တနင်္ဂနွေနေ့ညမှာ ကစားမယ့် အက်စတွန်ဗီလာ-အဲဗာတန် ပွဲစဉ်ကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာအသင်းရဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန်နဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြန်တယ်လို့ သိရပါတယ်။

ဗီလာအသင်းမှာ ကစားသမားနဲ့ ဝန်ထမ်းအများအပြား ကိုဗစ်ပိုးတွေ့ရှိရမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ယခုလို ထပ်မံရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်ကို တနင်္ဂနွေနေ့မှာ ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး အဲဗာတန်က အဆင့်၅နေရာ၊ ဗီလာက ၁၅ပွဲကစားထားပြီး အဆင့်၈နေရာမှာ ရှိနေကာ ပရီးမီးယားလိဂ်မှာ ပွဲအနည်းဆုံး ကစားထားတာလို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ညက ဗီလာတို့ တော့တင်ဟမ်နဲ့ ကစားဖို့ စီစဉ်ထားခဲ့ပေမဲ့ ကိုဗစ်ပိုးတွေ ထပ်မံတွေရှိခဲ့ရတာကြောင့် ဖူလ်ဟမ်ပွဲနဲ့ အစားထိုးခဲ့ရပါတယ်။

လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲတုန်းကလည်း ဗီလာအသင်းကြီး ၁သင်းလုံး ကိုဗစ်ကြောင့် သီးခြားစီ ခွဲနေခဲ့ရလို့ ယူ-၂၃နဲ့ ယူ-၁၈ လူငယ်အသင်းတွေကို ပေါင်းစည်းကာ ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဗီလာ အမှုဆောင် ပါစ်လိုက “ကျွန်တေ်ာတို့ အသင်းကြီးထဲက လူ ၁၄ယောက်ကို စစ်ဆေးခဲ့ရာမှာ ၁ယောက်မှာမှ ပိုးမတွေ့ခဲ့ရပါဘူး။ ၁၄ခု စစ်ခဲ့ရာမှာ ၁၀ဦးက ကစားသမားတွေ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ဒီဇင်ဘာလက ဗီလာနဲ့ ကစားဖို့ စီစဉ်ထားပေမဲ့ အဆိုပါ ပွဲတုန်းကတော့ နယူးကာဆယ် ကစားသမားတွေမှာ ကိုဗစ်ပိုး တွေ့ရှိရတာကြောင့် ရွှေ့ဆိုင်းခဲ့ရပြန်ပါတယ်။

အဆိုပါ ပွဲစဉ်ကို ဇန်နဝါရီ ၂၃ရက်နေ့မှာ ကစားဖို့ ပြန်လည် ပွဲစဉ် ရေးဆွဲထားကြောင်း ယနေ့မှာ ပရီးမီးယားလိဂ်က ကြေညာပါတယ်။

ဗီလာအသင်းဟာ ဇန်နဝါရီ ၂၀ရက်နေ့မှာ မန်စီးတီးအသင်းနဲ့ ဆက်ကစားရမှာ ဖြစ်ပြီး ခုလို အခြေအနေမျိုးနဲ့ ဆက်ကစားဖို့ မသေမချာ ဖြစ်နေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တနဂၤေႏြေန႔ညမွာ ကစားမယ့္ အက္စတြန္ဗီလာ-အဲဗာတန္ ပဲြစဥ္ကို ကိုဗစ္ေၾကာင့္ ေရႊ႕ဆုိင္းခဲ့ရျပန္

အက္စတြန္ဗီလာအသင္းရဲ႕ လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ အဲဗာတန္နဲ႔ ပြဲစဥ္ကို ေရႊ႕ဆုိင္းခဲ့ရျပန္တယ္လို႔ သိရပါတယ္။ ဗီလာအသင္းမွာ ကစားသမားနဲ႔ ၀န္ထမ္းအမ်ားအျပား ကိုဗစ္ပုိးေတြ႕ရွိရမႈေတြ ျဖစ္ပြားခဲ့ျပီးေနာက္ ယခုလို ထပ္မံေရႊ႕ဆုိင္းခဲ့ရတာ ျဖစ္ပါတယ္။ အဆုိပါ ပဲြစဥ္ကို တနဂၤေႏြေန႔မွာ ကစားဖို႔ စီစဥ္ထားတာျဖစ္ျပီး အဲဗာတန္က အဆင့္၅ေနရာ၊ ဗီလာက ၁၅ပဲြကစားထားျပီး အဆင့္၈ေနရာမွာ ရွိေနကာ ပရီးမီးယားလိဂ္မွာ ပဲြအနည္းဆံုး ကစားထားတာလို႔ သိရပါတယ္။

ဗုဒၶဟူးေန႔ညက ဗီလာတို႔ ေတာ့တင္ဟမ္နဲ႔ ကစားဖို႔ စီစဥ္ထားခဲ့ေပမဲ့ ကိုဗစ္ပုိးေတြ ထပ္မံေတြရွိခဲ့ရတာေၾကာင့္ ဖူလ္ဟမ္ပဲြနဲ႔ အစားထုိးခဲ့ရပါတယ္။ လီဗာပူးနဲ႔ အက္ဖ္ေအဖလားပြဲတုန္းကလည္း ဗီလာအသင္းၾကီး ၁သင္းလံုး ကိုဗစ္ေၾကာင့္ သီးျခားစီ ခြဲေနခဲ့ရလို႔ ယူ-၂၃နဲ႔ ယူ-၁၈ လူငယ္အသင္းေတြကို ေပါင္းစည္းကာ ယွဥ္ျပိဳင္ခဲ့ရပါတယ္။ ဗီလာ အမႈေဆာင္ ပါစ္လိုက “ကြ်န္ေတ္ာတို႔ အသင္းၾကီးထဲက လူ ၁၄ေယာက္ကို စစ္ေဆးခဲ့ရာမွာ ၁ေယာက္မွာမွ ပုိးမေတြ႕ခဲ့ရပါဘူး။ ၁၄ခု စစ္ခဲ့ရာမွာ ၁၀ဦးက ကစားသမားေတြ ျဖစ္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

နယူးကာဆယ္အသင္းဟာ ဒီဇင္ဘာလက ဗီလာနဲ႔ ကစားဖို႔ စီစဥ္ထားေပမဲ့ အဆုိပါ ပဲြတုန္းကေတာ့ နယူးကာဆယ္ ကစားသမားေတြမွာ ကိုဗစ္ပုိး ေတြ႕ရွိရတာေၾကာင့္ ေရႊ႕ဆုိင္းခဲ့ရျပန္ပါတယ္။ အဆုိပါ ပဲြစဥ္ကို ဇန္န၀ါရီ ၂၃ရက္ေန႔မွာ ကစားဖို႔ ျပန္လည္ ပဲြစဥ္ ေရးဆြဲထားေၾကာင္း ယေန႔မွာ ပရီးမီးယားလိဂ္က ေၾကညာပါတယ္။ ဗီလာအသင္းဟာ ဇန္န၀ါရီ ၂၀ရက္ေန႔မွာ မန္စီးတီးအသင္းနဲ႔ ဆက္ကစားရမွာ ျဖစ္ျပီး ခုလို အေျခအေနမ်ိဳးနဲ႔ ဆက္ကစားဖို႔ မေသမခ်ာ ျဖစ္ေနခဲ့ပါတယ္။