တူချယ်ကြောင့် မပျော်ရွှင်ဖြစ်နေရတဲ့ လူကာကူ

ရိုမဲလူလူကာကူဟာချဲလ်ဆီးသို့ရောက်ရှိပြီးလေးလအကြာတွင်ပင်

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကြောင့်မပျော်မရွှင်ဖြစ်နေကြောင်း

ပြောကြားလာပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာဒဏ်ရာပြဿနာများစွာကြုံနေမှု၊

ပရီးမီးယားလိဂ်ဖလားအတွက်မျှော်လင့်ချက်နည်းနေမှုစတဲ့ပြဿနာမျာ

းကြုံနေချိန်တွင်လူကာကူရဲ့ပြောဆိုမှုကြောင့်နောက်ထပ်ခေါင်းကိုက်စရာတစ်ခု

ကြုံလာခဲ့ပြီဖြစ်ပါတယ်။

Sky Sport Italy နှင့်အင်တာဗျူးတွင်လူကာကူက “ကြံ့ခိုင်မှုပိုင်းအားလုံး

အဆင်ပြေပါတယ်။ဒါပေမဲ့လက်ရှိချဲလ်ဆီးမှာအခြေအနေကြောင့်

မပျော်ပါဘူး။တူချယ်ကအခြားစနစ်နဲ့ကစားဖို့ဆုံးဖြတ်ထားတယ်။

ကျွန်တော်လက်မလျှော့ပါဘူး။ပရော်ဖက်ရှင်နယ်ပီသရပါမယ်။

ဒီအခြေအနေကြောင့်မပျော်ရွှင်ဘူးဆိုပေမယ့်ပရော်ဖက်ရှင်နယ်

ပီသရပါမယ်။လက်မလျှော့ပါဘူး”လို့ပြောကြားသွားပါတယ်။

အထက်ပါအင်တာဗျူးမှာလွန်ခဲ့တဲ့သုံးပတ်တုန်းကပြုလုပ်ထားတဲ့

အင်တာ‌ဗျူးဖြစ်ပါတယ်။ဒါ့အပြင်ယင်းနောက်ပိုင်းတွင်လူကာကူဟာ

ပရီးမီးယားလိဂ်မှာ၂ဂိုးသွင်းယူထားပါတယ်။ဒါကိုကြည့်ရင်

အသက်၂၈နှစ်ရှိတိုက်စစ်မှူးဟာပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းက

တူချယ်လက်အောက်ရှိသူ့အခြေအနေအပေါ် စိုးရိမ်နေတာ သိသာနိုင်ပါတယ်။

အဆိုပါအင်တာဗျူးတွင်ပင်လူကာကူကတစ်နေ့တွင်အင်တာမီလန်သို့

ပြန်လည်ပြန်သွားကစားရန်တံခါးဖွင့်ထားကြောင်းလည်းပြောကြားသွားပါတယ်။

အင်တာမီလန်ဟာနွေရာသီတုန်းကဘဏ္ဍာရေးပြဿနာရှိနေမှု၊

လူကာကူကိုယ်တိုင်ကစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လိုမှုတို့ကြောင့်

ရောင်းချခဲ့ရတာလည်းဖြစ်ပါတယ်။

ထိုစဉ်ကအင်တာမီလန်ပရိသတ်များဟာချဲလ်ဆီးသို့ပြောင်းရန်

ကြိုးပမ်းခဲ့တဲ့လူကာကူကို အကြီးအကျယ်ဒေါသထွက်ကာ

ဆန်စီရိုကွင်းအနီး ရေးဆွဲထားတဲ့ လူကာကူရဲ့ပုံတူများကို

ဖျက်ဆီးမှုပြုလုပ်ခဲ့ကြပါတယ်။

လူကာကူက “အင်တာကိုစွန့်ခွာခဲ့ရတဲ့

ပုံမျိုး၊ထွက်ခွာလာခဲ့ရတဲ့ပုံမျိုး မဖြစ်စေချင်ပါဘူး။ပရိသတ်တွေနဲ့

ကျွန်တော့်ဆက်သွယ်နေမှုတွေကြောင့် သင့်တော်တဲ့အချိန်မဟုတ်ခဲ့ပါဘူး။

အခုတော့ကျွန်တော့်ခံစားချက်ကိုဖွင့်ချရမယ့်အချိန်ရောက်ပါပြီ။

အင်တာကကျွန်တော့်နှလုံးသားထဲမှာအမြဲရှိနေမယ့်ကလပ်လို့

အမြဲပြောလာခဲ့တာပါ။အင်တာသို့ပြန်သွားမယ်ဆိုတာသိပါတယ်။

ဖြစ်လာဖို့လည်းမျှော်လင့်တယ်။အီတလီကိုချစ်တယ်။ဒါကိုပြောဖို့

သင့်တော်တဲ့အချိန်ပါ။ဖြစ်ခဲ့တာကိုလူတွေသိစေချင်ပါတယ်။

အင်တာသို့ကစားသမားဘဝဆုံးခါနီးမှာမသွားရဖို့မျှော်လင့်တယ်။

ဒါပေမဲ့ကျွန်တော်ကထိပ်တန်းအဆင့်မှာရှိနေသေးတော့အတူ

လက်တွဲအောင်မြင်မှုရယူနိုင်ပါတယ်။အင်တာပရိသတ်တွေကို

တောင်းပန်ချင်တယ်။’မင်းတို့ငါ့အပေါ်လုပ်ခဲ့တာတွေအားလုံး

အမြဲရှိနေမယ်’ဆိုတဲ့စကားပြောခဲ့တဲ့အချိန်မှားပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

တူခ်ယ္ေၾကာင့္ မေပ်ာ္႐ႊင္ျဖစ္ေနရတဲ့ လူကာကူ

႐ိုမဲလူလူကာကူဟာခ်ဲလ္ဆီးသို႔ေရာက္ရွိၿပီးေလးလအၾကာတြင္ပင္

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ေၾကာင့္မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္း

ေျပာၾကားလာပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာဒဏ္ရာျပႆနာမ်ားစြာႀကဳံေနမႈ၊

ပရီးမီးယားလိဂ္ဖလားအတြက္ေမွ်ာ္လင့္ခ်က္နည္းေနမႈစတဲ့ျပႆနာမ်ာ

းႀကဳံေနခ်ိန္တြင္လူကာကူရဲ႕ေျပာဆိုမႈေၾကာင့္ေနာက္ထပ္ေခါင္းကိုက္စရာတစ္ခု

ႀကဳံလာခဲ့ၿပီျဖစ္ပါတယ္။

Sky Sport Italy ႏွင့္အင္တာဗ်ဴးတြင္လူကာကူက “ႀကံ့ခိုင္မႈပိုင္းအားလုံး

အဆင္ေျပပါတယ္။ဒါေပမဲ့လက္ရွိခ်ဲလ္ဆီးမွာအေျခအေနေၾကာင့္

မေပ်ာ္ပါဘူး။တူခ်ယ္ကအျခားစနစ္နဲ႔ကစားဖို႔ဆုံးျဖတ္ထားတယ္။

ကြၽန္ေတာ္လက္မေလွ်ာ့ပါဘူး။ပေရာ္ဖက္ရွင္နယ္ပီသရပါမယ္။

ဒီအေျခအေနေၾကာင့္မေပ်ာ္႐ႊင္ဘူးဆိုေပမယ့္ပေရာ္ဖက္ရွင္နယ္

ပီသရပါမယ္။လက္မေလွ်ာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အထက္ပါအင္တာဗ်ဴးမွာလြန္ခဲ့တဲ့သုံးပတ္တုန္းကျပဳလုပ္ထားတဲ့

အင္တာ‌ဗ်ဴးျဖစ္ပါတယ္။ဒါ့အျပင္ယင္းေနာက္ပိုင္းတြင္လူကာကူဟာ

ပရီးမီးယားလိဂ္မွာ၂ဂိုးသြင္းယူထားပါတယ္။ဒါကိုၾကည့္ရင္

အသက္၂၈ႏွစ္ရွိတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ခန႔္တုန္းက

တူခ်ယ္လက္ေအာက္ရွိသူ႔အေျခအေနအေပၚ စိုးရိမ္ေနတာ သိသာႏိုင္ပါတယ္။

အဆိုပါအင္တာဗ်ဴးတြင္ပင္လူကာကူကတစ္ေန႔တြင္အင္တာမီလန္သို႔

ျပန္လည္ျပန္သြားကစားရန္တံခါးဖြင့္ထားေၾကာင္းလည္းေျပာၾကားသြားပါတယ္။

အင္တာမီလန္ဟာေႏြရာသီတုန္းကဘ႑ာေရးျပႆနာရွိေနမႈ၊

လူကာကူကိုယ္တိုင္ကစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လိုမႈတို႔ေၾကာင့္

ေရာင္းခ်ခဲ့ရတာလည္းျဖစ္ပါတယ္။

ထိုစဥ္ကအင္တာမီလန္ပရိသတ္မ်ားဟာခ်ဲလ္ဆီးသို႔ေျပာင္းရန္

ႀကိဳးပမ္းခဲ့တဲ့လူကာကူကို အႀကီးအက်ယ္ေဒါသထြက္ကာ

ဆန္စီ႐ိုကြင္းအနီး ေရးဆြဲထားတဲ့ လူကာကူရဲ႕ပုံတူမ်ားကို

ဖ်က္ဆီးမႈျပဳလုပ္ခဲ့ၾကပါတယ္။လူကာကူက “အင္တာကိုစြန႔္ခြာခဲ့ရတဲ့

ပုံမ်ိဳး၊ထြက္ခြာလာခဲ့ရတဲ့ပုံမ်ိဳး မျဖစ္ေစခ်င္ပါဘူး။ပရိသတ္ေတြနဲ႔

ကြၽန္ေတာ့္ဆက္သြယ္ေနမႈေတြေၾကာင့္ သင့္ေတာ္တဲ့အခ်ိန္မဟုတ္ခဲ့ပါဘူး။

အခုေတာ့ကြၽန္ေတာ့္ခံစားခ်က္ကိုဖြင့္ခ်ရမယ့္အခ်ိန္ေရာက္ပါၿပီ။

အင္တာကကြၽန္ေတာ့္ႏွလုံးသားထဲမွာအၿမဲရွိေနမယ့္ကလပ္လို႔

အၿမဲေျပာလာခဲ့တာပါ။အင္တာသို႔ျပန္သြားမယ္ဆိုတာသိပါတယ္။

ျဖစ္လာဖို႔လည္းေမွ်ာ္လင့္တယ္။အီတလီကိုခ်စ္တယ္။ဒါကိုေျပာဖို႔

သင့္ေတာ္တဲ့အခ်ိန္ပါ။ျဖစ္ခဲ့တာကိုလူေတြသိေစခ်င္ပါတယ္။

အင္တာသို႔ကစားသမားဘဝဆုံးခါနီးမွာမသြားရဖို႔ေမွ်ာ္လင့္တယ္။

ဒါေပမဲ့ကြၽန္ေတာ္ကထိပ္တန္းအဆင့္မွာရွိေနေသးေတာ့အတူ

လက္တြဲေအာင္ျမင္မႈရယူႏိုင္ပါတယ္။အင္တာပရိသတ္ေတြကို

ေတာင္းပန္ခ်င္တယ္။’မင္းတို႔ငါ့အေပၚလုပ္ခဲ့တာေတြအားလုံး

အၿမဲရွိေနမယ္’ဆိုတဲ့စကားေျပာခဲ့တဲ့အခ်ိန္မွားပါတယ္”လို႔ေျပာၾကားသြားပါတယ္။