တွစ်တာကနေဝေဖန်တယ် နောက်ဆုံးတော့ကိုယ်ပဲဒုက္ခရောက်တာပဲ ကာလီလွိုက်ဒ်

ကာလီလွိုက်ဒ်ဟာပစ္စည်းပို့ဒရိုင်ဘာကို လူသိရှင်ကြားဝေဖန်မှုပြုလုပ်ခဲ့ရာမှ
တွစ်တာအကောင့်ကိုဖျက်ပြီးထွက်ပြေးခဲ့ရပါတယ်။

အမေရိကန်အမျိုးသမီးလက်ရွေးစင်ဟောင်းဟာ သူမမှာကြားထားတဲ့ပစ္စည်းများကို
ရေမစိုနိုင်တဲ့ တနေရာတည်းတွင်မထားဘဲ တံခါးဝတွင်

ဖြန့်ကျဲထားခဲ့မှုအတွက် FedEx ကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

လွိုက်ဒ်က “နှစ်သစ်ကိုရေစိုနေတဲ့ပါဆယ်ထုတ်တွေနဲ့ကြိုဆိုလိုက်တယ်။
FedEx ဒရိုင်ဘာာ နောက်ထပ်ခြေလှမ်းငါးလှမ်းလောက်လှမ်းလိုက်ရင်ဘဲ

လုံခြုံတဲ့အမိုးအောက်မှာထားနိုင်တယ်”လို့ဆိုသွားပါတယ်။
ဒါ့အပြင်သူမကဘယ်သူမှကိုယ့်အလုပ်ကိုဂရုတစိုက်မလုပ်ကြဘူးဆိုပြီးတော့

Hashtag လုပ်ခဲ့ပါသေးတယ်။သူမဟာပါဆယ်ပစ္စည်းများကို

ရိုက်ကူးထားတဲ့ဓာတ်ပုံနှင့်တွဲကာ တွစ်တာမှာတင်ခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာ ဒရိုင်ဘာရဲ့လုပ်ရပ်ကိုဝေဖန်မှုအပေါ် အားလုံးအားပေးထောက်ခံမှုရရှိမယ်လို့
မျှော်လင့်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့တကယ်တမ်းမှာတော့လွိုက်ဒ်ထင်ထားသလိုဖြစ်မလာခဲ့ဘဲ

ပရိသတ်များကသူမကိုသာဝေဖန်မှုပြုလုပ်ခဲ့ကြပါတယ်။
အထူးသဖြင့်ပရိသတ်များကယင်းပါဆယ်ပစ္စည်းပို့တဲ့ဒရိုင်ဘာမှာ

လုပ်ခအနည်းငယ်ဖြင့်သာလုပ်ကိုင်ရသူဖြစ်ပြီးအလုပ်ချိန်များစွာ
လုပ်ကိုင်ရမှုကိုစာနာထောက်ထားသောအားဖြင့် လွိုက်ဒ်ကို

ဝေဖန်မှုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။


ပရိသတ်တစ်ဦးက “ငွေကလေးနည်းနည်း၊အချိန်များများပေးပြီး

ပစ္စည်းပို့ရတဲ့လူတစ်ယောက်ကို တွစ်တာကနေဝေဖန်တယ်။
နောက်ဆုံးတော့ကိုယ်ပဲဒုက္ခရောက်တာပဲ”လို့ဆိုသွားပါတယ်။

လွိုက်ဒ်ဟာပရိသတ်များရဲ့ဝေဖန်မှုများကြုံဆုံရပြီးနောက်

တွစ်တာအကောင့်ကိုဖျက်ပြီးထွက်ပြေးခဲ့ရပါတယ်။
ဒါပေမဲ့သူမဟာ၂၄နာရီမပြည့်ခင်မှာဘဲအကောင့်ကိုပြန်သုံးခဲ့ပါတယ်။

zawgyi
တြစ္တာကေနေဝဖန္တယ္ ေနာက္ဆုံးေတာ့ကိုယ္ပဲဒုကၡေရာက္တာပဲ ကာလီလြိဳက္ဒ္

ကာလီလြိဳက္ဒ္ဟာပစၥည္းပို႔ဒ႐ိုင္ဘာကို လူသိရွင္ၾကားေဝဖန္မႈျပဳလုပ္ခဲ့ရာမွ

တြစ္တာအေကာင့္ကိုဖ်က္ၿပီးထြက္ေျပးခဲ့ရပါတယ္။
အေမရိကန္အမ်ိဳးသမီးလက္ေ႐ြးစင္ေဟာင္းဟာ သူမမွာၾကားထားတဲ့ပစၥည္းမ်ားကို

ေရမစိုႏိုင္တဲ့ တေနရာတည္းတြင္မထားဘဲ တံခါးဝတြင္
ျဖန႔္က်ဲထားခဲ့မႈအတြက္ FedEx ကိုေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။

လြိဳက္ဒ္က “ႏွစ္သစ္ကိုေရစိုေနတဲ့ပါဆယ္ထုတ္ေတြနဲ႔ႀကိဳဆိုလိုက္တယ္။

FedEx ဒ႐ိုင္ဘာာ ေနာက္ထပ္ေျခလွမ္းငါးလွမ္းေလာက္လွမ္းလိုက္ရင္ဘဲ
လုံၿခဳံတဲ့အမိုးေအာက္မွာထားႏိုင္တယ္”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္သူမကဘယ္သူမွကိုယ့္အလုပ္ကိုဂ႐ုတစိုက္မလုပ္ၾကဘူးဆိုၿပီးေတာ့
Hashtag လုပ္ခဲ့ပါေသးတယ္။သူမဟာပါဆယ္ပစၥည္းမ်ားကို

႐ိုက္ကူးထားတဲ့ဓာတ္ပုံႏွင့္တြဲကာ တြစ္တာမွာတင္ခဲ့တာလည္းျဖစ္ပါတယ္။

သူမဟာ ဒ႐ိုင္ဘာရဲ႕လုပ္ရပ္ကိုေဝဖန္မႈအေပၚ အားလုံးအားေပးေထာက္ခံမႈရရွိမယ္လို႔
ေမွ်ာ္လင့္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့တကယ္တမ္းမွာေတာ့လြိဳက္ဒ္ထင္ထားသလိုျဖစ္မလာခဲ့ဘဲ
ပရိသတ္မ်ားကသူမကိုသာေဝဖန္မႈျပဳလုပ္ခဲ့ၾကပါတယ္။

အထူးသျဖင့္ပရိသတ္မ်ားကယင္းပါဆယ္ပစၥည္းပို႔တဲ့ဒ႐ိုင္ဘာမွာ

လုပ္ခအနည္းငယ္ျဖင့္သာလုပ္ကိုင္ရသူျဖစ္ၿပီးအလုပ္ခ်ိန္မ်ားစြာ
လုပ္ကိုင္ရမႈကိုစာနာေထာက္ထားေသာအားျဖင့္ လြိဳက္ဒ္ကို

ေဝဖန္မႈျပဳလုပ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။
ပရိသတ္တစ္ဦးက “ေငြကေလးနည္းနည္း၊အခ်ိန္မ်ားမ်ားေပးၿပီး

ပစၥည္းပို႔ရတဲ့လူတစ္ေယာက္ကို တြစ္တာကေနေဝဖန္တယ္။

ေနာက္ဆုံးေတာ့ကိုယ္ပဲဒုကၡေရာက္တာပဲ”လို႔ဆိုသြားပါတယ္။
လြိဳက္ဒ္ဟာပရိသတ္မ်ားရဲ႕ေဝဖန္မႈမ်ားႀကဳံဆုံရၿပီးေနာက္

တြစ္တာအေကာင့္ကိုဖ်က္ၿပီးထြက္ေျပးခဲ့ရပါတယ္။
ဒါေပမဲ့သူမဟာ၂၄နာရီမျပည့္ခင္မွာဘဲအေကာင့္ကိုျပန္သုံးခဲ့ပါတယ္။