တရုတ်ကလပ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဆဲလ်တစ်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလာတဲ့ ဘင်နီတက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ နယူးကာဆယ်နည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်ဟာ ဆဲလ်တစ်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလာတယ်လို့ သိရပါတယ်။

နေးလ်လန်နွန်တစ်ယောက် ရိန်းဂျားစ်အသင်းနဲ့ ၂၃ မှတ်အထိ ကွာဟခဲ့ပြီးနောက် နည်းပြရာထူးက မရေမရာဖြစ်လာပါတယ်။

မယ်ရာသတင်းဌာနကလည်း ဘင်နီတက်ဇ်ဟာ လန်နွန်နေရာကို အစားဝင်ဖို့ ရေပန်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျရတ်ဦးဆောင်နေတဲ့ ရိန်းဂျားစ်အသင်းဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ တရုတ်စူပါလိဂ် ဒါလီယန်အသင်းကနေ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ နယူးကာဆယ်နည်းပြဟောင်းဟာ တရုတ်အသင်းကနေ မိသားစုပြဿနာကြောင့် ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘင်နီတက်ဇ်ရဲ့မိသားစု အရှေ့အင်္ဂလန်မှာ နေထိုင်နေတာဖြစ်ပြီး တရုတ်ကို မသွားချင်တာကြောင့် အခုလိုထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာ ၂၀၁၉ ခုနှစ်က တရုတ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ “ကံမကောင်းစွာနဲ့ ပြီးခဲ့တဲ့နှစ်က အများကြီးဖြစ်ခဲ့ပါတယ်။ ကိုဗစ်က လူတွေရဲ့ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ဒါလီယန်အသင်းကို ဆက်ပြီးနည်းပြမနိုင်တော့တဲ့အတွက် ဝမ်းနည်းမိပါတယ်။ အသင်းနဲ့ပရိသတ်တွေအားလုံးကို သတိရနေမှာပါ။ အသင်းအောင်မြင်မှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်”လို့ ဘင်နီတက်ဇ်က ပြောကြားခဲ့ပါတယ်။

လန်နွန်ဟာ လက်စတာအသင်းကို ရော်ဂျာပြောင်းရွှေ့သွားခဲ့ပြီးနောက် ဆဲလ်တစ်ကို ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လန်နွန်ဟာ ပြီးခဲ့တဲ့ရာသီက ဆဲလ်တစ်ကို ဖလား ၃ လုံးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ စွမ်းဆောင်ရည်ကောင်းတွေကျဆင်းနေပြီး အသင်းကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပါတယ်။ တိုင်းမ်စ်သတင်းဌာနကလည်း ဘင်နီတက်ဇ်ကို ဆဲလ်တစ်အပြင် ရိုးမား နဲ့ နာပိုလီတို့ကလည်း စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၆၀ အရွယ်နည်းပြကတော့ ပရီးမီးယားလိဂ်ကိုသာ ပြန်လာချင်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi



