တန်းဆင်းဇုန်နားက ရုန်းထွက်နိုင်ဖို့ ဘောက်ဆင်ဒေးမှာ ချဲလ်ဆီးကိုအနိုင်ကန်ရမယ်လို့ အာတီတာ ဝန်ခံပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းနည်းပြ အာတီတာက မိမိတို့အသင်းဟာ တန်းဆင်းဇုန်တိုက်ပွဲဆင်နွှဲနေရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အာတီတာဟာ ပွဲကျပ်ကာလမှာ အမှတ်မယူနိုင်ရင် အထုတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာတော့ အာဆင်နယ်ဟာ တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။

ဒီညနေမှာတော့ အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီး နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက်မှာတော့ ဘရိုက်တန် ၊ ဝက်စ်ဘရွန်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“လာမယ့် ၇ ရက် ၈ ရက်က ကျွန်တော်တို့အတွက် ခက်ခဲနိုင်ပါတယ်။ တကယ့်ကို ခက်ခဲတဲ့ရက်သတ္တပတ်ကို ကျော်ဖြတ်ရမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာက သူ့ရဲ့အသင်းဟာ တန်ဆင်းဇုန်တိုက်ပွဲဆင်နွှဲနေရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ၁၉၁၉ ခုနှစ် First Division ကနေပြောင်းလဲပြီးနောက် ထိပ်တန်းလိဂ်မှာ ၁၀၁ ကြာကစားနေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ တန်းဆင်းဇုန်နဲ့ တော်တော်လေးနီးကပ်နေပြီး တန်းဆင်းရဖို့နီးစပ်နေတယ်လို့တောင် ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။

ဝက်စ်ဘရွန်းအသင်းနည်းပြသစ် ဆမ်အလာဒိုက်ကတောင် အာတီတာကို တန်းဆင်းဇုန်တိုက်ပွဲက ပြင်းထန်မယ်လို့ သတိပေးခဲ့ပါတယ်။ “ကွှန်တော်တို့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ကစားသမားတွေကို ကာကွယ်ပေးဖို့ ကျွန်တော့်မှာတာဝန်ရှိပါတယ်။

အမှားတွေရှိနေပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကြိူးစားနေပါတယ်။ နောက်ဆုံးနေ့အထိ သူတို့ဘက်က ရပ်တည်ပေးမှာပါ။

လက်ရှိအခြေအနေကိုလက်ခံပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ပြန်လာနိုင်အောင် လုပ်ဆောင်သွားမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းက ကြံ့ခိုင်မှုအခြေအနေမသေချာသေးတာကြောင့် ချဲလ်ဆီးနဲ့ပွဲကို လွဲချော်ဖို့များနေပေမယ့် အာတီတာက ချဲလ်ဆီးနဲ့ပွဲအမီပြန်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တန္းဆင္းဇုန္နားက ရုန္းထြက္ႏိုင္ဖို႔ ေဘာက္ဆင္ေဒးမွာ ခ်ဲလ္ဆီးကိုအႏုိင္ကန္ရမယ္လို႔ အာတီတာ ၀န္ခံေျပာၾကား

အာဆင္နယ္အသင္းနည္းျပ အာတီတာက မိမိတို႔အသင္းဟာ တန္းဆင္းဇုန္တိုက္ပြဲဆင္ႏႊဲေနရတယ္လို႔ ၀န္ခံေျပာၾကားလိုက္ပါတယ္။ အာတီတာဟာ ပြဲက်ပ္ကာလမွာ အမွတ္မယူႏိုင္ရင္ အထုတ္ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ လက္ရွိအမွတ္ေပးဇယားမွာေတာ့ အာဆင္နယ္ဟာ တန္းဆင္းဇုန္နဲ႔ ၄ မွတ္အကြာ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနပါတယ္။

ဒီညေနမွာေတာ့ အာဆင္နယ္ဟာ လန္ဒန္ျမိဳ႕ခံျပိဳင္ဘက္ ခ်ဲလ္ဆီး နဲ႔ရင္ဆိုင္ရမွာျဖစ္ျပီး အဲ့ေနာက္မွာေတာ့ ဘရိုက္တန္ ၊ ၀က္စ္ဘရြန္းတို႔နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။ “လာမယ့္ ၇ ရက္ ၈ ရက္က ကြ်န္ေတာ္တို႔အတြက္ ခက္ခဲႏိုင္ပါတယ္။ တကယ့္ကို ခက္ခဲတဲ့ရက္သတၱပတ္ကို ေက်ာ္ျဖတ္ရမွာပါ”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

အာတီတာက သူ႕ရဲ႕အသင္းဟာ တန္ဆင္းဇုန္တိုက္ပြဲဆင္ႏႊဲေနရတယ္လုိ႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္ဟာ ၁၉၁၉ ခုႏွစ္ First Division ကေနေျပာင္းလဲျပီးေနာက္ ထိပ္တန္းလိဂ္မွာ ၁၀၁ ၾကာကစားေနခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ အာဆင္နယ္ဟာ တန္းဆင္းဇုန္နဲ႔ ေတာ္ေတာ္ေလးနီးကပ္ေနျပီး တန္းဆင္းရဖို႔နီးစပ္ေနတယ္လို႔ေတာင္ ခန္႔မွန္းခ်က္ေတြထြက္ေပၚေနပါတယ္။

၀က္စ္ဘရြန္းအသင္းနည္းျပသစ္ ဆမ္အလာဒိုက္ကေတာင္ အာတီတာကို တန္းဆင္းဇုန္တိုက္ပြဲက ျပင္းထန္မယ္လို႔ သတိေပးခဲ့ပါတယ္။“ကြွန္ေတာ္တို႔ လက္ရွိအေျခအေနကို ေျပာင္းလဲဖို႔ လိုအပ္ပါတယ္။ ကြ်န္ေတာ့္ကစားသမားေတြကို ကာကြယ္ေပးဖို႔ ကြ်န္ေတာ့္မွာတာ၀န္ရွိပါတယ္။

အမွားေတြရွိေနေပမယ့္ ကြ်န္ေတာ္တို႔ အေကာင္းဆံုးၾကိဴးစားေနပါတယ္။ ေနာက္ဆံုးေန႔အထိ သူတို႔ဘက္က ရပ္တည္ေပးမွာပါ။ လက္ရွိအေျခအေနကိုလက္ခံျပီးသားပါ။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ျပန္လာႏိုင္ေအာင္ လုပ္ေဆာင္သြားမွာပါ”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းက ၾကံ့ခိုင္မႈအေျခအေနမေသခ်ာေသးတာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ဖို႔မ်ားေနေပမယ့္ အာတီတာက ခ်ဲလ္ဆီးနဲ႔ပြဲအမီျပန္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။