တိုရီနို – ဘိုလော့ဂ်နာ
၃ပွဲဆက်နိုင်ပွဲပျောက်ပြီး တိုရီနို ရေချိန်ပြန်ကျသွားပါ တယ်။
အိမ်ကွင်း ၄ပွဲဆက်ရှုံးပွဲမရှိ ၃ပွဲနိုင်ထားပေမယ့် နောက်ဆုံး ၁၂ပွဲမှာ
၁၁ပွဲဂိုးပေးခဲ့ရတဲ့ ခံစစ်ကတော့ ဘယ်လိုမှစိတ်မချရပါဘူး။
ဘိုလော့ဂ်နာက ဆမ်ဒိုးရီး ယားကို အိမ်ကွင်းမှာရှုံးခဲ့ပေမယ့် ၂ဂိုးပြန်သွင်းနိုင်ခဲ့သ လို
နောက်ဆုံး ၆ပွဲမှာလည်း ၄ပွဲနိုင်၊ ၂ပွဲသာရှုံးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း
အစဉ်အလာမှာလည်း ဘိုလော့ဂ်နာအသာရခဲ့ပြီး တိုရီနိုနဲ့တွေ့ဆုံမှုနောက်ဆုံး ၆ပွဲမှာ
၁ပွဲသာရှုံးခဲ့ပါတယ်။ ဘိုလော့ဂ်နာ အမှတ်ခွဲယူ နိုင်မယ်လို့ထင်တယ်။
ရွေးချယ်မှု – ဘိုလော့ဂ်နာ
ဗီရိုနာ – အတ္တလန္တာ
တိုက်စစ်ချင်း အားပြိုင်ရမယ့်ပွဲပါ။ ဗီရိုနာက ထိပ်ဆုံး ၄ သင်းပြီးရင်
တိုက်စစ်အကောင်းဆုံးဖြစ်သလို အတ္တလန္တာ ကလည်း မီလန်မြို့ခံ ၂သင်းပြီးရင်
သွင်းဂိုးအများဆုံးပါ ပဲ။ တိုက်စစ်အားသန်လွန်းတာမို့ ခံစစ်ကလည်း
ကိုယ်စီ စိတ်မချရပါဘူး။ ဗီရိုနာက ပွဲစဉ် ၁၆ အပြီး ၁၄ပွဲ ဂိုးပေးခဲ့ ရသလို
အတ္တလန္တာကလည်း ပြိုင်ပွဲစုံနောက်ဆုံး ၁၄ပွဲမှာ ဂိုးမပေးရတာ ၂ပွဲသာရှိခဲ့တာပါ။
ဗီနီဇီယာကို ပထမပိုင်း ၃ဂိုးပြတ်ရှုံးနေပြီး ဒုတိယပိုင်းမှာ ၄ဂိုးပြန်သွင်းခဲ့တဲ့
ဗီရိုနာ သာမက ဗီလာရီးရဲလ်ကို ၃ဂိုးပြတ်ရှုံးနေတာတောင် ၂ဂိုး ပြန်သွင်းခဲ့တဲ့
အတ္တလန္တာပါ အိတ်ပေါက်နဲ့ဖားကောက်နေ ကြတာပါ။ ဂိုးအပေါ် အပိုင်ရွေးရပါလိမ့်မယ်။
ရွေးချယ်မှု – ဂိုးအပေါ်
နာပိုလီ – အမ်ပိုလီ
ယူရိုပါလိဂ်မစ်ရှင်အောင်မြင်သွားပြီမို့ စီးရီးအေကို နာပိုလီ ပြန်အာရုံစိုက်ပါလိမ့်မယ်။
နာပိုလီဟာ စီးရီးအေနောက်ဆုံး ၅ပွဲမှာ ၁ပွဲသာနိုင်ခဲ့တာမို့ တတိယနေရာအထိ
ဆင်းသွားခဲ့ တာပါ။ ဒါပေမဲ့ မနေ့ညက အေစီမီလန် သရေကျခဲ့တာမို့ ဒီပွဲနိုင်ရင်
နာပိုလီ အနိမ့်ဆုံး ဒုတိယနေရာပြန်တက်နိုင်မှာ ပါ။ နာပိုလီမှာ အိုဆင်ဟန်
မပါနိုင်သေးပေမယ့် အင်ဆစ်ဂ် နီနဲ့လိုဇာနိုကတော့ ပွဲထွက်မဟုတ်တောင်
အရန်အဖြစ်ပါ လာနိုင်တယ်။ အမ်ပိုလီကလည်း ဒီရာသီ အသင်းကြီးတွေ ကိုတောင်
အခက်တွေ့စေခဲ့တဲ့အသင်းပါ။ အမ်ပိုလီဟာ နောက်ဆုံး ၆ပွဲမှာ ၁ပွဲသာရှုံးခဲ့သလို
ပွဲတိုင်းလည်းဂိုးသွင်း နိုင်ခဲ့တယ်။ နာပိုလီ နိုင်ပွဲရခဲ့ရင်တောင် အမ်ပိုလီတိုက်စစ် ကို
သေချာပေါက်ဂိုးပြန်ပေးရမှာမို့ ဂိုးအပေါ်ရွေးတာ စိတ် အချရဆုံးဖြစ်မှာပါ။
ရွေးချယ်မှု – ဂိုးအပေါ်
ဆက်ဆူအိုလို – လာဇီယို
လာဇီယိုအတွက်ခက်ခဲဦးမယ့်ပွဲပါပဲ။ ဆက်ဆူအိုလိုဟာ ဒီရာ သီ အသင်းကြီးတွေကို
ဒုက္ခပေးခဲ့တဲ့ giant-killers အသင်းဖြစ် ပြီး ဂျူဗင်တပ်နဲ့ အေစီမီလန်ကိုနိုင်၊
နာပိုလီကိုသရေကစားနိုင် ခဲ့တယ်။ ၁၂ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သလို
နောက်ဆုံး ၉ပွဲမှာ ၁ဂိုး ထက်ပိုသွင်းနိုင်တာ ၈ပွဲရှိခဲ့တဲ့ဆက်ဆူအိုလိုတိုက်စစ်က
လာ ဇီယိုခံစစ်ကိုဖိအားပေးနိုင်မှာပါ။ လာဇီယိုက ဒီရာသီစီးရီးအေ
အဝေးကွင်း ၈ပွဲမှာ ၂ပွဲသာနိုင်ခဲ့သလို ပွဲတိုင်းလည်းဂိုးပေးခဲ့ရ ပါတယ်။
ဆာဗစ်ပွဲပယ်၊ လူးဝစ်အယ်ဘာတို ဒဏ်ရာရနေတာ မို့ လာဇီယိုကွင်းလယ်အားနည်းနေမှာပါ။
လာဇီယို =၂၀ ပေး ထားရတာကနေ =၁၅ ပြန်ပေးခဲ့ရတဲ့ ဆက်ဆူအိုလိုကို
ပြား စွန်းရင်းပြီးရွေးသင့်ပါတယ်။
ရွေးချယ်မှု – ဆက်ဆူအိုလို
အင်တာမီလန် – ကက်ဂလီယာရီ
အေစီမီလန်သရေကျခဲ့တာမို့ ဒီပွဲနိုင်ရင် အင်တာမီလန် ထိပ် ဆုံးတက်လာမှာပါ။
အင်တာဟာ ချန်ပီယံလိဂ်မှာ ရီးရဲလ်ကို မယှဉ်နိုင်ဘဲ အုပ်စုဒုတိယသာရခဲ့ပေမယ့်
စီးရီးအေမှာတော့ ၇ပွဲဆက်ရှုံးပွဲမရှိ ၆ပွဲနိုင်ခဲ့ပါတယ်။ နည်းပြ အင်ဇာဂီရဲ့
တိုက် စစ်အလှည့်ကျစနစ်ကအလုပ်ဖြစ်နေပြီး ဒီပွဲမှာ ဒီဇီကို,ကိုအ နားပေးရင်တောင်
မာတီနက်ဇ်၊ ကော်ရီယာ၊ ဆန်းချက်ဇ်တို့ နဲ့ အင်တာတိုက်စစ်က တောင့်တင်းဆဲပါပဲ။
ကက်ဂလီယာရီ က ၄ပွဲဆက်ရှုံးပွဲမရှိသရေကျခဲ့ပေမယ့် ဆန်စီရိုမှာတော့
အင် တာတိုက်စစ်ကို ထိန်းနိုင်ဖွယ်မရှိပါဘူး။ အင်တာရဲ့အကျော ပေးမှုကလည်း
၂-၂၅အထိတက်လာပါတယ်။ ပြားစွန်းရင်းပြီး အင်တာကိုပဲယုံကြည်ရမှာပါ။
ရွေးချယ်မှု – အင်တာမီလန်
zawgyi
တိုက်စစ်ချင်းပြိုင် ဂိုးပေါ်မယ့် ဗီရိုနာ-အတ္တလန္တာ၊ ဆက်ဆူအိုလိုနဲ့စွန့်စား အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
တိုရီနို ဘိုလော့ဂ်နာ
ဗီရိုနာ အတ္တလန္တာ
နာပိုလီ အမ်ပိုလီ
ဆက်ဆူအိုလို လာဇီယို