တဲလက်စ်က လီဗာပူး ရောဘတ်ဆန်လိုမျိုး မန်ယူအတွက် အကောင်းဆုံး ဖြတ်တင်ဘောတွေ ပြုလုပ်နိုင်မယ့်သူပါ-ရွိုင်ယန်ဂစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တိုကပြောင်းလာတဲ့ တိုက်စစ်အားသန်တဲ့ ဘယ်နောက်ခံလူ တဲလက်စ်ဟာ လီဗာပူးက ရောဘတ်ဆန်လိုပဲ

ဖြတ်တင်ဘောတွေကို အကောင်းဆုံးပေးပို့နိုင်တဲ့ သူဖြစ်ပြီး မန်ယူအတွက် တကယ့်ကိုအားကိုးရမယ့်သူတစ်ဦးဖြစ်တယ်လို့

ရွိုင်ယန် ဂစ်က ပြောကြားလိုက်ပါတယ်။

ဂစ်က “လီဗာပူးမှာ အာနိုးနဲ့ ရောဘတ်ဆန်တို့ရဲ့ ဖြတ်တင်ဘောတွေ ဘယ်လောက်ကောင်းတယ်ဆိုတာ လူတိုင်းတွေ့ပါတယ်။

မန်ယူမှာလည်း ဒီလိုမျိုး ဂိုးရှေ့ကိုကောင်းမွန်တဲ့ဖြတ်တင်ဘောတွေ ပေးပို့နိုင်ဖို့ဆို ရင် တဲလက်စ်က ဖြစ်လာနိုင်တဲ့သူပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကစားသမား သစ် ဗန်ဒီဘိခ်မှာလည်း အထင်ကြီးစရာကောင်းတဲ့သူဖြစ်ပြီး ကွင်းထဲမှာ ဝင်လာ ပြီးရင် ဂိုးရဖို့အမြဲကြိုးစားနေတဲ့သူတစ်ဦးဖြစ်ကြောင်း ဂစ်က ချီးကျူးခဲ့ပါသေး တယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာ တဲလက်စ်နဲ့ ဗန်ဒီဘိခ်တို့ကို ပွဲထွက်ကစားသ မားအဖြစ် မသုံးတာကြောင့် ပရိသတ်တွေက အားမရဖြစ်နေပြီး

အသင်းအတွက် အကောင်းဆုံးအရည်အသွေးတွေပေးနိုင်တဲ့ သူတို့ ၂ ဦးကို ပွဲထွက်ခွင့်ပေးဖို့ လှုံ့ ဆော်နေသလို

အခုဆိုရင် အရှိန်အဝါရှိတဲ့ကစားသမားဟောင်းတွေကလည်း ဆိုးလ်ရှားကို စတင်ပြောကြားနေပြီဖြစ်ပါတယ်။

ဆိုးလ်ရှားက ဗန်ဒီဘိခ်နဲ့ပတ် သက်ပြီး “သူ့မှာ ဘောလုံးအမြင်ရှိသလို နည်းစနစ်ပိုင်းအရလည်း

အေဂျက်ဇ်က လာတာဖြစ်တာကြောင့် ကောင်းပြီးသားပါ။

ဒန်နီရယ်ဂျိမ်းစ်နဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ် တို့က ဘယ်တောင်ပံထွက်ပြီးကစားနိုင်ရင် ဗန်ဒီဘိခ်က အတွင်းဝင်ပြီး

ပိုလှုပ်ရှား တဲ့ပုံစံကစားရဖို့ရှိပါတယ်။

ဒါ့အပြင် သူက နေရာတော်တော်များများကစားနိုင်တဲ့ ဘောလုံးသမားတစ်ဦးလည်း ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ချန် ပီယံလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာ အဲလက်စ်တဲလက်စ်ဟာ

ပွဲထွက်ကစားသမားအဖြစ်ကစားပြီး ကွင်းထဲမှာ အချိန်တစ်နာရီကျော်ကစားခဲ့ရ ပေမယ့် ဗန်ဒီဘိခ်ကတော့ အခွင့်အရေးမရခဲ့ပါဘူး။

အခုလာမယ့်လိုက်ဇစ်နဲ့ပွဲမှာ လည်း ဒီကစားသမား ၂ ယောက်စလုံး ပွဲထုတ်မလား

ဒါမှမဟုတ် ပွဲကျပ်ကာလ မှာ ဆိုးလ်ရှား ကစားသမားတွေကို အလှည့်ကျပုံစံနဲ့ ဘယ်လိုပွဲထုတ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi


















