
အမျိုးသမီးဂျာနယ်လစ်တစ်ဦးဟာစနေနေ့တုန်းကအမ်ပိုလီနှင့်ဖီအိုရင်တီးနားပွဲကို
ကွင်းအပြင်တွင်တင်ဆက်မှုပြုလုပ်နေစဉ်ဖင်ညှစ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်ပွဲများတွင်ကစားသမားများဟာဒေသတွင်းလူများ
တိုက်ခိုက်နှောက်ယှက်မှုများခံနေရမှုအတွက်ရပ်တန့်ရေး
လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ကစားသမားများဟာမျက်နှာတွင်
အနီရောင်ဆေးခြယ်ကာနှစ်စဉ်ဒေသတွင်းတိုက်ခိုက်နှောက်ယှက်မှုလျှော့ကျရေး
လုပ်ဆောင်ခဲ့တာပါ ဒါပေမယ့်ပရိသတ်တစ်ဦးအတွက်ကတော့ကစားသမားတွေရဲ့
လုပ်ဆောင်နေမှုကိုနှလုံးသားထဲသို့အထိမရောက်တာသေချာပါတယ်။
သူဟာစနေနေ့တုန်းကအမ်ပိုလီရဲ့ကားလို့စ်ကာစတဲလ်လာနီကွင်းအပြင်ဘက်မှာ
သတင်းကြေညာနေတဲ့အမျိုးသမီးဂျာနယ်လစ်ဂရီသာဘက်ကာဂလီယာရဲ့
ဖင်ကိုညှစ်ခဲ့ပါတယ်။ဘက်ကာဂလီယာဟာအမ်ပိုလီကဖီအိုရင်တီးနားကို၂-၁ဂိုးဖြင့်
အနိုင်ရရှိကြောင်းတိုက်ရိုက်တင်ဆက်မှုပြုလုပ်နေခဲ့တာဖြစ်ပြီး
ပရိသတ်များစွာလည်းအိမ်ပြန်နေကြပါတယ်။
ယင်းသို့ပြုမှုခြင်းခံခဲ့ရပေမယ့်ဘက်ကာဂလီယာကလုပ်ဖော်ကိုင်ဖက်အား
ချက်ချင်းမတုံ့ပြန်ရန်နှင့်အလုပ်ပြီးမှတုံ့ပြန်ရန်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်သူမကယင်းအမျိုးသားကို “စိတ်မကောင်းပါဘူး။ဒီလိုတော့
မလုပ်သင့်တယ်”လို့ပြောကြားခဲ့ပါတယ်။အထက်ပါဖြစ်ရပ်ဗီဒီယိုဟာ
အွန်လိုင်းတွင်ပျံ့နှံ့လျက်ရှိနေပါတယ်။ဒါ့အပြင်ဘက်ကာဂဘီယာက
“ကျွန်မဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကလုံးဝလုံလက်ခံနိုင်စရာမရှိပါဘူး။
ဒါမျိုးနောက်ထပ်မဖြစ်သင့်တော့ဘူး။ကျွန်မခံခဲ့ရတာရုပ်သံလွှင့်နေစဉ်မှာ
ဖြစ်ပါတယ်။ဒါကကျွန်မအလုပ်ဖြစ်နေလို့ပါ။အခြားအမျိုးသမီးတွေ
ကင်မရာအောက်မှာမရှိချိန်မှာဘယ်သူမှမသိဘဲဘယ်လောက်များ
ကြုံနေကြမလဲ”လို့ဆိုသွားပါတယ်။
လက်ရှိအချိန်တွင်ရဲတပ်ဖွဲ့ဝင်များဟာဂရီသာဘက်ကာဂလီယာကို
ကိုယ်ထိလက်ရောက်စော်ကားပြုမှုခဲ့တဲ့လူအားစုံစမ်းရှာဖွေမှု
ပြုလုပ်နေပါတယ်။ အဆိုပါပရိသတ်မှာ
ဧည့်သည်အသင်း ဖီအိုရင်တီးနားပရိသတ်ဖြစ်ပါတယ်။
zawgyi
တိုက္႐ိုက္တင္ဆက္မႈျပဳလုပ္စဥ္ ဖင္ညႇစ္ခံရတဲ့ ဂ်ာနယ္လစ္
အမ်ိဳးသမီးဂ်ာနယ္လစ္တစ္ဦးဟာစေနေန႔တုန္းကအမ္ပိုလီႏွင့္ဖီအိုရင္တီးနားပြဲကို
ကြင္းအျပင္တြင္တင္ဆက္မႈျပဳလုပ္ေနစဥ္ဖင္ညႇစ္ခံခဲ့ရပါတယ္။
ၿပီးခဲ့တဲ့အပတ္ပြဲမ်ားတြင္ကစားသမားမ်ားဟာေဒသတြင္းလူမ်ား
တိုက္ခိုက္ေႏွာက္ယွက္မႈမ်ားခံေနရမႈအတြက္ရပ္တန႔္ေရး
လႈပ္ရွားမႈျပဳလုပ္ခဲ့ၾကပါတယ္။ကစားသမားမ်ားဟာမ်က္ႏွာတြင္
အနီေရာင္ေဆးျခယ္ကာႏွစ္စဥ္ေဒသတြင္းတိုက္ခိုက္ေႏွာက္ယွက္မႈေလွ်ာ့က်ေရး
လုပ္ေဆာင္ခဲ့တာပါ ဒါေပမယ့္ပရိသတ္တစ္ဦးအတြက္ကေတာ့ကစားသမားေတြရဲ႕
လုပ္ေဆာင္ေနမႈကိုႏွလုံးသားထဲသို႔အထိမေရာက္တာေသခ်ာပါတယ္။
သူဟာစေနေန႔တုန္းကအမ္ပိုလီရဲ႕ကားလို႔စ္ကာစတဲလ္လာနီကြင္းအျပင္ဘက္မွာ
သတင္းေၾကညာေနတဲ့အမ်ိဳးသမီးဂ်ာနယ္လစ္ဂရီသာဘက္ကာဂလီယာရဲ႕
ဖင္ကိုညႇစ္ခဲ့ပါတယ္။ဘက္ကာဂလီယာဟာအမ္ပိုလီကဖီအိုရင္တီးနားကို၂-၁ဂိုးျဖင့္
အႏိုင္ရရွိေၾကာင္းတိုက္႐ိုက္တင္ဆက္မႈျပဳလုပ္ေနခဲ့တာျဖစ္ၿပီး
ပရိသတ္မ်ားစြာလည္းအိမ္ျပန္ေနၾကပါတယ္။
ယင္းသို႔ျပဳမႈျခင္းခံခဲ့ရေပမယ့္ဘက္ကာဂလီယာကလုပ္ေဖာ္ကိုင္ဖက္အား
ခ်က္ခ်င္းမတုံ႔ျပန္ရန္ႏွင့္အလုပ္ၿပီးမွတုံ႔ျပန္ရန္ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္သူမကယင္းအမ်ိဳးသားကို “စိတ္မေကာင္းပါဘူး။ဒီလိုေတာ့
မလုပ္သင့္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။အထက္ပါျဖစ္ရပ္ဗီဒီယိုဟာ
အြန္လိုင္းတြင္ပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္။ဒါ့အျပင္ဘက္ကာဂဘီယာက
“ကြၽန္မျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္ကလုံးဝလုံလက္ခံႏိုင္စရာမရွိပါဘူး။
ဒါမ်ိဳးေနာက္ထပ္မျဖစ္သင့္ေတာ့ဘူး။ကြၽန္မခံခဲ့ရတာ႐ုပ္သံလႊင့္ေနစဥ္မွာ
ျဖစ္ပါတယ္။ဒါကကြၽန္မအလုပ္ျဖစ္ေနလို႔ပါ။အျခားအမ်ိဳးသမီးေတြ
ကင္မရာေအာက္မွာမရွိခ်ိန္မွာဘယ္သူမွမသိဘဲဘယ္ေလာက္မ်ား
ႀကဳံေနၾကမလဲ”လို႔ဆိုသြားပါတယ္။
လက္ရွိအခ်ိန္တြင္ရဲတပ္ဖြဲ႕ဝင္မ်ားဟာဂရီသာဘက္ကာဂလီယာကို
ကိုယ္ထိလက္ေရာက္ေစာ္ကားျပဳမႈခဲ့တဲ့လူအားစုံစမ္းရွာေဖြမႈ
ျပဳလုပ္ေနပါတယ္။ အဆိုပါပရိသတ္မွာ
ဧည့္သည္အသင္း ဖီအိုရင္တီးနားပရိသတ္ျဖစ္ပါတယ္။