တူချယ်က ဟာလန်းအားခေါ်ယူရန်စိတ်ဝင်စားကြောင်း အတည်ပြု

သောမတ်စ် တူချယ်ကဒေါ့မွန်မှအာလင်းဟာလန်းအားခေါ်ယူရန်

စိတ်ဝင်စားကြောင်းအတည်ပြုသွားပါတယ်။အသက်၂၁နှစ်ရှိနော်ဝေ တိုက်စစ်မှူးဟာ

ဒေါ့မွန်အတွက်ဘွန်ဒက်စ်လီဂါ၆၉ပွဲတွင်ဂိုး၇၀သွင်းပြီး ၁၉ကြိမ်ဖန်တီးမှု

ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကြောင့်သူ့ကိုမန်ယူ၊

ပီအက်စ်ဂျီ၊ဘာစီလိုနာ၊ မန်စီးတီးတို့ကလည်းစိတ်ဝင်စားနေပါတယ်။

တူချယ်က “အပြောင်းအရွှေ့ဈေးကွက်တုန်းကဟာလန်းနဲ့ပတ်သက်ပြီး

ပြောခဲ့တာတွေရှိပါတယ်။မဖြစ်နိုင်သလိုဖြစ်ခဲ့တယ်။သူကစိတ်လှုပ်ရှားဖို့

ကောင်းတဲ့ကစားသမားတစ်ဦးဖြစ်သလို ဒေါ့မွန်ကထိပ်တန်းကစားသမား

ဆိုတော့သူနဲ့ပတ်သက်ပြီးကျွန်တော်တို့ပုံမှန်ပြောဖြစ်နေမှာပါ”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးသောမတ်စ်တူချယ်ကအာလင်းဟာလန်းကို ချဲလ်ဆီးတိုက်စစ်တွင်

ပေါင်၉၇.၅သန်းတန် လူကာကူနှင့်တွဲဖက်ကစားစေနိုင်ကြောင်းလည်းပြောကြားသွားပါတယ်။

တူချယ်က “ဟာလန်းကိုခေါပြီး လူကာကူနဲ့တွဲကစားဖို့လား။ဒါနဲ့ပတ်သက်ပြီး

ပြောရတာမခက်ပါဘူး။လာမယ့်ရက်သတ္တပတ်တွေမှာဘာတွေဖြစ်လာမလဲ

ကြည့်ရပါမယ်”လို့ပြောကြားခဲ့ပါတယ်။ အာလင်းဟာလန်းနှင့်ဒေါ့မွန်တို့

ချုပ်ဆိုထားတဲ့စာချုပ်မှာသူ့ကိုပေါင်၆၄သန်းဖြင့်ခေါ်ယူနိုင်မယ့်အချက်ပါဝင်ပြီး

ယင်းအချက်မှာယခုရာသီအကုန်တွင်စတင်အကျုံးဝင်ပါမယ်။

zawgyi

တူခ်ယ္က ဟာလန္းအားေခၚယူရန္စိတ္ဝင္စားေၾကာင္း အတည္ျပဳ

ေသာမတ္စ္ တူခ်ယ္ကေဒါ့မြန္မွအာလင္းဟာလန္းအားေခၚယူရန္

စိတ္ဝင္စားေၾကာင္းအတည္ျပဳသြားပါတယ္။အသက္၂၁ႏွစ္ရွိေနာ္ေဝ တိုက္စစ္မႉးဟာ

ေဒါ့မြန္အတြက္ဘြန္ဒက္စ္လီဂါ၆၉ပြဲတြင္ဂိုး၇၀သြင္းၿပီး ၁၉ႀကိမ္ဖန္တီးမႈ

ျပဳလုပ္ထားႏိုင္သူျဖစ္ပါတယ္။ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ေၾကာင့္သူ႔ကိုမန္ယူ၊

ပီအက္စ္ဂ်ီ၊ဘာစီလိုနာ၊ မန္စီးတီးတို႔ကလည္းစိတ္ဝင္စားေနပါတယ္။

တူခ်ယ္က “အေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဟာလန္းနဲ႔ပတ္သက္ၿပီ

းေျပာခဲ့တာေတြရွိပါတယ္။မျဖစ္ႏိုင္သလိုျဖစ္ခဲ့တယ္။သူကစိတ္လႈပ္ရွားဖို႔

ေကာင္းတဲ့ကစားသမားတစ္ဦးျဖစ္သလို ေဒါ့မြန္ကထိပ္တန္းကစားသမား

ဆိုေတာ့သူနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔ပုံမွန္ေျပာျဖစ္ေနမွာပါ”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးေသာမတ္စ္တူခ်ယ္ကအာလင္းဟာလန္းကို ခ်ဲလ္ဆီးတိုက္စစ္တြင္

ေပါင္၉၇.၅သန္းတန္ လူကာကူႏွင့္တြဲဖက္ကစားေစႏိုင္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

တူခ်ယ္က “ဟာလန္းကိုေခၚၿပီးလူကာကူနဲ႔တြဲကစားဖို႔လား။ဒါနဲ႔ပတ္သက္ၿပီး

ေျပာရတာမခက္ပါဘူး။လာမယ့္ရက္သတၱပတ္ေတြမွာဘာေတြျဖစ္လာမလဲ

ၾကည့္ရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။ အာလင္းဟာလန္းႏွင့္ေဒါ့မြန္တို႔

ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္မွာသူ႔ကိုေပါင္၆၄သန္းျဖင့္ေခၚယူႏိုင္မယ့္အခ်က္ပါဝင္ၿပီး

ယင္းအခ်က္မွာယခုရာသီအကုန္တြင္စတင္အက်ဳံးဝင္ပါမယ္။