တူရကီကို အီတာလျံသားတွေ အစိမ်းလိုက်ကျွတ်ကျွတ် ဝါးစားခဲ့တယ်လို့ ဖာဘရီဂတ်စ် ချီးကျူး

စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ဟာ အီတလီအသင်းရဲ့အုပ်စုအဖွင့်ဂိုးပြတ်နိုင်ပွဲအပေါ် ချီးကျူးသွားခဲ့ပြီး အီတလီအနေနဲ့ တူရကီတွေကို အစိမ်းလိုက်ဝါးစားခဲ့တယ်လို့ တင်စားခဲ့ပါတယ်။
အီတလီဟာ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ဂိုးအထိ ပေးခဲ့ရပြီး တူရကီကတော့ ခံစစ်သီးသန့်ကစားသွားပါတယ်။

အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်က အီတလီအနေနဲ့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ချီးကျူးပါတယ်။
”အီတလီရဲ့ခြေစွမ်းကို အရမ်းအားရမိပါတယ်။ ဒုတိယပိုင်းမှာ သူတို့ ဘာလုပ်ရမလဲဆိုတာကို အပြည့်အဝလုပ်နိုင်ခဲ့တာဖြစ်ပြီး လျင်လျင်မြန်မြန်ထိုးဖောက်နိုင်ခဲ့ပါတယ်”


”တူရကီက ဘောလုံးကိုင်မကစားနိုင်ခဲ့ပါဘူး။ ပွဲကစားပြီဆိုရင် အဆိုးရွားဆုံးက ဘာလဲဆိုတော့ ဘောလုံးကန်ထုတ်နေရရုံပဲရှိတဲ့ ခံစစ်ကစားရတာဖြစ်ပြီး ဒီပွဲမှာလည်း အီတလီက တူရကီကို အစိမ်းလိုက်ဝါးစားသွားပါတယ်”


”အင်မိုဘီလီရဲ့နေရာယူပုံတွေက အရမ်းကောင်းသလို ဒုတိယပိုင်းမှာ ဂျော်ဂျင်ညိုနဲ့ ဘာရယ်လာတို့အတွဲကလည်း အပြစ်ပြောစရာတောင်မရှိခဲ့ပါဘူး။ အီတလီအသင်းအနေနဲ့ နိုင်ပွဲနဲ့ အပြည့်အဝကို ထိုက်တန်ပါတယ်”လို့ မိုနာကိုကွင်းလယ်လူ ဖာဘရီဂတ်စ်က ပြောပါတယ်။

အင်္ဂလန်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်ကလည်း ယူရိုမှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးနဲ့ပတ်သက်လို့ အီတလီက သူတို့အပေါ် သံသယဝင်နေသူတွေကို တိတ်ဆိတ်စေနိုင်ခဲ့တယ်လု့ိ ပြောပါတယ်။


နောက်ပြီး ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က အီတလီရဲ့အကောင်းဆုံးပုံစံ မဟုတ်သေးကြောင်း၊ အထူးသဖြင့် ကွင်းလယ်လူ ကြယ်ပွင့် ဗာရက်တီ ပြန်ပါလာရင် အီတလီက ပိုကြောက်စရာကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။

”အရေးကြီးတာကဘာလဲဆိုတော့ ဘောလုံးဆုံးရှုံးသွားချိန်မှာ နေရယူပုံပဲ။ ဒီနေ့ အီတလီကစားသွားတာ အဲဒီပုံစံအတိုင်းပဲ။ ဒီလိုကစားကွက်က ပြိုင်ဘက်တွေကို အခက်တွေ့စေပါတယ်။ Game Plan အတိုင်းကစားနိုင်ခဲ့တာပါ”

”နောက်ပိုင်းမှာ အီတလီအတွက် ပိုခက်ခဲတဲ့စမ်းသပ်မှုတွေ လာဦးမှာဖြစ်ပေမယ့် တူရကီနဲ့ပွဲမှာတော့ လုံးဝကိုပုံစံကောင်းပြသနိုင်ခဲ့ပါတယ်”
”ဒါတောင် ဗာရက်တီမပါနိုင်သေးဘူးနော်။ အီတလီနဲ့ပတ်သက်လို့ သံသယဝင်နေသူတွေ ဘာသံမှမထွက်အောင် လုပ်လိုက်တာပါပဲ”လု့ိ ဖာဒီနန်က ပြောပါတယ်။

Zawgyi
တူရကီကို အီတာလ်ံသားေတြ အစိမ္းလိုက္ကြၽတ္ကြၽတ္ ဝါးစားခဲ့တယ္လို႔ ဖာဘရီဂတ္စ္ ခ်ီးက်ဴး
စပိန္ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္ဟာ အီတလီအသင္းရဲ႕အုပ္စုအဖြင့္ဂိုးျပတ္ႏိုင္ပြဲအေပၚ ခ်ီးက်ဴးသြားခဲ့ၿပီး အီတလီအေနနဲ႔ တူရကီေတြကို အစိမ္းလိုက္ဝါးစားခဲ့တယ္လို႔ တင္စားခဲ့ပါတယ္။
အီတလီဟာ ပထမပိုင္းမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ၃ဂိုးအထိ ေပးခဲ့ရၿပီး တူရကီကေတာ့ ခံစစ္သီးသန႔္ကစားသြားပါတယ္။
အာဆင္နယ္၊ ဘာစီလိုနာနဲ႔ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဖာဘရီဂတ္စ္က အီတလီအေနနဲ႔ ႏိုင္ပြဲနဲ႔ ထိုက္တန္တယ္လို႔ ခ်ီးက်ဴးပါတယ္။

”အီတလီရဲ႕ေျခစြမ္းကို အရမ္းအားရမိပါတယ္။ ဒုတိယပိုင္းမွာ သူတို႔ ဘာလုပ္ရမလဲဆိုတာကို အျပည့္အဝလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး လ်င္လ်င္ျမန္ျမန္ထိုးေဖာက္ႏိုင္ခဲ့ပါတယ္”
”တူရကီက ေဘာလုံးကိုင္မကစားႏိုင္ခဲ့ပါဘူး။ ပြဲကစားၿပီဆိုရင္ အဆိုး႐ြားဆုံးက ဘာလဲဆိုေတာ့ ေဘာလုံးကန္ထုတ္ေနရ႐ုံပဲရွိတဲ့ ခံစစ္ကစားရတာျဖစ္ၿပီး ဒီပြဲမွာလည္း အီတလီက တူရကီကို အစိမ္းလိုက္ဝါးစားသြားပါတယ္”
”အင္မိုဘီလီရဲ႕ေနရာယူပုံေတြက အရမ္းေကာင္းသလို ဒုတိယပိုင္းမွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဘာရယ္လာတို႔အတြဲကလည္း အျပစ္ေျပာစရာေတာင္မရွိခဲ့ပါဘူး။ အီတလီအသင္းအေနနဲ႔ ႏိုင္ပြဲနဲ႔ အျပည့္အဝကို ထိုက္တန္ပါတယ္”လို႔ မိုနာကိုကြင္းလယ္လူ ဖာဘရီဂတ္စ္က ေျပာပါတယ္။
အဂၤလန္ဂႏၴဝင္ေနာက္ခံလူ ရီယိုဖာဒီနန္ကလည္း ယူ႐ိုမွာ ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးနဲ႔ပတ္သက္လို႔ အီတလီက သူတို႔အေပၚ သံသယဝင္ေနသူေတြကို တိတ္ဆိတ္ေစႏိုင္ခဲ့တယ္လု႔ိ ေျပာပါတယ္။
ေနာက္ၿပီး ယူႏိုက္တက္ကစားသမားေဟာင္း ဖာဒီနန္က အီတလီရဲ႕အေကာင္းဆုံးပုံစံ မဟုတ္ေသးေၾကာင္း၊ အထူးသျဖင့္ ကြင္းလယ္လူ ၾကယ္ပြင့္ ဗာရက္တီ ျပန္ပါလာရင္ အီတလီက ပိုေၾကာက္စရာေကာင္းလာလိမ့္မယ္လို႔ ဆိုပါတယ္။

”အေရးႀကီးတာကဘာလဲဆိုေတာ့ ေဘာလုံးဆုံးရႈံးသြားခ်ိန္မွာ ေနရယူပုံပဲ။ ဒီေန႔ အီတလီကစားသြားတာ အဲဒီပုံစံအတိုင္းပဲ။ ဒီလိုကစားကြက္က ၿပိဳင္ဘက္ေတြကို အခက္ေတြ႕ေစပါတယ္။ Game Plan အတိုင္းကစားႏိုင္ခဲ့တာပါ”
”ေနာက္ပိုင္းမွာ အီတလီအတြက္ ပိုခက္ခဲတဲ့စမ္းသပ္မႈေတြ လာဦးမွာျဖစ္ေပမယ့္ တူရကီနဲ႔ပြဲမွာေတာ့ လုံးဝကိုပုံစံေကာင္းျပသႏိုင္ခဲ့ပါတယ္”
”ဒါေတာင္ ဗာရက္တီမပါႏိုင္ေသးဘူးေနာ္။ အီတလီနဲ႔ပတ္သက္လို႔ သံသယဝင္ေနသူေတြ ဘာသံမွမထြက္ေအာင္ လုပ္လိုက္တာပါပဲ”လု႔ိ ဖာဒီနန္က ေျပာပါတယ္။