တိုးတက်လာတဲ့အသင်းရဲ့ခြေစွမ်းကြောင့် ပေါ့ဂ်ဘာကို ခေါ်မယ်ဆိုတဲ့သတင်းတွေကို ဇီဒန်းပယ်ချ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ သူ့အသင်းရဲ့ခြေစွမ်းတိုးတက်လာမှုကို များစွာကျေနပ်နေလို့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ ကိုခေါ်မယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။

ရီးရဲလ်ဟာ အီဘာကို အဝေးကွင်းမှာ ၃-၁ နဲ့နိုင်ပြီးနောက် အမှတ်ပေးဇယား ဒုတိယနေရာအထိ တက်လှမ်းလာခဲ့ပါတယ်။ လက်ရှိမှာ ရီးရဲလ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အက်သလက်တီကိုထက် ၂ ပွဲ ပိုကစားထားပြီး ၂၉ မှတ်ချင်းတူညီနေပြီး ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

အက်သလက်တီကို ကသာ လက်ကျန် ၂ ပွဲစလုံးအနိုင်ရမယ် ဆိုရင် ၆ မှတ်ပြန်ကွာဟ သွားမှာဖြစ်ပေမယ့် ဇီဒန်းကတော့ သူ့အသင်းရဲ့လက်ရှိခြေစွမ်းကို အားရမိလို့ ပေါ့ဂ်ဘာကို ခေါ်ဖို့ဆန္ဒမရှိဘဲဖြစ်နေတာပါ။

ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ မျှော်လင့်ချက် နည်းပါးနေတဲ့အခြေအနေကနေ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့သလို လာလီဂါမှာလည်း ဆီဗီလာ၊ အက်သလက်တီကို၊ ဘီလ်ဘာအိုနဲ့ အီဘာ တို့ကိုဆက်တိုက်နိုင်ပြီး ဒုတိယနေရာကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာက သူ့ကစားသမားဟာ မန်ယူနဲ့ဇာတ်လမ်းပြီးသွားပြီဖြစ်ကြောင်း ပြောခဲ့လို့ ဒီပြင်သစ်သားဟာ ရီးရဲလ်ကိုလာမယ့်နွေမှာရောက်နိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေခဲ့တာပါ။

ဇီဒန်းဟာ ဘရာဟင်ဒီယက်ဇ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် တို့နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အမှားတွေပြုလုပ်ခဲ့သူဖြစ်လို့ အပြောင်းအရွှေ့ကိစ္စတွေမှာ ကလပ်ဥက္ကဌ ပီရက်ဇ်က လုပ်ပိုင်ခွင့်သိပ်ပေးမှာတော့မဟုတ်ပါဘူး။

ဒီယက်ဇ်နဲ့ ရိုဒရီဂွက်ဇ် တို့ဟာ ဇီဒန်းလက်ထဲမှာအဆင်မပြေပေမယ့် အေစီမီလန်နဲ့ အဲဗာတန်အသင်း တွေမှာ ခြေစွမ်းပြနေကြသူတွေဖြစ်ပါတယ်။ ဇီဒန်းက” လက်ရှိမှာ အသင်းရဲ့ခြေစွမ်းပြနိုင်မှုအပေါ် ကျွန်တော်ကျေနပ်ပါတယ်။ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်ခဲ့ပြီးနောက် အသင်းဟာလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပါပြီ။

လောလောဆယ်မှာ ကျွန်တော့်အသင်း ခြေစွမ်းပိုမိုတည်ငြိမ်ဖို့ကိုဘဲ အာရုံစိုက်နေပြီး ကစားသမားခေါ်ယူရေးက ကျွန်တော့်ခေါင်းထဲမှာလုံးဝမရှိသေးပါဘူး။ ပေါ့ဂ်ဘာရော အမ်ဘတ်ပီ ရောပေါ့ဗျာ” လို့ ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တိုးတက္လာတဲ့အသင္းရဲ႕ေျခစြမ္းေၾကာင့္ ေပါ့ဂ္ဘာကို ေခၚမယ္ဆိုတဲ့သတင္းေတြကို ဇီဒန္းပယ္ခ်

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းဟာ သူ႔အသင္းရဲ႕ေျခစြမ္းတိုးတက္လာမႈကို မ်ားစြာေက်နပ္ေနလို႔ မန္ယူကြင္းလယ္လူ ေပါ့ဂ္ဘာ ကိုေခၚမယ္ဆိုတဲ့သတင္းေတြကို ပယ္ခ်လိုက္ပါတယ္။ ရီးရဲလ္ဟာ အီဘာကို အေဝးကြင္းမွာ ၃-၁ နဲ႔ႏိုင္ၿပီးေနာက္ အမွတ္ေပးဇယား ဒုတိယေနရာအထိ တက္လွမ္းလာခဲ့ပါတယ္။ လက္ရွိမွာ ရီးရဲလ္ဟာ အမွတ္ေပးဇယားထိပ္ဆုံးကေန ဦးေဆာင္ေနတဲ့ အက္သလက္တီကိုထက္ ၂ ပြဲ ပိုကစားထားၿပီး ၂၉ မွတ္ခ်င္းတူညီေနၿပီး ဒုတိယေနရာမွာ ရပ္တည္ေနတာပါ။

အက္သလက္တီကို ကသာ လက္က်န္ ၂ ပြဲစလုံးအႏိုင္ရမယ္ ဆိုရင္ ၆ မွတ္ျပန္ကြာဟ သြားမွာျဖစ္ေပမယ့္ ဇီဒန္းကေတာ့ သူ႔အသင္းရဲ႕လက္ရွိေျခစြမ္းကို အားရမိလို႔ ေပါ့ဂ္ဘာကို ေခၚဖို႔ဆႏၵမရွိဘဲျဖစ္ေနတာပါ။ ရီးရဲလ္ဟာ ခ်န္ပီယံလိဂ္မွာ ေမွ်ာ္လင့္ခ်က္ နည္းပါးေနတဲ့အေျခအေနကေန ၁၆ သင္းအဆင့္ကို တက္ေရာက္ခဲ့သလို လာလီဂါမွာလည္း ဆီဗီလာ၊ အက္သလက္တီကို၊ ဘီလ္ဘာအိုနဲ႔ အီဘာ တို႔ကိုဆက္တိုက္ႏိုင္ၿပီး ဒုတိယေနရာကို ေရာက္ရွိလာခဲ့တာလည္း ျဖစ္ပါတယ္။

ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ျဖစ္တဲ့ ႐ြိဳင္အိုလာက သူ႔ကစားသမားဟာ မန္ယူနဲ႔ဇာတ္လမ္းၿပီးသြားၿပီျဖစ္ေၾကာင္း ေျပာခဲ့လို႔ ဒီျပင္သစ္သားဟာ ရီးရဲလ္ကိုလာမယ့္ေႏြမွာေရာက္ႏိုင္တယ္လို႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေနခဲ့တာပါ။ ဇီဒန္းဟာ ဘရာဟင္ဒီယက္ဇ္၊ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ တို႔နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္အမွားေတြျပဳလုပ္ခဲ့သူျဖစ္လို႔ အေျပာင္းအေ႐ႊ႕ကိစၥေတြမွာ ကလပ္ဥကၠဌ ပီရက္ဇ္က လုပ္ပိုင္ခြင့္သိပ္ေပးမွာေတာ့မဟုတ္ပါဘူး။

ဒီယက္ဇ္နဲ႔ ႐ိုဒရီဂြက္ဇ္ တို႔ဟာ ဇီဒန္းလက္ထဲမွာအဆင္မေျပေပမယ့္ ေအစီမီလန္နဲ႔ အဲဗာတန္အသင္း ေတြမွာ ေျခစြမ္းျပေနၾကသူေတြျဖစ္ပါတယ္။ ဇီဒန္းက” လက္ရွိမွာ အသင္းရဲ႕ေျခစြမ္းျပႏိုင္မႈအေပၚ ကြၽန္ေတာ္ေက်နပ္ပါတယ္။ ခက္ခဲတဲ့ကာလကို ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ အသင္းဟာလမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာပါၿပီ။ ေလာေလာဆယ္မွာ ကြၽန္ေတာ့္အသင္း ေျခစြမ္းပိုမိုတည္ၿငိမ္ဖို႔ကိုဘဲ အာ႐ုံစိုက္ေနၿပီး ကစားသမားေခၚယူေရးက ကြၽန္ေတာ့္ေခါင္းထဲမွာလုံးဝမရွိေသးပါဘူး။ ေပါ့ဂ္ဘာေရာ အမ္ဘတ္ပီ ေရာေပါ့ဗ်ာ” လို႔ ေျပာသြားပါတယ္။