တပည့်ဟောင်း လင်ဂတ်ကို အငှားနဲ့ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ်အသင်းဟာ ယူနိုက်တက်စတား ဂျက်ဆီလင်ဂတ်ကို ရှက်ဖီးလ် ၊ဝက်စ်ဟမ်းနဲ့အပြိုင် အငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။
သတင်းတွေအရ လင်ဂတ်ကို ပရီးမီးယားလိဂ်ကလပ်အသင်း ၃ သင်းအပြင် ပြင်သစ်ကလပ် နိုက်စ် နဲ့ ပေါ်တိုတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။


ဒါပေမဲ့ လင်ဂတ်ဟာ ယခင်ဆရာဟောင်းဖြစ်သူ မော်ရင်ဟိုနဲ့သာ တော့တင်ဟမ်အသင်းမှာ ပြန်လည်ပေါင်းဆုံဖို့များနေပါတယ်။

မော်ရင်ဟို နဲ့ လင်ဂတ်တို့ဟာ ၂၀၁၇ ခုနှစ်တုန်းက ယူနိုက်တက်မှာ လိဂ်ဖလား နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး တစ်ရာစီအတွင်း အသင်းအတွက် ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။


၂၀၂၀ – ၂၁ မှာ လင်ဂတ်ဟာ ယူနိုက်တက်အတွက် ၃ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့ပြီး အဆိုပါ ၃ ပွဲစလုံးဟာ လိဂ်ဖလားပွဲတွေမှာသာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပေမယ့် ဆိုးလ်ရှားက လင်ဂတ်ကိုအသင်းမှာဆက်ထိန်းချင်နေပါတယ်။
ယူနိုက်တက်ဟာ ဖေဖော်ဝါရီမှာ ယူရိုပါလိဂ်ကစားရမှာဖြစ်တာကြောင့် ဆိုးလ်ရှားက ပွဲကျပ်ကာလမှာ လူအင်အားတောင့်တင်းဖို့ လင်ဂတ်ကို ဆက်ထိန်းချင်နေပါတယ်။


ယူနိုက်တက်အတွက် လင်ဂတ်ရဲ့စာချုပ်ထဲမှာ အလိုအလျောက်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာကြောင့် အားသာချက်ရှိနေပါတယ်။
ဝက်စ်ဟမ်းကိုပြောင်းမယ်ဆိုရင်လည်း လင်ဂတ်ဟာ ဆရာဟောင်းဖြစ်သူ မိုယက်ချ်နဲ့ ပြန်လည်ပေါင်းဆုံမှာဖြစ်ပါတယ်။


ရှက်ဖီးလ်ယူနိုက်တက်ကိုပြောင်းမယ်ဆိုရင်တော့ လင်ဂတ်တစ်ယောက် တန်းဆင်းဇုန်တိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲရဖွယ်ရှိနေပါတယ်။
ဒါပေမဲ့ လင်ဂတ်ဟာ လာမယ့်တနင်္ဂနွေနေ့ လီဗာပူးအသင်းနဲ့ပွဲမှာတော့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
တပည့္ေဟာင္း လင္ဂတ္ကို အငွားနဲ႔ျပန္လည္ေခၚယူဖို႔ စိတ္၀င္စားလာတဲ့ ေမာ္ရင္ဟို

=================
ေတာ့တင္ဟမ္အသင္းဟာ ယူႏုိက္တက္စတား ဂ်က္ဆီလင္ဂတ္ကို ရွက္ဖီးလ္ ၊၀က္စ္ဟမ္းနဲ႔အျပိဳင္ အငွားနဲ႔ေခၚယူဖို႔ ျပင္ဆင္လာတယ္လုိ႔ သိရပါတယ္။
သတင္းေတြအရ လင္ဂတ္ကို ပရီးမီးယားလိဂ္ကလပ္အသင္း ၃ သင္းအျပင္ ျပင္သစ္ကလပ္ ႏိုက္စ္ နဲ႔ ေပၚတိုတို႔ကလည္း ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။
ဒါေပမဲ့ လင္ဂတ္ဟာ ယခင္ဆရာေဟာင္းျဖစ္သူ ေမာ္ရင္ဟိုနဲ႔သာ ေတာ့တင္ဟမ္အသင္းမွာ ျပန္လည္ေပါင္းဆံုဖို႔မ်ားေနပါတယ္။
ေမာ္ရင္ဟို နဲ႔ လင္ဂတ္တို႔ဟာ ၂၀၁၇ ခုႏွစ္တုန္းက ယူႏုိက္တက္မွာ လိဂ္ဖလား နဲ႔ ယူရုိပါလိဂ္ဖလားတို႔ကို ရယူႏုိင္ခဲ့ျပီး တစ္ရာစီအတြင္း အသင္းအတြက္ ၁၃ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၂၀ – ၂၁ မွာ လင္ဂတ္ဟာ ယူႏုိက္တက္အတြက္ ၃ ပြဲသာပါ၀င္ကစားခြင့္ရရွိခဲ့ျပီး အဆုိပါ ၃ ပြဲစလံုးဟာ လိဂ္ဖလားပြဲေတြမွာသာ ပါ၀င္ကစားခြင့္ရခဲ့တာျဖစ္ေပမယ့္ ဆိုးလ္ရွားက လင္ဂတ္ကိုအသင္းမွာဆက္ထိန္းခ်င္ေနပါတယ္။
ယူႏိုက္တက္ဟာ ေဖေဖာ္၀ါရီမွာ ယူရုိပါလိဂ္ကစားရမွာျဖစ္တာေၾကာင့္ ဆိုးလ္ရွားက ပြဲက်ပ္ကာလမွာ လူအင္အားေတာင့္တင္းဖို႔ လင္ဂတ္ကို ဆက္ထိန္းခ်င္ေနပါတယ္။
ယူႏုိက္တက္အတြက္ လင္ဂတ္ရဲ႕စာခ်ဳပ္ထဲမွာ အလိုအေလ်ာက္တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိေနတာေၾကာင့္ အားသာခ်က္ရွိေနပါတယ္။
၀က္စ္ဟမ္းကိုေျပာင္းမယ္ဆိုရင္လည္း လင္ဂတ္ဟာ ဆရာေဟာင္းျဖစ္သူ မိုယက္ခ်္နဲ႔ ျပန္လည္ေပါင္းဆံုမွာျဖစ္ပါတယ္။
ရွက္ဖီးလ္ယူႏိုက္တက္ကိုေျပာင္းမယ္ဆိုရင္ေတာ့ လင္ဂတ္တစ္ေယာက္ တန္းဆင္းဇုန္တိုက္ပြဲမွာ ၀င္ေရာက္ဆင္ႏႊဲရဖြယ္ရွိေနပါတယ္။

ဒါေပမဲ့ လင္ဂတ္ဟာ လာမယ့္တနဂၤေႏြေန႔ လီဗာပူးအသင္းနဲ႔ပြဲမွာေတာ့ အသင္းလူစာရင္းမွာ ျပန္လည္ပါ၀င္လာဖြယ္ရွိေနတာျဖစ္ပါတယ္။