တပည့်ကျော်ဟောင်းရဲ့မှတ်ချက်ကို ထိထိမိမိပြန်လည်တုံ့ပြန်သွားတဲ့ မော်ရင်ညို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုဟာ သူတို့အသင်းကို ပြောင်းမယ့်အစား အနားပဲယူလိုက်မယ်လို့ ပြောကြားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ရဲ့မှတ်ချက်ကို ထိထိမိမိနဲ့ ပြန်လည်တုံ့ပြန်သွားပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်ဟာ ယခုလအတွင်း အသင်းပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

ရီးရဲလ်ကြယ်ပွင့်ဟောင်း အိုဇေးလ်ဟာ မတ်လကတည်းက အာဆင်နယ်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာမှန်ပေမယ့် အပြင်းထန်ဆုံး လန်ဒန်မြောက်ပိုင်းဒါဘီပွဲတွေ အများအပြားကစားခဲ့ဖူးပြီး အာဆင်နယ်ပရိသတ်တွေအတွက် ဘယ်လောက်အထိအရေးပါလဲဆိုတာ သိနားလည်ထားပါတယ်။

တနင်္လာနေ့ညက တွစ်တာကနေ ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ ပရိသတ်တစ်ဦးက ကစားသမားဘဝကနေ အနားယူဖို့နဲ့ စပါးကို ပြောင်းရွှေ့ဖို့ ၂ခုထဲက တစ်ခုကို မဖြစ်မနေရွေးချယ်ရမယ်ဆိုရင် ဘယ်ဟာရွေးမလဲလို့မေးတဲ့အခါ အိုဇေးလ်က ”သိပ်လွယ်တဲ့မေးခွန်းပဲ။ အနားပဲယူလိုက်မှာပေါ့”လို့ ပြန်ဖြေခဲ့ပါတယ်။

ယနေ့ညကစားရမယ့် ဖူလ်ဟမ်နဲ့ပွဲကျန်အတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ညိုက အိုဇေးလ်ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ”သူ့ကို စပါးက ခေါ်ယူချင်တယ်လို့ ဘယ်သူကများ သွားပြောလိုက်တာလဲ”လို့ တုံ့ပြန်သွားပါတယ်။

စပါးဟာ အက်စတွန်ဗီလာအသင်းမှာ ကိုရိုနာဗိုင်းရပ်စ် Outbreak ဖြစ်ပွားမှုကြောင့် သူတို့နဲ့ကစားရမယ့်ပွဲ ရွှေ့ဆိုင်းလိုက်ရပြီးနောက် ဖူလ်ဟမ်နဲ့ပွဲကို အစားထိုးကစားရမှာဖြစ်ပြီး ဖူလ်ဟမ်က ပွဲကစားဖို့ ၄၈ နာရီအလိုကျမှ အကြောင်းကြားစာပေးပို့လို့ စိတ်ပျက်ပေမယ့် မော်ရင်ညိုကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောပါတယ်။


”အကြီးမားဆုံးသက်ရောက်မှုကတော့ ပွဲတွေရွှေ့ဆိုင်းနေရတာပါပဲ။ ဒီဖြေရှင်းနည်းကို အပေါင်းလက္ခဏာဆောင်တဲ့ဖြေရှင်းမှုအဖြစ် ကျွန်တော်တို့ လက်သင့်ခံရမယ်လို့ ထင်ပါတယ်”လို့ မော်ရင်ညိုက ပြောပါတယ်။

ဒါ့အပြင် မော်ရင်ညိုက ဗလန်စီယာအသင်းကို ကွင်းလယ်လူ ဟယ်ရီဝင့်ခ် အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချသွားခဲ့ပြီး အဆိုပါအင်္ဂလန်လက်ရွေးစင်အနေနဲ့ ဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာမဟုတ်ကြောင်း အခိုင်အမာပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တပည့္ေက်ာ္ေဟာင္းရဲ႕မွတ္ခ်က္ကို ထိထိမိမိျပန္လည္တုံ႔ျပန္သြားတဲ့ ေမာ္ရင္ညိဳ

စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳဟာ သူတုိ႔အသင္းကို ေျပာင္းမယ့္အစား အနားပဲယူလုိက္မယ္လုိ႔ ေျပာၾကားခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူ အိုေဇးလ္ရဲ႕မွတ္ခ်က္ကို ထိထိမိမိနဲ႔ ျပန္လည္တုံ႔ျပန္သြားပါတယ္။ ဂ်ာမနီလက္ေရြးစင္ေဟာင္း အိုေဇးလ္ဟာ ယခုလအတြင္း အသင္းေျပာင္းေရႊ႕ဖုိ႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚေနၿပီး လာမယ့္ရက္ပိုင္းအတြင္း တူရကီကလပ္ ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိေနပါတယ္။ ရီးရဲလ္ၾကယ္ပြင့္ေဟာင္း အိုေဇးလ္ဟာ မတ္လကတည္းက အာဆင္နယ္မွာ ပဲြထြက္ခြင့္ေပ်ာက္ဆုံးေနတာမွန္ေပမယ့္ အျပင္းထန္ဆုံး လန္ဒန္ေျမာက္ပုိင္းဒါဘီပြဲေတြ အမ်ားအျပားကစားခဲ့ဖူးၿပီး အာဆင္နယ္ပရိသတ္ေတြအတြက္ ဘယ္ေလာက္အထိအေရးပါလဲဆုိတာ သိနားလည္ထားပါတယ္။

တနလၤာေန႔ညက တြစ္တာကေန ျပဳလုပ္တဲ့ အေမးအေျဖက႑မွာ ပရိသတ္တစ္ဦးက ကစားသမားဘ၀ကေန အနားယူဖို႔နဲ႔ စပါးကို ေျပာင္းေရႊ႕ဖုိ႔ ၂ခုထဲက တစ္ခုကို မျဖစ္မေနေရြးခ်ယ္ရမယ္ဆုိရင္ ဘယ္ဟာေရြးမလဲလုိ႔ေမးတဲ့အခါ အိုေဇးလ္က ”သိပ္လြယ္တ့ဲေမးခြန္းပဲ။ အနားပဲယူလုိက္မွာေပါ့”လုိ႔ ျပန္ေျဖခဲ့ပါတယ္။ ယေန႔ညကစားရမယ့္ ဖူလ္ဟမ္နဲ႔ပြဲက်န္အတြက္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေမာ္ရင္ညိဳက အိုေဇးလ္ရဲ႕မွတ္ခ်က္နဲ႔ပတ္သက္လုိ႔ သတင္းေထာက္ေတြရဲ႕ေမးျမန္းမႈကို ”သူ႕ကို စပါးက ေခၚယူခ်င္တယ္လုိ႔ ဘယ္သူကမ်ား သြားေျပာလုိက္တာလဲ”လုိ႔ တုံ႔ျပန္သြားပါတယ္။

စပါးဟာ အက္စတြန္ဗီလာအသင္းမွာ ကို႐ိုနာဗုိင္းရပ္စ္ Outbreak ျဖစ္ပြားမႈေၾကာင့္ သူတုိ႔နဲ႔ကစားရမယ့္ပြဲ ေရႊ႕ဆုိင္းလုိက္ရၿပီးေနာက္ ဖူလ္ဟမ္နဲ႔ပြဲကို အစားထိုးကစားရမွာျဖစ္ၿပီး ဖူလ္ဟမ္က ပြဲကစားဖို႔ ၄၈ နာရီအလိုက်မွ အေၾကာင္းၾကားစာေပးပို႔လုိ႔ စိတ္ပ်က္ေပမယ့္ ေမာ္ရင္ညိဳကေတာ့ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း ေျပာပါတယ္။ ”အႀကီးမားဆုံးသက္ေရာက္မႈကေတာ့ ပဲြေတြေရႊ႕ဆုိင္းေနရတာပါပဲ။ ဒီေျဖရွင္းနည္းကို အေပါင္းလကၡဏာေဆာင္တဲ့ေျဖရွင္းမႈအျဖစ္ ကၽြန္ေတာ္တို႔ လက္သင့္ခံရမယ္လုိ႔ ထင္ပါတယ္”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။

ဒါ့အျပင္ ေမာ္ရင္ညိဳက ဗလန္စီယာအသင္းကို ကြင္းလယ္လူ ဟယ္ရီ၀င့္ခ္ အသင္းေျပာင္းေရႊ႕ဖြယ္ရွိေနတယ္ဆိုတဲ့သတင္းေတြကို ပယ္ခ်သြားခဲ့ၿပီး အဆုိပါအဂၤလန္လက္ေရြးစင္အေနနဲ႔ ဘယ္အသင္းကိုမွ ေျပာင္းေရႊ႕မွာမဟုတ္ေၾကာင္း အခုိင္အမာေျပာပါတယ္။