တီယာနေး ဘာကြောင့် နှင်းကျတာတောင် လက်တိုအင်္ကျီ ဝတ်ကစားနိုင်တာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုကအေးတဲ့ ရာသီဆိုတော့ တချို့တွေ ရှိတဲ့ အနွေးထည်တွေထုတ်၊ ဖုန်ခါရင်းနဲ့ ရှိုးပြကြရပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်း ကနောက်ခံလူ တီယာနေး ကတော့ ဘယ်လောက်အေးအေး လက်တို အင်္ကျီဝတ်ပြီး ဘောလုံးကန်နိုင်ပါတယ်။

အသက် (၂၃) နှစ်သားလေးဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နှင်းမှုန်တွေကြားကနေပဲ အာဆင်နယ်အသင်းအတွက် ဂျာစီလက်တိုလေးနဲ့ ခြေစွမ်းပြကစားသွားခဲ့ပြီး ဝက်စ်ဘရွန်းအသင်းကို (၄) ဂိုးပြတ် အနိုင်ကစားနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကိုတော့ ပထမပိုင်းမှာ တီယာနေး နဲ့ ဆာကာ တို့က သွင်းယူ ခဲ့တာ ဖြစ်ပြီး ၊ ဒုတိယပိုင်းမှာတော့ တိုက်စစ်မှူး လာကာဇက် က သွင်းဂိုး နှစ်ဂိုး ထပ်မံ သွင်းယူ ပေးခဲ့ပါတယ်။ပွဲအပြီး အင်တာဗျုးမှာတော့ တီယာနေး က သုံးပွဲဆက် နိုင်ပွဲရတဲ့ အကြောင်းနဲ့ အေးခဲဒဏ်ကို ခံနိုင်ရည် ရှိတဲ့ အကြောင်းတွေကို ခုလိုပြောဆိုထားပါတယ်။”စဉ်ဆက်မပြတ် အပြင်း အထန် ကြိုးစား အားထုတ်မှု ပါပဲ။ ကျွန်တော်တို့ နောက်ဆုံး သုံးပွဲစလုံး မှာ ဘာအပြောင်းအလဲ မှ အထူးတလည် မလုပ်ခဲ့ပါဘူး”

“ကျွန်တော်တို့ နေ့ရက်တိုင်းကို အတူတကွ ကြိုးစား အားထုတ် ခဲ့ကြတာပါ။ကျွန်တော်တို့ နိုင်ပွဲတွေ ပျောက်ဆုံး နေချိန်မှာ ၁၀၀% ပေးဆပ် အားထုတ် ခဲ့ပါတယ် ။ နိုင်ပွဲတွေ ၊ အမှတ်တွေ ရချင်ပြီး အမှတ်ပေး ဇယား အဆင့် ရပ်တည်မှုတွေ မြင့်မား ချင်တာကြောင့်ပါ။ ကျွန်တော်တို့ အခုအကောင်းဆုံး လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။”

”အခုအေးတဲ့ အနေအထားက ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က စကော့တလန်မှာ ကစားသမားဘဝတလျှောက်လုံး ကစားနေခဲ့တဲ့သူပါ။ ဒီလိုရာသီဥတုမျိုးနဲ့ကတော့ အသားကျနေပါပြီ။ စကော့တလန်မှာ အအေးဓာတ်ကို ဘယ်သူကမှ မမှုကြပါဘူး။ ” ဆိုပြီး တီယာနေးက ပြောဆိုပါတယ်။

အေးခဲ နေတဲ့ ရာသီဥတုမှာ အသင်းဖော်တွေ ဝတ်စုံ အပြည့်နဲ့ လေ့ကျင့်ခန်း ဆင်းနေချိန်မှာ တီယာနေး တစ်ယောက်ကတော့ အင်္ကျီ လက်တို ၊ ဘောင်းဘီတိုနဲ့ လေ့ကျင့်ခန်း ဆင်းလေ့ ရှိသူပါ ။ ဒါကြောင့်လည်း ပရိသတ်တွေဟာ တီယာနေး ရဲ့ အအေးဒဏ် ခံနိုင်စွမ်းကို အံအား သင့်နေကြပါတယ်။ အရမ်းအေးတတ်သူတွေနဲ့ အအေးဒဏ်ကြောက်သူတွေကတော့ တီယာနေးကို အားကျကြပါလိမ့်မယ်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက် နိုင်ပွဲ ရရှိ ခဲ့တာ ဖြစ်ပြီး အဝေးကွင်း နှစ်ပွဲဆက် Clean-Sheet ရယူ နိုင်ခဲ့တာပါ ။ အာဆင်နယ် အသင်းဟာ အခုနိုင်ပွဲကြောင့် အမှတ်ပေး ဇယား အဆင့် ၁၁ နေရာ အထိ တက်လှမ်း လာခဲ့ပါတယ်။ အာဆင်နယ်ဆက်လက်ကံကောင်းဖို့ မျှော်လင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တီယာေနး ဘာေၾကာင့္ ႏွင္းက်တာေတာင္ လက္တိုအက်ႌ ဝတ္ကစားႏိုင္တာလဲ

အခုကေအးတဲ့ ရာသီဆိုေတာ့ တခ်ိဳ႕ေတြ ရွိတဲ့ အေႏြးထည္ေတြထုတ္၊ ဖုန္ခါရင္းနဲ႔ ရႈိးျပၾကရပါတယ္။ ဒါေပမယ့္ အာဆင္နယ္ အသင္း ကေနာက္ခံလူ တီယာေနး ကေတာ့ ဘယ္ေလာက္ေအးေအး လက္တို အက်ႌဝတ္ၿပီး ေဘာလုံးကန္ႏိုင္ပါတယ္။ အသက္ (၂၃) ႏွစ္သားေလးဟာ မေန႔ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ႏွင္းမႈန္ေတြၾကားကေနပဲ အာဆင္နယ္အသင္းအတြက္ ဂ်ာစီလက္တိုေလးနဲ႔ ေျခစြမ္းျပကစားသြားခဲ့ၿပီး ဝက္စ္ဘ႐ြန္းအသင္းကို (၄) ဂိုးျပတ္ အႏိုင္ကစားႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ အတြက္ ဂိုးေတြကိုေတာ့ ပထမပိုင္းမွာ တီယာေနး နဲ႔ ဆာကာ တို႔က သြင္းယူ ခဲ့တာ ျဖစ္ၿပီး ၊ ဒုတိယပိုင္းမွာေတာ့ တိုက္စစ္မႉး လာကာဇက္ က သြင္းဂိုး ႏွစ္ဂိုး ထပ္မံ သြင္းယူ ေပးခဲ့ပါတယ္။ပြဲအၿပီး အင္တာဗ်ဳးမွာေတာ့ တီယာေနး က သုံးပြဲဆက္ ႏိုင္ပြဲရတဲ့ အေၾကာင္းနဲ႔ ေအးခဲဒဏ္ကို ခံႏိုင္ရည္ ရွိတဲ့ အေၾကာင္းေတြကို ခုလိုေျပာဆိုထားပါတယ္။”စဥ္ဆက္မျပတ္ အျပင္း အထန္ ႀကိဳးစား အားထုတ္မႈ ပါပဲ။ ကြၽန္ေတာ္တို႔ ေနာက္ဆုံး သုံးပြဲစလုံး မွာ ဘာအေျပာင္းအလဲ မွ အထူးတလည္ မလုပ္ခဲ့ပါဘူး”

“ကြၽန္ေတာ္တို႔ ေန႔ရက္တိုင္းကို အတူတကြ ႀကိဳးစား အားထုတ္ ခဲ့ၾကတာပါ။ကြၽန္ေတာ္တို႔ ႏိုင္ပြဲေတြ ေပ်ာက္ဆုံး ေနခ်ိန္မွာ ၁၀၀% ေပးဆပ္ အားထုတ္ ခဲ့ပါတယ္ ။ ႏိုင္ပြဲေတြ ၊ အမွတ္ေတြ ရခ်င္ၿပီး အမွတ္ေပး ဇယား အဆင့္ ရပ္တည္မႈေတြ ျမင့္မား ခ်င္တာေၾကာင့္ပါ။ ကြၽန္ေတာ္တို႔ အခုအေကာင္းဆုံး လုပ္ေဆာင္ထားႏိုင္ခဲ့ပါတယ္။ အခုေအးတဲ့ အေနအထားက ဘာမွမျဖစ္ပါဘူး။ ကြၽန္ေတာ္က စေကာ့တလန္မွာ ကစားသမားဘဝတေလွ်ာက္လုံး ကစားေနခဲ့တဲ့သူပါ။ ဒီလိုရာသီဥတုမ်ိဳးနဲ႔ကေတာ့ အသားက်ေနပါၿပီ။ စေကာ့တလန္မွာ အေအးဓာတ္ကို ဘယ္သူကမွ မမႈၾကပါဘူး။ ” ဆိုၿပီး တီယာေနးက ေျပာဆိုပါတယ္။

ေအးခဲ ေနတဲ့ ရာသီဥတုမွာ အသင္းေဖာ္ေတြ ဝတ္စုံ အျပည့္နဲ႔ ေလ့က်င့္ခန္း ဆင္းေနခ်ိန္မွာ တီယာေနး တစ္ေယာက္ကေတာ့ အက်ႌ လက္တို ၊ ေဘာင္းဘီတိုနဲ႔ ေလ့က်င့္ခန္း ဆင္းေလ့ ရွိသူပါ ။ ဒါေၾကာင့္လည္း ပရိသတ္ေတြဟာ တီယာေနး ရဲ႕ အေအးဒဏ္ ခံႏိုင္စြမ္းကို အံအား သင့္ေနၾကပါတယ္။ အရမ္းေအးတတ္သူေတြနဲ႔ အေအးဒဏ္ေၾကာက္သူေတြကေတာ့ တီယာေနးကို အားက်ၾကပါလိမ့္မယ္။ အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲဆက္ ႏိုင္ပြဲ ရရွိ ခဲ့တာ ျဖစ္ၿပီး အေဝးကြင္း ႏွစ္ပြဲဆက္ Clean-Sheet ရယူ ႏိုင္ခဲ့တာပါ ။ အာဆင္နယ္ အသင္းဟာ အခုႏိုင္ပြဲေၾကာင့္ အမွတ္ေပး ဇယား အဆင့္ ၁၁ ေနရာ အထိ တက္လွမ္း လာခဲ့ပါတယ္။ အာဆင္နယ္ဆက္လက္ကံ​ေကာင္းဖို႔ ​ေမွ်ာ္လင့္ပါတယ္။