တော်ပါတော့လို့ ပြောယူရတဲ့ တူချယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က ယူကရိန်းအရေးနဲ့ပတ်သက်ပြီး

ကလပ်ပိုင်ရှင်အေဘရာမိုဗစ် အကြောင်းကို သတင်းထောက်တွေက ပြန်ကာလှန်ကာ

မေးခွန်းထုတ်နေလို့ တော်ပါတော့လို့ ပြောယူရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားက သူ့အိမ်နီးချင်း ယူကရိန်းကိုကျူးကျော်မှုကြောင့် ရုရှားသမ္မတ ပူတင်နဲ့

နီးစပ်သူလို့ သတင်းတွေထွက်နေတဲ့ ပိုင်ရှင်မိုဗစ်ရဲ့ အခြေအနေကိုမေးခွန်းထုတ်မှုတွေ

အများကြီးရှိနေတာပါ။

ဒီလိုဖိအားကြောင့် မိုဗစ်ကလည်း ချဲလ်ဆီးအသင်းအပေါ်ဦးဆောင်မှုကို ကလပ်ရဲ့

ဖောင်ဒေးရှင်းဆီလွှဲပေးခဲ့ပြီ လို့ ကြေညာခဲ့ရတာပါ။တူချယ်ဟာ လီဗာပူးကိုရှုံးနိမ့်ခဲ့တဲ့

ကာရာဘောင်းဖလား ဗိုလ်လုပွဲမတိုင်ခင်မှာရုရှားရဲ့ကျူးကျော်မှုရပ်သွားမယ်ဆိုရင်

လီဗာပူးကိုပျော်ပျော်ကြီးအရှုံးပေးလိုက်မယ်လို့ပြောခဲ့သေးသူပါ။ ဒါပေမယ့်

စစ်ပွဲရဲ့အနိဌာရုံနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေအင်္ဂါနေ့ကသတင်းစာရှင်းလင်းပွဲမှ

ာထပ်ပြီးကြုံခဲ့လို့ မေးခွန်းမေး တာတွေရပါတော့လို့ ပြောရတဲ့အထိဖြစ်ခဲ့တာပါ။

လူတန်တောင်းနဲ့ ကစားရမယ့်အက်ဖ်အေဖလားပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ

မိုဗစ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေက ဆက်တိုက်ရှိလာခဲ့ပြီးနောက်စိတ်လှုပ်ရှားနေတဲ့

တူချယ်က”နားထောင်ကြဦး၊ နားထောက်ကြပါဦးဗျ။ ဒါတွေကိုမေးတာရပ်ပါတော့။

ကျုပ်ကနိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူးလေဗျာ။ခင်ဗျားတို့ရပ်ကြပါတော့ဗျာ။

ကျုပ်ကစစ်ပွဲရဲ့အနိဌာရုံ နဲ့လုံးဝမကြုံခဲ့ရတဲ့အတွက်ဆိုးရွားတဲ့ခံစားချက်တွေထပ်ပြီးဖြစ်ရတယ်။

ဒါကြောင့်အခုလိုထပ်ပြောရတာဟာကျွန်တော့်ကိုထပ်ဆိုးစေပါတယ်။ ဒီနေရာမှ

ာကျွန်တော်ငြိမ်းချမ်းစွာထိုင်နေတာပါ။တတ်နိုင်သလောက်လည်းအကောင်းဆုံးလုပ်ပေးနေလို့

ခင်ဗျားတို့မေးတာတွေ တော်ကြပါဗျာ။ ဖြေစရာလည်းအဖြေမရှိပါဘူး” လို့ပြောသွားပါတယ်။

Zawgyi

ေတာ္ပါေတာ့လို႔ ေျပာယူရတဲ့ တူခ်ယ္

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္က ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး

ကလပ္ပိုင္ရွင္ေအဘရာမိုဗစ္ အေၾကာင္းကို သတင္းေထာက္ေတြက ျပန္ကာလွန္ကာ

ေမးခြန္းထုတ္ေနလို႔ ေတာ္ပါေတာ့လို႔ ေျပာယူရတဲ့အထိ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားက သူ႔အိမ္နီးခ်င္း ယူကရိန္းကိုက်ဴးေက်ာ္မႈေၾကာင့္ ႐ုရွားသမၼတ ပူတင္နဲ႔

နီးစပ္သူလို႔ သတင္းေတြထြက္ေနတဲ့ ပိုင္ရွင္မိုဗစ္ရဲ႕ အေျခအေနကိုေမးခြန္းထုတ္မႈေတြ

အမ်ားႀကီးရွိေနတာပါ။

ဒီလိုဖိအားေၾကာင့္ မိုဗစ္ကလည္း ခ်ဲလ္ဆီးအသင္းအေပၚဦးေဆာင္မႈကို ကလပ္ရဲ႕

ေဖာင္ေဒးရွင္းဆီလႊဲေပးခဲ့ၿပီ လို႔ ေၾကညာခဲ့ရတာပါ။တူခ်ယ္ဟာ လီဗာပူးကိုရႈံးနိမ့္ခဲ့တဲ့

ကာရာေဘာင္းဖလား ဗိုလ္လုပြဲမတိုင္ခင္မွာ႐ုရွားရဲ႕က်ဴးေက်ာ္မႈရပ္သြားမယ္ဆိုရင္

လီဗာပူးကိုေပ်ာ္ေပ်ာ္ႀကီးအရႈံးေပးလိုက္မယ္လို႔ေျပာခဲ့ေသးသူပါ။ ဒါေပမယ့္

စစ္ပြဲရဲ႕အနိဌာ႐ုံနဲ႔ပတ္သက္ၿပီး ေမးျမန္းမႈေတြအဂၤါေန႔ကသတင္းစာရွင္းလင္းပြဲမွ

ာထပ္ၿပီးႀကဳံခဲ့လို႔ ေမးခြန္းေမး တာေတြရပါေတာ့လို႔ ေျပာရတဲ့အထိျဖစ္ခဲ့တာပါ။

လူတန္ေတာင္းနဲ႔ ကစားရမယ့္အက္ဖ္ေအဖလားပြဲမတိုင္ခင္သတင္းစာရွင္းလင္းပြဲမွာ

မိုဗစ္နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္မႈေတြက ဆက္တိုက္ရွိလာခဲ့ၿပီးေနာက္စိတ္လႈပ္ရွားေနတဲ့

တူခ်ယ္က”နားေထာင္ၾကဦး၊ နားေထာက္ၾကပါဦးဗ်။ ဒါေတြကိုေမးတာရပ္ပါေတာ့။

က်ဳပ္ကႏိုင္ငံေရးသမားတစ္ေယာက္ မဟုတ္ဘူးေလဗ်ာ။ခင္ဗ်ားတို႔ရပ္ၾကပါေတာ့ဗ်ာ။

က်ဳပ္ကစစ္ပြဲရဲ႕အနိဌာ႐ုံ နဲ႔လုံးဝမႀကဳံခဲ့ရတဲ့အတြက္ဆိုး႐ြားတဲ့ခံစားခ်က္ေတြထပ္ၿပီးျဖစ္ရတယ္။

ဒါေၾကာင့္အခုလိုထပ္ေျပာရတာဟာကြၽန္ေတာ့္ကိုထပ္ဆိုးေစပါတယ္။ ဒီေနရာမွ

ာကြၽန္ေတာ္ၿငိမ္းခ်မ္းစြာထိုင္ေနတာပါ။တတ္ႏိုင္သေလာက္လည္းအေကာင္းဆုံးလုပ္ေပးေနလို႔

ခင္ဗ်ားတို႔ေမးတာေတြ ေတာ္ၾကပါဗ်ာ။ ေျဖစရာလည္းအေျဖမရွိပါဘူး” လို႔ေျပာသြားပါတယ္။