တန်ဟက်ဂ်က မားကပ်ရက်ဖိုဒ့် အပါအဝင် သူသဘောကျတဲ့ ကစားသမားတွေကို ရောင်းမထုတ်ဖို့ ယူနိုက်တက် ကို စာရင်းပို့ တောင်းဆိုထား

မကြာသေးခင်ရက်ပိုင်းက ယူနိုက်တက်ဘုတ်အဖွဲ့နဲ့ နောက်ဆုံးအဆင့်

ဆွေးနွေးမှုတွေလုပ်ထားတဲ့ တန်ဟက်ဂ်ရဲ့ ဆွေးနွေးမှုတွေထဲကမှ

အသင်းရဲ့ကစားသမားတွေနဲ့ပတ်သက်လို့

သူ့ရဲ့သဘောထားမှတ်ချက်အချို့ဟာ

မီဒီယာတွေဆီကိုပေါက်ကြားလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးလည်းဖြစ်သလို

အသင်းမှာလည်းခြေစွမ်းပြနိုင်ခဲ့သူဖြစ်ခဲ့ပေမယ့်

အခုအချိန်မှာတော့ ခြေစွမ်းကျဆင်းနေပြီး စိတ်ဓါတ်ကျနေပြီး

အသင်းပြောင်းဖို့တောင်စဉ်းစားနေတဲ့

ပရဟိတမင်းသားလေး မားကပ်ရက်ဖိုဒ့် အတွက်တော့

တန်ဟက်ဂ်ရဲ့ ဘုတ်အဖွဲ့ဆီ တောင်းဆိုလိုက်တဲ့ စကားဟာ

သူ့အတွက်အားတက်စေမှာဖြစ်သလို သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ

ဆက်လက်ရှင်သန်နေအုံးတော့မှာလည်းဖြစ်ပါတယ်။

ယာယီနည်းပြ ရန်းနစ်လက်ထက်မှာ ဦးစားပေး ပွဲထွက်ကစားသမားအဆင့်ကနေ

လျှောကျနေပြီဖြစ်တဲ့ ရက်ဖိုဒ့် အနေနဲ့လည်း လူငယ်ကစားသမားတွေကို

မြေတောင်မြှောက်ပေးနိုင်တဲ့ တန်ဟက်ဂ် လက်ထက်မှာ

ပြန်လည်တောက်ပလာနိုင်အုံးမလားဆိုတာ

ယူနိုက်တက်ပရိသတ်တွေ စိတ်ဝင်စားနေပါတယ်။

တန်ဟက်ဂ် နဲ့ ယူနိုက်တက်တို့ရဲ့ သတင်းတွေက အတည်ပြုမှု

အတိအကျမဖြစ်သေးပေမယ့် ပေါက်ကြားလာတဲ့ သတင်းတွေရဲ့အဆိုအရတော့

တန်ဟက်ဂ်နဲ့ ယူနိုက်တက်တို့ဟာ (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုဖို့

ဆွေးနွေးနေတာဟာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ဆိုထားပါတယ်။

ရက်ဖိုဒ့် နဲ့ပတ်သက်လို့ ယူနိုက်တက် ဂန္တဝင်ကစားသမား ရွန်းနီကလည်း

အသင်းမှာဆက်ရှိနေပြီး သူ့ရဲ့စံချိန်ကိုချိုးဖို့ မကြာသေးခင်ကမှ ဆူပြော..

ပြောထားခဲ့သလို တန်ဟတ်ကလည်း ရက်ဖိုဒ့် အတွက် အထူး အစီအစဉ် ရှိနေတယ်လို့

ဘုတ်အဖွဲ့ကိုပြောကြားခဲ့တယ်ဆိုပြီး ယူနိုက်တက်အသင်းရဲ့ ဝန်ထမ်းတွေဆီကကြားသိရတဲ့

သတင်းတွေကနေ ဖော်ပြထားကြပါတယ်။

ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ခဲ့ကြပေမယ့်

နေရာမရဘဲ အရံခုံမှာ အချိန်ကုန်ခဲ့တဲ့ ဗန်ဒီဘိခ်ကလည်း တန်းဟတ်သာ

ယူနိုက်တက်ဆီရောက်လာခဲ့ရင် သူ့ရဲ့ ပျောက်ဆုံးခဲ့တဲ့ အရည်အသွေးတွေကို

ပြန်လည် အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အေဂျက်မှာ အတွဲညီခဲ့တဲ့ ဆရာတပည့်နှစ်ယောက် ယူနိုက်တက်မှာ

ပြန်လည် အတွဲညီနိုင်မယ်လို့လည်း မျှော်လင့်ရသလို

တန်ဟတ်ကလည်း ဗန်ဒီဘိခ်ကို မရောင်းထုတ်ဖို့

ဘုတ်အဖွဲ့နဲ့ နားလည်မှုရယူထားတယ်လို့လည်း သိရပါတယ်။

နောက်ထက်တစ်ယောက်ကတော့ လာမယ့်ရာသီမှာ

ယူနိုက်တက်ရဲ့စီနီယာအသင်းမှာ ပြန်လည်ပွဲထွက်ခွင့်ရနိုင်မယ်လို့

သတင်းတွေထွက်နေတဲ့ နော့တင်ဟမ်ဖောရက်မှာ ခြေစွမ်းပြနေတဲ့

ဂျိမ်းဂါနာဖြစ်ပြီး တန်ဟက်ဂ်ရဲ့ စောင့်ကြည့်ရေးအဖွဲ့က

မှတ်ချက်ကောင်းတွေရရှိထားပါတယ်။

ဂျိမ်းဂါနာဟာ ယူနိုက်တက်မှာ ကာလရှည်စာချုပ်ချုပ်ဆိုထားပေမယ့်

အသင်းငယ်တွေမှာပဲ အငှားနဲ့ ကစားနေရတာကြောင့်

အသင်းကနေထွက်မယ်လို့ သတင်းတွေထွက်နေသူလည်းဖြစ်ပါတယ်။

zawgyi

တန္ဟက္ဂ္က မားကပ္ရက္ဖိုဒ့္ အပါအဝင္ သူသေဘာက်တဲ့ ကစားသမားေတြကို

ေရာင္းမထုတ္ဖို႔ ယူႏိုက္တက္ ကို စာရင္းပို႕ ေတာင္းဆိုထား

မၾကာေသးခင္ရက္ပိုင္းက ယူႏိုက္တက္ဘုတ္အဖြဲ႕နဲ႔ ေနာက္ဆုံးအဆင့္

ေဆြးေႏြးမႈေတြလုပ္ထားတဲ့ တန္ဟက္ဂ္ရဲ႕ ေဆြးေႏြးမႈေတြထဲကမွ

အသင္းရဲ႕ကစားသမားေတြနဲ႔ပတ္သက္လို႔

သူ႔ရဲ႕သေဘာထားမွတ္ခ်က္အခ်ိဳ႕ဟာ

မီဒီယာေတြဆီကိုေပါက္ၾကားလာခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားတစ္ဦးလည္းျဖစ္သလို

အသင္းမွာလည္းေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ခဲ့ေပမယ့္

အခုအခ်ိန္မွာေတာ့ ေျခစြမ္းက်ဆင္းေနၿပီး စိတ္ဓါတ္က်ေနၿပီး

အသင္းေျပာင္းဖို႔ေတာင္စဥ္းစားေနတဲ့

ပရဟိတမင္းသားေလး မားကပ္ရက္ဖိုဒ့္ အတြက္ေတာ့

တန္ဟက္ဂ္ရဲ႕ ဘုတ္အဖြဲ႕ဆီ ေတာင္းဆိုလိုက္တဲ့ စကားဟာ

သူ႔အတြက္အားတက္ေစမွာျဖစ္သလို သူ႔ရဲ႕ ယူႏိုက္တက္ကစားသမားဘဝ

ဆက္လက္ရွင္သန္ေနအုံးေတာ့မွာလည္းျဖစ္ပါတယ္။

ယာယီနည္းျပ ရန္းနစ္လက္ထက္မွာ ဦးစားေပး ပြဲထြက္ကစားသမားအဆင့္ကေန

ေလွ်ာက်ေနၿပီျဖစ္တဲ့ ရက္ဖိုဒ့္ အေနနဲ႔လည္း လူငယ္ကစားသမားေတြကို

ေျမေတာင္ေျမႇာက္ေပးႏိုင္တဲ့ တန္ဟက္ဂ္ လက္ထက္မွာ

ျပန္လည္ေတာက္ပလာႏိုင္အုံးမလားဆိုတာ

ယူႏိုက္တက္ပရိသတ္ေတြ စိတ္ဝင္စားေနပါတယ္။

တန္ဟက္ဂ္ နဲ႔ ယူႏိုက္တက္တို႔ရဲ႕ သတင္းေတြက အတည္ျပဳမႈ

အတိအက်မျဖစ္ေသးေပမယ့္ ေပါက္ၾကားလာတဲ့ သတင္းေတြရဲ႕အဆိုအရေတာ့

တန္ဟက္ဂ္နဲ႔ ယူႏိုက္တက္တို႔ဟာ (၃)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုဖို႔

ေဆြးေႏြးေနတာဟာ ေနာက္ဆုံးအဆင့္ကိုေရာက္ရွိေနၿပီလို႔ဆိုထားပါတယ္။

ရက္ဖိုဒ့္ နဲ႔ပတ္သက္လို႔ ယူႏိုက္တက္ ဂႏၲဝင္ကစားသမား ႐ြန္းနီကလည္း

အသင္းမွာဆက္ရွိေနၿပီး သူ႔ရဲ႕စံခ်ိန္ကိုခ်ိဳးဖို႔ မၾကာေသးခင္ကမွ ဆူေျပာ..

ေျပာထားခဲ့သလို တန္ဟတ္ကလည္း ရက္ဖိုဒ့္ အတြက္ အထူး အစီအစဥ္ ရွိေနတယ္လို႔

ဘုတ္အဖြဲ႕ကိုေျပာၾကားခဲ့တယ္ဆိုၿပီး ယူႏိုက္တက္အသင္းရဲ႕ ဝန္ထမ္းေတြဆီကၾကားသိရတဲ့

သတင္းေတြကေန ေဖာ္ျပထားၾကပါတယ္။

ဆိုးလ္ရွားလက္ထက္မွာ ယူႏိုက္တက္ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္

ေနရာမရဘဲ အရံခုံမွာ အခ်ိန္ကုန္ခဲ့တဲ့ ဗန္ဒီဘိခ္ကလည္း တန္းဟတ္သာ

ယူႏိုက္တက္ဆီေရာက္လာခဲ့ရင္ သူ႔ရဲ႕ ေပ်ာက္ဆုံးခဲ့တဲ့ အရည္အေသြးေတြကို

ျပန္လည္ အသုံးခ်ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ေအဂ်က္မွာ အတြဲညီခဲ့တဲ့ ဆရာတပည့္ႏွစ္ေယာက္ ယူႏိုက္တက္မွာ

ျပန္လည္ အတြဲညီႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ရသလို

တန္ဟတ္ကလည္း ဗန္ဒီဘိခ္ကို မေရာင္းထုတ္ဖို႔

ဘုတ္အဖြဲ႕နဲ႔ နားလည္မႈရယူထားတယ္လို႔လည္း သိရပါတယ္။

ေနာက္ထက္တစ္ေယာက္ကေတာ့ လာမယ့္ရာသီမွာ

ယူႏိုက္တက္ရဲ႕စီနီယာအသင္းမွာ ျပန္လည္ပြဲထြက္ခြင့္ရႏိုင္မယ္လို႔

သတင္းေတြထြက္ေနတဲ့ ေနာ့တင္ဟမ္ေဖာရက္မွာ ေျခစြမ္းျပေနတဲ့

ဂ်ိမ္းဂါနာျဖစ္ၿပီး တန္ဟက္ဂ္ရဲ႕ ေစာင့္ၾကည့္ေရးအဖြဲ႕က

မွတ္ခ်က္ေကာင္းေတြရရွိထားပါတယ္။

ဂ်ိမ္းဂါနာဟာ ယူႏိုက္တက္မွာ ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္

အသင္းငယ္ေတြမွာပဲ အငွားနဲ႔ ကစားေနရတာေၾကာင့္

အသင္းကေနထြက္မယ္လို႔ သတင္းေတြထြက္ေနသူလည္းျဖစ္ပါတယ္။