တူချယ်ကြောင့် ယူနိုက်တက် နဲ့ လီဗာပူးကို ကျော်ဖြတ်ပြီး အူပါမီကာနိုကိုခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအခြေအနေကောင်းလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျာမနီကလာတဲ့သတင်းတွေအရ ချဲလ်ဆီးကိုတူချယ်ရောက်လာမှုနဲ့အတူ ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်နောက်ခံလူ အူပာမီကာနိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတယ်လို့ ဖော်ပြနေကြပါတယ်။
တနလာၤနေ့က လမ်းပတ်ကို ထုတ်ပယ်ပြီးနောက် ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်ဟာ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလာပါတယ်။


ဂျာမန်နာမည်ကြီးသတင်းဌာနတစ်ခုကတော့ ချဲလ်ဆီးဟာ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။
အူပါမီကာနိုရဲ့စာချုပ်ဖျက်သိမ်းကြေးကလည်း ၃၈ သန်းသာရှိနေတာကြောင့် အသင်းကြီးတွေက မျက်စိကျနေပြီး ဘိုင်ယန်အသင်းက ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်ပါတယ်။


ဒါပေမဲ့ တူချယ်ရောက်လာမှုနဲ့အတူ ချဲလ်ဆီးအသင်းက အခြားအသင်းတွေကို ကျော်ဖြတ်ပြီး ရေပန်းစားလာခဲ့ပါတယ်။
ချဲလ်ဆီးမှာက အသင်းဖော်ဟောင်း တီမိုဝါနာရှိပြီးသားဖြစ်တာကြောင့် အူပါမီကာနိုက လန်ဒန်ကိုရွေးချယ်ဖို့ များနေပါတယ်။


ယခင်တုန်းက အူပါမီကာနိုကို လီဗာပူး နဲ့ ယူနိုက်တက်တို့နွေရာသီမှာ လုဖွယ်ရှိနေပေမယ့် လက်ရှိအချိန်မှာတော့ ချဲလ်ဆီးပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ကလော့ပ်ကလည်း ဗန်ဒိုက် နဲ့ ဂိုမက်ဇ်တို့ဒဏ်ရာရရှိနေတာကြောင့် ဗဟိုနောက်ခံလူသစ်တစ်ဦး ခေါ်ယူချင်နေပါတယ်။


ဒါပေမဲ့ ယူနိုက်တက်ကလည်း နောက်တန်းနေရာမှာ မက်ဂွါရီနဲ့တွဲဖက်ဖို့ အူပါမီကာနိုကို အရခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဘိုင်ယန်အသင်းအမှုဆောင် ရူမင်နစ်ဂီကလည်း ပြီးခဲ့တဲ့အပတ်တုန်းက အူပါမီကာနိုကိုခေါ်ယူချင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။


“ကျွန်တော်တို့ သူ့ကိုခေါ်ယူချင်ပါတယ်။ဒါပေမဲ့ လက်ရှိအချိန်မှာ ကိုဗစ်ဖြစ်နေတာကြောာင့် ဘဏ္ဍာရေးအခြေအနေက အရေးအကြီးဆုံးအရာဖြစ်လာပါတယ်”လို့ ရူမင်နစ်ဂီက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
တူခ်ယ္ေၾကာင့္ ယူႏိုက္တက္ နဲ႔ လီဗာပူးကို ေက်ာ္ျဖတ္ၿပီး အူပါမီကာႏိုကိုေခၚယူႏိုင္ဖို႔ ခ်ဲလ္ဆီးအေျခအေနေကာင္းလာ
=================
ဂ်ာမနီကလာတဲ့သတင္းေတြအရ ခ်ဲလ္ဆီးကိုတူခ်ယ္ေရာက္လာမႈနဲ႔အတူ ခ်ဲလ္ဆီးအသင္းဟာ လိုက္ပ္ဇစ္ေနာက္ခံလူ အူပာမီကာႏိုကိုေခၚယူႏိုင္ဖို႔ နီးစပ္လာတယ္လို႔ ေဖာ္ျပေနၾကပါတယ္။
တနလာေနၤ့က လမ္းပတ္ကို ထုတ္ပယ္ၿပီးေနာက္ ပီအက္စ္ဂ်ီနည္းျပေဟာင္း တူခ်ယ္ဟာ ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားလာပါတယ္။
ဂ်ာမန္နာမည္ႀကီးသတင္းဌာနတစ္ခုကေတာ့ ခ်ဲလ္ဆီးဟာ လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူႏိုင္ဖို႔ အေျခအေနအေကာင္းဆုံးျဖစ္ေနတယ္လို႔ ဆိုပါတယ္။
အူပါမီကာႏိုရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးကလည္း ၃၈ သန္းသာရွိေနတာေၾကာင့္ အသင္းႀကီးေတြက မ်က္စိက်ေနၿပီး ဘိုင္ယန္အသင္းက ထိပ္ဆုံးက ဦးေဆာင္ေနတာျဖစ္ပါတယ္။
ဒါေပမဲ့ တူခ်ယ္ေရာက္လာမႈနဲ႔အတူ ခ်ဲလ္ဆီးအသင္းက အျခားအသင္းေတြကို ေက်ာ္ျဖတ္ၿပီး ေရပန္းစားလာခဲ့ပါတယ္။
ခ်ဲလ္ဆီးမွာက အသင္းေဖာ္ေဟာင္း တီမိုဝါနာရွိၿပီးသားျဖစ္တာေၾကာင့္ အူပါမီကာႏိုက လန္ဒန္ကိုေ႐ြးခ်ယ္ဖို႔ မ်ားေနပါတယ္။
ယခင္တုန္းက အူပါမီကာႏိုကို လီဗာပူး နဲ႔ ယူႏိုက္တက္တို႔ေႏြရာသီမွာ လုဖြယ္ရွိေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးပါ ပါဝင္လာခဲ့တာျဖစ္ပါတယ္။
ကေလာ့ပ္ကလည္း ဗန္ဒိုက္ နဲ႔ ဂိုမက္ဇ္တို႔ဒဏ္ရာရရွိေနတာေၾကာင့္ ဗဟိုေနာက္ခံလူသစ္တစ္ဦး ေခၚယူခ်င္ေနပါတယ္။
ဒါေပမဲ့ ယူႏိုက္တက္ကလည္း ေနာက္တန္းေနရာမွာ မက္ဂြါရီနဲ႔တြဲဖက္ဖို႔ အူပါမီကာႏိုကို အရေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။
ဘိုင္ယန္အသင္းအမႈေဆာင္ ႐ူမင္နစ္ဂီကလည္း ၿပီးခဲ့တဲ့အပတ္တုန္းက အူပါမီကာႏိုကိုေခၚယူခ်င္ေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ သူ႔ကိုေခၚယူခ်င္ပါတယ္။ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ကိုဗစ္ျဖစ္ေနတာေၾကာာင့္ ဘ႑ာေရးအေျခအေနက အေရးအႀကီးဆုံးအရာျဖစ္လာပါတယ္”လို႔ ႐ူမင္နစ္ဂီက ေျပာၾကားခဲ့ပါတယ္။