
အာဆင်နယ်စတားအက်ဒီနကီတာဟာအဲဗာတန်အားရှုံးနိမ့်တဲ့ပွဲစဉ်တွင်
တစ်ကိုက်အကွာမှအပိုင်ကန်ခွင့်ရရှိမှုကိုဖြုန်းတီးကာယခုဘောလုံးရာသီရဲ့
အဆိုးရွားဆုံးလွဲချော်မှုများထဲမှတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟာအဲဗာတန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲရဲ့
ပွဲပြီးရန်၇မိနစ်အလိုတွင်အပိုင်အခွင့်အရေးရရှိခဲ့တာဖြစ်ပြီး
အသုံးမချနိုင်ခဲ့ပါဘူး။ယင်းနောက်မိနစ်အနည်းငယ်အကြာနာကျင်အချိန်ပိုမှာ
ဂရေးကအဲဗာတန်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။
အာဆင်နယ်ဟာပထမပိုင်းပြီးခါနီးမှာအိုဒီဂတ်ရဲ့ဂိုးဖြင့်အနိုင်ရနိုင်တဲ့
အခွင့်အရေးရခဲ့ပေမယ့်ပွဲချိန်၈၀မိနစ်မှာရီချက်လီဆင်ကအဲဗာတန်အတွက်
ချေပခဲ့ပါတယ်။ပွဲချိန်၈၄မိနစ်မှာဆာကာဟာညာခြမ်းမှ
ထိုးဖောက်တိုက်စစ်ဆင်းပြီးသူအားသန်တဲ့ဘယ်ခြမ်းနဲ့ဖြတ်တင်ပေးလိုက်ပါတယ်။
ယင်းကိုအသင့်စောင့်နေတဲ့နကီတာကအနီးကပ်အပိုင်ခေါင်းတိုက်ခွင့်ရရှိခဲ့ပါတယ်။
ဒါပေမယ့်သူ့ရဲ့ခေါင်းတိုက်ချက်မမှန်နဲ့အတူဂိုးတိုင်အောက်ခြေကိုထိသွားခဲ့ပါတယ်။
Gonners အွန်လိုင်းကနကီတာရဲ့အဲဗာတန်ရှုံးပွဲမှလွဲချော်မှုကို
ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။၎င်းတို့ဟာနကီတာအပြင်လူစားဝင်လာပြီးနောက်အပိုင်
အခွင့်အရေးဖြုန်းတီးခဲ့တဲ့အူဘာမီယန်ကိုလည်းဝေဖန်ခဲ့ပါတယ်။
နကီတာဟာယခုရာသီအကုန်တွင်လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက
အာဆင်နယ်ဘက်ကစာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းမှုကို
ပယ်ချခဲ့သူလည်းဖြစ်ပါတယ်။နကီတာရဲ့လက်ရှိစာချုပ်ကယခုရာသီအကုန်မှာ
ကုန်ဆုံးမှာဖြစ်ပြီးပွဲကစားခွင့်ရရှိရန်ရုန်းကန်ရမှုနဲ့အတူစာချုပ်သစ်ကို
ပယ်ချဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။သူ့ကိုနယူးကာဆယ်၊
မိုချင်ဂလက်ဘတ်၊နိုက်စ်၊ပဲလေ့စ်တို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။
zawgyi
တမင္မ်ား လုပ္လိုက္တာလား နကီတာ
အာဆင္နယ္စတားအက္ဒီနကီတာဟာအဲဗာတန္အားရႈံးနိမ့္တဲ့ပြဲစဥ္တြင္
တစ္ကိုက္အကြာမွအပိုင္ကန္ခြင့္ရရွိမႈကိုျဖဳန္းတီးကာယခုေဘာလုံးရာသီရဲ႕
အဆိုး႐ြားဆုံးလြဲေခ်ာ္မႈမ်ားထဲမွတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။
အာဆင္နယ္တိုက္စစ္မႉးဟာအဲဗာတန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲရဲ႕
ပြဲၿပီးရန္၇မိနစ္အလိုတြင္အပိုင္အခြင့္အေရးရရွိခဲ့တာျဖစ္ၿပီး
အသုံးမခ်ႏိုင္ခဲ့ပါဘူး။ယင္းေနာက္မိနစ္အနည္းငယ္အၾကာနာက်င္အခ်ိန္ပိုမွာ
ဂေရးကအဲဗာတန္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။
အာဆင္နယ္ဟာပထမပိုင္းၿပီးခါနီးမွာအိုဒီဂတ္ရဲ႕ဂိုးျဖင့္အႏိုင္ရႏိုင္တဲ့
အခြင့္အေရးရခဲ့ေပမယ့္ပြဲခ်ိန္၈၀မိနစ္မွာရီခ်က္လီဆင္ကအဲဗာတန္အတြက္
ေခ်ပခဲ့ပါတယ္။ပြဲခ်ိန္၈၄မိနစ္မွာဆာကာဟာညာျခမ္းမွ
ထိုးေဖာက္တိုက္စစ္ဆင္းၿပီးသူအားသန္တဲ့ဘယ္ျခမ္းနဲ႔ျဖတ္တင္ေပးလိုက္ပါတယ္။
ယင္းကိုအသင့္ေစာင့္ေနတဲ့နကီတာကအနီးကပ္အပိုင္ေခါင္းတိုက္ခြင့္ရရွိခဲ့ပါတယ္။
ဒါေပမယ့္သူ႔ရဲ႕ေခါင္းတိုက္ခ်က္မမွန္နဲ႔အတူဂိုးတိုင္ေအာက္ေျခကိုထိသြားခဲ့ပါတယ္။
Gonners အြန္လိုင္းကနကီတာရဲ႕အဲဗာတန္ရႈံးပြဲမွလြဲေခ်ာ္မႈကို
ေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။၎တို႔ဟာနကီတာအျပင္လူစားဝင္လာၿပီးေနာက္အပိုင္
အခြင့္အေရးျဖဳန္းတီးခဲ့တဲ့အူဘာမီယန္ကိုလည္းေဝဖန္ခဲ့ပါတယ္။
နကီတာဟာယခုရာသီအကုန္တြင္လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက
အာဆင္နယ္ဘက္ကစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ကမ္းလွမ္းမႈကို
ပယ္ခ်ခဲ့သူလည္းျဖစ္ပါတယ္။နကီတာရဲ႕လက္ရွိစာခ်ဳပ္ကယခုရာသီအကုန္မွာ
ကုန္ဆုံးမွာျဖစ္ၿပီးပြဲကစားခြင့္ရရွိရန္႐ုန္းကန္ရမႈနဲ႔အတူစာခ်ဳပ္သစ္ကို
ပယ္ခ်ဖို႔ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။သူ႔ကိုနယူးကာဆယ္၊
မိုခ်င္ဂလက္ဘတ္၊ႏိုက္စ္၊ပဲေလ့စ္တို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။