တံကောက်ကြောဒဏ်ရာကြောင့် တစ်လကြာအနားယူရတော့မယ့် ဗာရိန်း 

မန်ချက်စတာယူနိုက်တက်ကဗဟိုနောက်ခံလူရာဖေးလ်ဗာရိန်းမှာ

တံကောက်ကြောဒဏ်ရာကြောင့်တစ်လကြာအနားယူရတော့မည်ဖြစ်ကြောင်း

အတည်ပြုလိုက်ပါတယ်။ ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာအင်္ဂါနေ့တုန်းက

အတ္တလန္တာနှင့်၂ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ပထမပိုင်းမှာဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ဗာရိန်းဟာပေါင်ကြွက်သားဒဏ်ရာကြောင့်သုံးပတ်ကြာအနားယူရပြီးနောက်

စပါးစ်နှင့်ပွဲစဉ်တွင်မှပြန်လည်ကစားနိုင်ခဲ့သူဖြစ်ပြီးယခုအခါနောက်ထပ်တစ်လကြ

ာအနားယူရဦးမှာဖြစ်ပါတယ်။ သူဟာယခုအပတ်အကုန်မှာမန်စီးတီးနှင့်

ရင်ဆိုင်ကစားရမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှစတင်လွဲမှာဖြစ်ပြီးဝက်ဖို့ဒ်၊

ချဲလ်ဆီးတို့နှင့်ပရီးမီးယားလိဂ်ပွဲများအပြင်ဗီလာရီးရဲလ်ကိုအဝေးကွင်းသို့

သွားရောက်ကစားရမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်းလွဲချော်ပါမယ်။

သူဟာလာမယ့်ဒီဇင်ဘာလ၂ရက်နေ့မှာအာဆင်နယ်ကိုဧည့်ခံကစားရမယ့်

ပရီးမီးယားလိဂ်ပွဲစဉ်မှာပါဝင်လာနိုင်ဖို့တော့ရှိနေပါတယ်။

ဗာရိန်းဟာနွေရာသီအပြောင်းအရွှေ့မှာရီးရဲလ်မက်ဒရစ်မှပေါင်၄၂သန်းဖြင့်

ပြောင်းလာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၉ပွဲကစားထားပါတယ်။

zawgyi

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ တစ္လၾကာအနားယူရေတာ့မယ့္ ဗာရိန္း

မန္ခ်က္စတာယူႏိုက္တက္ကဗဟိုေနာက္ခံလူရာေဖးလ္ဗာရိန္းမွာ

တံေကာက္ေၾကာဒဏ္ရာေၾကာင့္တစ္လၾကာအနားယူရေတာ့မည္ျဖစ္ေၾကာင္း

အတည္ျပဳလိုက္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာအဂၤါေန႔တုန္းက

အတၱလႏၲာႏွင့္၂ဂိုးစီသေရက်တဲ့ပြဲစဥ္ရဲ႕ပထမပိုင္းမွာဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။

ဗာရိန္းဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္သုံးပတ္ၾကာအနားယူရၿပီးေနာက္

စပါးစ္ႏွင့္ပြဲစဥ္တြင္မွျပန္လည္ကစားႏိုင္ခဲ့သူျဖစ္ၿပီးယခုအခါေနာက္ထပ္တစ္လၾကာ

အနားယူရဦးမွာျဖစ္ပါတယ္။ သူဟာယခုအပတ္အကုန္မွာမန္စီးတီးႏွင့္

ရင္ဆိုင္ကစားရမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္မွစတင္လြဲမွာျဖစ္ၿပီးဝက္ဖို႔ဒ္၊

ခ်ဲလ္ဆီးတို႔ႏွင့္ပရီးမီးယားလိဂ္ပြဲမ်ားအျပင္ဗီလာရီးရဲလ္ကိုအေဝးကြင္းသို႔

သြားေရာက္ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလည္းလြဲေခ်ာ္ပါမယ္။

သူဟာလာမယ့္ဒီဇင္ဘာလ၂ရက္ေန႔မွာအာဆင္နယ္ကိုဧည့္ခံကစားရမယ့္

ပရီးမီးယားလိဂ္ပြဲစဥ္မွာပါဝင္လာႏိုင္ဖို႔ေတာ့ရွိေနပါတယ္။

ဗာရိန္းဟာေႏြရာသီအေျပာင္းအေ႐ႊ႕မွာရီးရဲလ္မက္ဒရစ္မွေပါင္၄၂သန္းျဖင့္

ေျပာင္းလာၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၉ပြဲကစားထားပါတယ္။