ်နိုင်ပါလိမ့်မယ်။
ရွေးချယ်မှု – ဆလိုဗေးနီးယား
အာမေးနီးယား 🆚 ဂျာမနီ
မက်ဆီဒိုးနီးယားကိုရှုံးခဲ့တာမို့ အာမေးနီးယားရဲ့အုပ်စုဒုတိယရရေးအိပ်မက် ပျက်ပြယ်သွားပါပြီ။
ဂျာမနီက အမှတ်မလိုတော့ပေမယ့် လက်ချင်စတိန်းနဲ့ပွဲမှာ လူစုံနီးပါးသုံးပြီး ၉ဂိုးပြတ်အနိုင်ယူခဲ့
တယ်။ ဆာနေး၊ မူလာ၊ မာကိုရူးစ်၊ ဂန်ဒိုဂန်၊ ဘာကူ၊ ဂိုရက်စ်ကာတို့နဲ့ ပွဲထွက်ဦးမယ်ဆိုရင် ဂျာမနီ
အပေါ်စုံရွေးရုံကလွဲရင်အခြားမရှိပါဘူး။
ရွေးချယ်မှု – ဂျာမနီ / ဂိုးအပေါ်
မြောက်မက်ဆီဒိုးနီးယား 🆚 အိုက်စလန်
အာမေးနီးယားမြေမှာ ဂိုးပြတ်နိုင်ခဲ့တာမို့ မက်ဆီဒိုးနီးယား အုပ်စုဒုတိယရဖို့ အခြေအနေကောင်း
သွားပါတယ်။ ရိုမေးနီးယားကို ၁မှတ်အသာရနေတာမို့ အိုက်စလန်ကိုနိုင်တာနဲ့ ပလေးအော့ဖ်က
စားခွင့်ရပါပြီ။ အိုက်စလန်က ရိုမေးနီးယားမြေမှာဝ-၀ ကစားနိုင်ခဲ့ပေမယ့် ကံကောင်းခဲ့လို့ပါ။
ပွဲစကတည်းက ဖိဖိစီးစီးကစားပြီး မက်ဆီဒိုးနီးယားဂိုးပြတ်နိုင်ပွဲယူပါလိမ့်မယ်။
ရွေးချယ်မှု – မြောက်မက်ဆီဒိုးနီးယား
လက်ချင်စတိန်း 🆚 ရိုမေးနီးယား
အိုက်စလန်နဲ့ပွဲမှာ ၂မှတ်ဆုံးရှုံးခဲ့တာ ရိုမေးနီးယားအတွက် အရမ်းနစ်နာခဲ့ပါတယ်။
မက်ဆီဒိုးနီးယားထက် ၁မှတ်နည်းသွားတာမို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရှိတော့ပါဘူး။
ဒီပွဲနိုင်ရင်တောင် မက်ဆီဒိုးနီးယား နိုင်ပွဲမရဖို့ဆုတောင်းရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်အလုပ်ကိုယ်လုပ်ရမှာဖြစ်ပြီး လက်ချင်စတိန်းလို အဘက်ဘက်ကအားနည်းတဲ့
ပြိုင်ဘက်ကိုတော့ ရိုမေးနီးယား ၃ဂိုးပြတ်အနိုင်ယူမှာပါ။
ရွေးချယ်မှု – ရိုမေးနီးယား
ပေါ်တူဂီ 🆚 ဆားဘီးယား
အိုင်ယာလန်ကိုသရေကျခဲ့တာမို့ ဆားဘီးယားနဲ့ပေါ်တူဂီ အမှတ်တူသွားပါပြီ။
ဒါပေမဲ့ ဂိုးကွာခြားချက် ၄ဂိုးသာနေဆဲဖြစ်တာမို့ ဒီပွဲမှာ သရေတစ်မှတ်ရတာနဲ့
အုပ်စုဗိုလ်စွဲမှာပါ။ သရေပဲလိုတယ်ဆိုပြီးထိန်းကစားရင်အန္တရယ်များတာမို့
ပေါ်တူဂီနိုင်ပွဲရဖို့ကြိုးစားမှာပါ။ ဆားဘီးယားကလည်း နိုင်ဖို့လိုတာမို့
ဖွင့်ကစားပါလိမ့်မယ်။ ပ-အကျော့ကလို အပြန်အလှန်ဂိုးသွင်းပြီး ဂိုးပေါ်မယ့်ပွဲပါ။
ရွေးချယ်မှု – ဂိုးအပေါ်
လူဇင်ဘတ် 🆚 အိုင်ယာလန်
အိုင်ယာလန်မြေမှာ နိုင်ပွဲရခဲ့သလို အဇာဘိုင်ဂျန်ကိုလည်း ၂ကျော့လုံးနိုင်ခဲ့တာမို့
လူဇင်ဘတ် အုပ်တတိယရဖို့နီးစပ်လာပြီ။ အိုင်ယာလန်က ပေါ်တူဂီကိုသရေ
ခံကစားခဲ့ပေမယ့် ပြိုင်ပွဲစုံနောက်ဆုံးပွဲ ၂၀မှာ ၃ပွဲသာနိုင်ခဲ့ဖူးတာပါ။
အိုင်ယာလန်တိုက်စစ်ကလည်း လူဇင်ဘတ်မြေမှာ ဂိုးရဖို့ရုန်းကန်ရနိုင်တယ်။
အိုင်ယာလန်ဘော်ဒီထက် ဂိုးအောက်ရွေးတာပိုစိတ်ချရပါလိမ့်မယ်။
ရွေးချယ်မှု – ဂိုးအောက်
စပိန် 🆚 ဆွီဒင်
ဆွီဒင်ခြေချော်ချိန်မှာနိုင်ပွဲရခဲ့တာမို့ စပိန် အုပ်စုဗိုလ်စွဲဖို့အခွင့်အလမ်းများသွားပါတယ်။
၇ပွဲစီကစားအပြီး၁မှတ်သာနေတာမို့ သရေတစ်မှတ်ထပ်ရတာနဲ့ ခြေစစ်ပွဲအောင်ပါပြီ။
စပိန်ဟာ ဂရိကိုခြေအသာနဲ့နိုင်ခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့် မယ်မယ်ရရမရခဲ့ဘူး။
ဆွီဒင်ကလည်း ဂျော်ဂျီယာကိုတောင် ၂ဂိုးပြတ်ရှုံးခဲ့တဲ့အထိခြေကျသွားတာပါ။
ဘော်ဒီရှောင်ပြီး ဂိုးအောက်ရွေးသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
ဂရိ 🆚 ကိုဆိုဗို
စပိန်ကိုရှုံးခဲ့ပေမယ့် ဂရိကစားပုံ အရမ်းမညံ့ခဲ့ပါဘူး။ဂရိဟာ ပြိုင်ပွဲအသွင် နောက်ဆုံးအိမ်ကွင်း
၉ပွဲမှာလည်း စပိန်တစ်သင်းတည်းကိုရှုံးခဲ့တာပါ။ ကိုဆိုဗိုက ၄ပွဲဆက်ရှုံးခဲ့သလို နောက်ဆုံးပွဲမှာဆိုရင်
ဂျော်ဒန်ကိုတောင်ရှုံးခဲ့တဲ့အထိ အခြေအနေဆိုးနေတာပါ။ ခြေစစ်ပွဲနောက်ဆုံးပွဲကို ဂရိ နိုင်ပွဲနဲ့
နှုတ်ဆက်နိုင်ပါလိမ့်မယ်။
ရွေးချယ်မှု – ဂရိ
Zawgyi
တနင်္ဂနွေည ဥရောပဇုန်ခြေစစ်ပွဲများ (ကောင်းပိုင်)
ခရိုအေးရှား 🆚 ရုရှား
ဂိုးအပေါ်ကြိုက်တယ်။
အာမေးနီးယား 🆚 ဂျာမနီ
ပေါ်တူဂီ 🆚 ဆားဘီးယား
လူဇင်ဘတ် 🆚 အိုင်ယာလန်
စပိန် 🆚 ဆွီဒင်
ဂရိ 🆚 ကိုဆိုဗို
ရွေးချယ်မှု – ဂရိ