တော့တင်ဟမ်မှာ ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်ကို ပြောင်းရွှေ့ကြေးကြီးကြီးပေးပြီး ခေါ်ယူလိုနတဲ့ ဇီဒန်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ တော့တင်ဟမ်အသင်းမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။
ဆွန်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး အသင်းအတွက် ၁၆ ပွဲမှာ ၁၁ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
တူရကီကလာတဲသတင်းတွေအရ ရီးရဲလ်နည်းပြ ဇီဒန်းဟာ ဆွန်ဟောင်မင်ရဲ့အခြေအနေကို တစ်ဦးတည်းထောက်လှမ်းနေပြီး အပြောင်းအရွှေ့အတွက် အသင်းထံခေါ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါတယ်။
အသက် ၂၈ နှစ်သားရဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ သတင်းတွေကတော့ ရီးရဲလ်ဟာ လာမယ့်နွေရာသီမှာ ဆွန်ဟောင်မင်ကိုခေါ်ယူဖို့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ရီးရဲလ်အသင်းဟာ မကြာသေးခင်တုန်းကမှ ချဲလ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်ကို ဈေးကြီးပေးပြီး ခေါ်ယူထားခဲ့ကာ ဘယ်လ်ဂျီယံသားက စပိန်မြေမှာ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
တော့တင်ဟမ်အသင်းကလည်း အဓိကတိုက်စစ်မှူး ဆွန်ဟောင်မင်ကို စာချုပ်သစ်အတွက် ကမ်းလှမ်းထားပြီး မော်ရင်ဟိုကတော့ တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲစာချုပ်ကို ဆွန်ဟောင်မင် လက်မှတ်ထိုးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ဆွန်ရဲ့စာချုုပ်သက်တမ်းက ၃ နှစ်ကျန်ပါသေးတယ်။ ကျွန်တော်တို့ အလျင်လိုမှာမဟုတ်ပါဘူး။ ဆွန်ကလည်း ဒီမှာနေရတာကို ချစ်တယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့အနာဂတ်က အသင်းမှာကာလရှည်ဆက်ရှိနေမှာပါ။ အသင်းမှာရှိတဲ့သူတိုင်းကလည်း သူ့ကိုချစ်ပါတယ်။ ကျွန်တော်တို့မကြာခင်မှာ စာချုပ်သစ်ချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ မော်ရင်ဟိုက အောက်တိုဘာလတုန်းက ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi