တနင်္လာညကို ဥရောပဇုန်ခြေစစ်ပွဲတွေနဲ့ဖြတ်သန်းမယ် (ကောင်းပိုင်)

မြောက်အိုင်ယာလန် အီတလီ

အမှတ်တူရင် ဂိုးကွာခြားချက်နဲ့ဆုံးဖြတ်မှာမို့ အီတ လီအတွက် နိုင်ရုံနဲ့မရပါဘူး။ ဆွစ်ဇာလန်ထက် ဂိုး ကွာခြားချက် ၂ဂိုးပဲသာတာမို့ ဂိုးရသလောက်သွင်း နိုင်ဖို့လည်းလိုပါတယ်။ ဒါကြောင့် လူစုံတက်စုံနဲ့ ပွဲ စကတည်းက တင်ကစားရမှာပါ။ မြောက်အိုင်ယာ လန်က ခံစစ်မာကျောတာကလွဲရင် အီတလီခံစစ် ကိုဖိအားပေးနိုင်တဲ့ တိုက်စစ်စုဖွဲ့မှုမျိုးပိုင်ဆိုင်ထား ခြင်းမရှိပါဘူး။ အီတလီအနိုင် ၂ဂိုးနဲ့အထက်ရှိမှာပါ။

ရွေးချယ်မှု – အီတလီ

ဆွစ်ဇာလန် -ဘူလ်ဂေးရီးယား

ဆွစ်ဇာလန်လည်း အီတလီလိုပါပဲ။ ဂိုးကွာခြားချက် ၂ဂိုးနိမ့်နေတာမို့ နိုင်ဖို့သာမက ဂိုးရသလောက်သွင်း ဖို့လည်းလိုပါတယ်။ ဒါကြောင့်လည်း ဆွစ်ဇာလန်ရဲ့ ဘော်ဒီဈေးက ၃+၉၀ ဆိုပြီး ပြင်းရှစွာဖွင့်လှစ်ထား တာပါ။ ဘူလ်ဂေးရီးယားက ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲ မှာ ၁ပွဲသာရှုံးနိမ့်ခဲ့ပေမယ့် အနိုင်ရလိုစိတ်အပြည့်နဲ့ ပေါက်ကွဲကစားမယ့်ဆွစ်ဇာလန်တိုက်စစ်ကို တောင့် မခံနိုင်လောက်ဘူး။ ဆွစ်ဇာလန်ပဲရွေးရမှာပါ။

ရွေးချယ်မှု – ဆွစ်ဇာလန်

စကော့တလန် ဒိန်းမတ်

စကော့တလန်က ပလေးအော့ဖ်ကစားခွင့်ရထားပြီး ဒိန်းမတ်ကလည်း ပြီးခဲ့တဲ့လကတည်းက ခြေစစ်ပွဲ အောင်ထားတာမို့ ၂သင်းစလုံးအမှတ်မလိုတော့ပါ ဘူး။ ဒါပေမဲ့ စကော့တလန်ကဂုဏ်သိက္ခာအတွက်၊ ဒိန်းမတ်က ရာနှုန်းပြည့်နိုင်ပွဲစံချိန်အတွက် တိုက်ပွဲ ဝင်ကြဦးမှာပါ။ စကော့တလန်ခြေတက်နေပြီး ၅ပွဲ ဆက်နိုင်ခဲ့ရာမှာ ၁ပွဲသာဂိုးပေးခဲ့ရတာမို့ ဒိန်းမတ် ရဲ့ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရှေ့ဆက်ဖို့မလွယ်ပါဘူး။ စကော့တလန်နဲ့ ဂိုးအောက်တွဲရွေးသင့်တယ်။

ရွေးချယ်မှု – စကော့တလန် / ဂိုးအောက်

သြစတြီးယား မော်လ်ဒိုဗာ

နေးရှင်းလိဂ်အုပ်စုဗိုလ် အကောင်းဆုံးအသင်းတစ် သင်းအဖြစ် ပလေးအော့ဖ်ကစားခွင့်ရထားပြီမို့ သြ စတြီးယားလည်းအမှတ်မလိုတော့ဘူး။ ဒါပေမဲ့ ဖွင့် လှစ်မှုက ၃+၆၀ဆိုပြီး ပြင်းရှနေဆဲပါ။ မော်လ်ဒိုဗာ က ခြေစစ်ပွဲ ၈ပွဲဆက်ရှုံးခဲ့ရာမှာ ၂၅ဂိုးပေးခဲ့တာပါ။ သြစတြီးယားခံစစ်ကလည်း သိပ်စိတ်မချရတာမို့ အပေါ်စုံရွေးတာ အကောင်းဆုံးပါပဲ။

ရွေးချယ်မှု – သြစတြီးယား / ဂိုးအပေါ်

အစ္စရေး ဖာရိုးကျွန်းစု

အစ္စရေးကတော့ အုပ်စုတတိယနေရာဆက်ထိန်း နိုင်ရင်တောင် ပလေးအော့ဖ်ကစားခွင့်မရတော့ပါ ဘူး။ အစ္စရေးဟာ ဒီတစ်ကြိမ်ခြေစစ်ပွဲမှာ ပွဲတိုင်း ဖွင့်ကစားပြီး ဂိုးအပေါ်အားသန်တဲ့အသင်းအဖြစ် နာမည်ကြီးခဲ့တာပါ။ ဇဟာဗီ၊ ဒက်ဘာ၊ ဘစ်တန် တို့ဦးဆောင်တဲ့တိုက်စစ်က ဂိုးမသွင်းနိုင်တာ ၂ပွဲ သာရှိခဲ့သလို ခံစစ်ကလည်း ၈ပွဲဂိုးပေးခဲ့ရပါတယ်။ ဖာရိုးကျွန်းစုကလည်း ၁ဂိုးသွင်းနိုင်အမြတ်ပဲဆိုပြီး ဖွင့်ကစားမှာမို့ ဂိုးအပေါ်အကြိုက်ဆုံးပါပဲ။

ရွေးချယ်မှု – ဂိုးအပေါ်

ဆန်မာရီနို အင်္ဂလန်

အင်္ဂလန်က တရားဝင်ခြေစစ်ပွဲအောင်ဖို့ ၁မှတ်ပဲလို ပါတော့တယ်။ ဆန်မာရီနိုက အင်္ဂလန်အတွက်ပြိုင် ဘက်မဟုတ်လို့ နိုင်မယ်ဆိုတာမြေကြီးလက်ခတ်မ လွဲပါပဲ။ ဒါပေမဲ့ ကြေးအောင်ဖို့ကတော့ ၆ဂိုးပြတ်ဖို့ လိုပါတယ်။ ဆန်မာရီနိုဂိုးသွင်းဖို့ဘယ်လိုမှမဖြစ်နိုင် ဘဲ အင်္ဂလန်တစ်သင်းတည်းသွင်းမှာမို့ ဂိုးအောက် စွန့်စာရွေးသင့်တယ်။

ရွေးချယ်မှု – ဂိုးအောက်

ပိုလန် ဟန်ဂေရီ

ဘောလုံးမှာဘာမဆိုဖြစ်နိုင်ပေမယ့် ပိုလန် တိုက် ရိုက်ခြေစစ်ပွဲအောင်ဖို့ဆိုတာကတော့ မဖြစ်နိုင်သ လောက်ပါပဲ။ ဒါကြောင့် အင်္ဂလန်ကို ဆန်မာရီနိုက နိုင်၊ ကိုယ်တိုင်က ဟန်ဂေရီကိုဂိုးပြတ်နိုင်ဆိုတဲ့ မ ဖြစ်နိုင်တာတွေကိုမတွေးဘဲ ပလေးအော့ဖ်အတွက် သာ ခုကတည်းကကြိုပြင်သင့်ပါတယ်။ ဟန်ဂေရီက လည်း ဂုဏ်သိက္ခာအတွက် ပိုလန်ကို အကောင်းဆုံး တုံ့ပြန်ကစားမှာပါ။ ဟန်ဂေရီ သရေရသွားရင် အံ့သြ စရာမရှိပါဘူး။

ရွေးချယ်မှု – ဟန်ဂေရီ

အယ်ဘေးနီးယား အန်ဒိုရာ

အင်္ဂလန်ကို ၅ဂိုးပြတ်ရှုံးခဲ့တဲ့အယ်ဘေးနီးယား သိက္ခာ ဆယ်ရမယ့်ပွဲပါ။ အယ်ဘေးနီးယားဟာ အင်္ဂလန်ကိုဂိုး အလှူပေးခဲ့ရပေမယ့် ကစားပုံအညံ့ကြီးမဟုတ်ပါဘူး။ အန်ဒိုရာက ဆန်မာရီနိုကို ၂ကျော့စလုံးနိုင်ခဲ့တာကလွဲ ရင် အထင်ကြီးစရာမရှိဘူး။ အယ်ဘေးနီးယား ဂိုးပြတ် နိုင်ပွဲရဖို့သေချာပါတယ်။

ရွေးချယ်မှု – အယ်ဘေးနီးယား

zawgyi

တနလၤာညကို ဥေရာပဇုန္ေျခစစ္ပြဲေတြနဲ႔ျဖတ္သန္းမယ္ (ေကာင္းပိုင္)

ေျမာက္အိုင္ယာလန္ အီတလီ

အမွတ္တူရင္ ဂိုးကြာျခားခ်က္နဲ႔ဆုံးျဖတ္မွာမို႔ အီတ လီအတြက္ ႏိုင္႐ုံနဲ႔မရပါဘူး။ ဆြစ္ဇာလန္ထက္ ဂိုး ကြာျခားခ်က္ ၂ဂိုးပဲသာတာမို႔ ဂိုးရသေလာက္သြင္း ႏိုင္ဖို႔လည္းလိုပါတယ္။ ဒါေၾကာင့္ လူစုံတက္စုံနဲ႔ ပြဲ စကတည္းက တင္ကစားရမွာပါ။ ေျမာက္အိုင္ယာ လန္က ခံစစ္မာေက်ာတာကလြဲရင္ အီတလီခံစစ္ ကိုဖိအားေပးႏိုင္တဲ့ တိုက္စစ္စုဖြဲ႕မႈမ်ိဳးပိုင္ဆိုင္ထား ျခင္းမရွိပါဘူး။ အီတလီအႏိုင္ ၂ဂိုးနဲ႔အထက္ရွိမွာပါ။

ေ႐ြးခ်ယ္မႈ – အီတလီ

ဆြစ္ဇာလန္ ဘူလ္ေဂးရီးယား

ဆြစ္ဇာလန္လည္း အီတလီလိုပါပဲ။ ဂိုးကြာျခားခ်က္ ၂ဂိုးနိမ့္ေနတာမို႔ ႏိုင္ဖို႔သာမက ဂိုးရသေလာက္သြင္း ဖို႔လည္းလိုပါတယ္။ ဒါေၾကာင့္လည္း ဆြစ္ဇာလန္ရဲ႕ ေဘာ္ဒီေဈးက ၃+၉၀ ဆိုၿပီး ျပင္းရွစြာဖြင့္လွစ္ထား တာပါ။ ဘူလ္ေဂးရီးယားက ၿပိဳင္ပြဲစုံေနာက္ဆုံး ၆ပြဲ မွာ ၁ပြဲသာရႈံးနိမ့္ခဲ့ေပမယ့္ အႏိုင္ရလိုစိတ္အျပည့္နဲ႔ ေပါက္ကြဲကစားမယ့္ဆြစ္ဇာလန္တိုက္စစ္ကို ေတာင့္ မခံႏိုင္ေလာက္ဘူး။ ဆြစ္ဇာလန္ပဲေ႐ြးရမွာပါ။

ေ႐ြးခ်ယ္မႈ – ဆြစ္ဇာလန္

စေကာ့တလန္ ဒိန္းမတ္

စေကာ့တလန္က ပေလးေအာ့ဖ္ကစားခြင့္ရထားၿပီး ဒိန္းမတ္ကလည္း ၿပီးခဲ့တဲ့လကတည္းက ေျခစစ္ပြဲ ေအာင္ထားတာမို႔ ၂သင္းစလုံးအမွတ္မလိုေတာ့ပါ ဘူး။ ဒါေပမဲ့ စေကာ့တလန္ကဂုဏ္သိကၡာအတြက္၊ ဒိန္းမတ္က ရာႏႈန္းျပည့္ႏိုင္ပြဲစံခ်ိန္အတြက္ တိုက္ပြဲ ဝင္ၾကဦးမွာပါ။ စေကာ့တလန္ေျခတက္ေနၿပီး ၅ပြဲ ဆက္ႏိုင္ခဲ့ရာမွာ ၁ပြဲသာဂိုးေပးခဲ့ရတာမို႔ ဒိန္းမတ္ ရဲ႕ရာႏႈန္းျပည့္ႏိုင္ပြဲစံခ်ိန္ ေရွ႕ဆက္ဖို႔မလြယ္ပါဘူး။ စေကာ့တလန္နဲ႔ ဂိုးေအာက္တြဲေ႐ြးသင့္တယ္။

ေ႐ြးခ်ယ္မႈ – စေကာ့တလန္ / ဂိုးေအာက္

ၾသစႀတီးယား ေမာ္လ္ဒိုဗာ

ေနးရွင္းလိဂ္အုပ္စုဗိုလ္ အေကာင္းဆုံးအသင္းတစ္ သင္းအျဖစ္ ပေလးေအာ့ဖ္ကစားခြင့္ရထားၿပီမို႔ ၾသ စႀတီးယားလည္းအမွတ္မလိုေတာ့ဘူး။ ဒါေပမဲ့ ဖြင့္ လွစ္မႈက ၃+၆၀ဆိုၿပီး ျပင္းရွေနဆဲပါ။ ေမာ္လ္ဒိုဗာ က ေျခစစ္ပြဲ ၈ပြဲဆက္ရႈံးခဲ့ရာမွာ ၂၅ဂိုးေပးခဲ့တာပါ။ ၾသစႀတီးယားခံစစ္ကလည္း သိပ္စိတ္မခ်ရတာမို႔ အေပၚစုံေ႐ြးတာ အေကာင္းဆုံးပါပဲ။

ေ႐ြးခ်ယ္မႈ – ၾသစႀတီးယား / ဂိုးအေပၚ

အစၥေရး ဖာ႐ိုးကြၽန္းစု

အစၥေရးကေတာ့ အုပ္စုတတိယေနရာဆက္ထိန္း ႏိုင္ရင္ေတာင္ ပေလးေအာ့ဖ္ကစားခြင့္မရေတာ့ပါ ဘူး။ အစၥေရးဟာ ဒီတစ္ႀကိမ္ေျခစစ္ပြဲမွာ ပြဲတိုင္း ဖြင့္ကစားၿပီး ဂိုးအေပၚအားသန္တဲ့အသင္းအျဖစ္ နာမည္ႀကီးခဲ့တာပါ။ ဇဟာဗီ၊ ဒက္ဘာ၊ ဘစ္တန္ တို႔ဦးေဆာင္တဲ့တိုက္စစ္က ဂိုးမသြင္းႏိုင္တာ ၂ပြဲ သာရွိခဲ့သလို ခံစစ္ကလည္း ၈ပြဲဂိုးေပးခဲ့ရပါတယ္။ ဖာ႐ိုးကြၽန္းစုကလည္း ၁ဂိုးသြင္းႏိုင္အျမတ္ပဲဆိုၿပီး ဖြင့္ကစားမွာမို႔ ဂိုးအေပၚအႀကိဳက္ဆုံးပါပဲ။

ေ႐ြးခ်ယ္မႈ – ဂိုးအေပၚ

ဆန္မာရီႏို အဂၤလန္

အဂၤလန္က တရားဝင္ေျခစစ္ပြဲေအာင္ဖို႔ ၁မွတ္ပဲလို ပါေတာ့တယ္။ ဆန္မာရီႏိုက အဂၤလန္အတြက္ၿပိဳင္ ဘက္မဟုတ္လို႔ ႏိုင္မယ္ဆိုတာေျမႀကီးလက္ခတ္မ လြဲပါပဲ။ ဒါေပမဲ့ ေၾကးေအာင္ဖို႔ကေတာ့ ၆ဂိုးျပတ္ဖို႔ လိုပါတယ္။ ဆန္မာရီႏိုဂိုးသြင္းဖို႔ဘယ္လိုမွမျဖစ္ႏိုင္ ဘဲ အဂၤလန္တစ္သင္းတည္းသြင္းမွာမို႔ ဂိုးေအာက္ စြန႔္စာေ႐ြးသင့္တယ္။ ေ႐ြးခ်ယ္မႈ – ဂိုးေအာက္

ပိုလန္ ဟန္ေဂရီ

ေဘာလုံးမွာဘာမဆိုျဖစ္ႏိုင္ေပမယ့္ ပိုလန္ တိုက္ ႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ဆိုတာကေတာ့ မျဖစ္ႏိုင္သ ေလာက္ပါပဲ။ ဒါေၾကာင့္ အဂၤလန္ကို ဆန္မာရီႏိုက ႏိုင္၊ ကိုယ္တိုင္က ဟန္ေဂရီကိုဂိုးျပတ္ႏိုင္ဆိုတဲ့ မ ျဖစ္ႏိုင္တာေတြကိုမေတြးဘဲ ပေလးေအာ့ဖ္အတြက္ သာ ခုကတည္းကႀကိဳျပင္သင့္ပါတယ္။ ဟန္ေဂရီက လည္း ဂုဏ္သိကၡာအတြက္ ပိုလန္ကို အေကာင္းဆုံး တုံ႔ျပန္ကစားမွာပါ။ ဟန္ေဂရီ သေရရသြားရင္ အံ့ၾသ စရာမရွိပါဘူး။

ေ႐ြးခ်ယ္မႈ – ဟန္ေဂရီ

အယ္ေဘးနီးယား အန္ဒိုရာ

အဂၤလန္ကို ၅ဂိုးျပတ္ရႈံးခဲ့တဲ့အယ္ေဘးနီးယား သိကၡာ ဆယ္ရမယ့္ပြဲပါ။ အယ္ေဘးနီးယားဟာ အဂၤလန္ကိုဂိုး အလႉေပးခဲ့ရေပမယ့္ ကစားပုံအညံ့ႀကီးမဟုတ္ပါဘူး။ အန္ဒိုရာက ဆန္မာရီႏိုကို ၂ေက်ာ့စလုံးႏိုင္ခဲ့တာကလြဲ ရင္ အထင္ႀကီးစရာမရွိဘူး။ အယ္ေဘးနီးယား ဂိုးျပတ္ ႏိုင္ပြဲရဖို႔ေသခ်ာပါတယ္။ ေ႐ြးခ်ယ္မႈ – အယ္ေဘးနီးယား