တွစ်တာတွင် ကီပါ ဝေဖန်ခံနေရပြီး ဆောက်သမ်တန်နဲ့ပွဲမှာ စွမ်းဆောင်ရည်အနည်းဆုံး ဖြစ်နေခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်အသင်းကို တောက်လျှောက်အနိုင်ရနေခဲ့ပြီး ပွဲပြီးခါနီး နောက်ဆုံးမိနစ် မှာ ချေပဂိုးပေးခဲ့ရတာနဲ့ပတ်သက်ပြီး ဂိုးသမားကီပါတစ်ယောက်ကတော့ တွစ်တာမှာ ပရိသတ်တွေရဲ့ဝေဖန်မှုကို အလူးအလဲခံနေရပါတယ်။

ကီပါဟာ ဒီနှစ် ပရီးမီးယားလိဂ်ပွဲ စဉ်တွေထဲမှာ သူ့ဆီကန်သွင်းခဲ့တဲ့ဂိုးပေါက်တည့်ကန်သွင်းချက် ၅ ကြိမ်မှာ ၄ ဂိုးပေး ထားရတာလည်း ဖြစ်ပါတယ်။

ဒီရာသီ သူ့ရဲ့ကြီးမားထင်ရှားတဲ့အမှားတွေကို ပြောရ မယ်ဆိုရင်တော့ ဘရိုက်တန်နဲ့ ၁-၁ ဖြစ်တဲ့ပွဲမှာ သူ့လက်မောင်းအောက်ကနေ ဂိုးဝင် သွားတဲ့ဂိုး၊ လီဗာပူးနဲ့ပွဲမှာ မာနေးဆီကို မှားပေးမိရာကနေ ပေးလိုက်ရတဲ့ဂိုးနဲ့ အခု ဆောက်သမ်တန်နဲ့ပွဲမှာ မဖြစ်သင့်တဲ့အမှားဂိုးတို့ပဲ ဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲ မှာ အချက်အလက်ထုတ်ပြန်မှုတွေအရ အသင်း ၂ သင်းက ကစားသမားတွေရဲ့ လုပ် အားနှုန်း Rating မှာ ကီပါဟာ အနည်းဆုံးဖြစ်ခဲ့ပြီး ၅ မှတ်ပဲရပါတယ်။

အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ တီမိုဝါနာကတော့ ၉ မှတ်အထိရပြီး အကောင်းဆုံးသတ်မှတ်ခံခဲ့ရ ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးဟာ ကစားသမားသစ် ၂ ဦးဖြစ်တဲ့ ဟာဗက်ဇ်နဲ့ တီမိုဝါနာတို့ရဲ့ ဂျာမနီတိုက်စစ်အတွဲကနေ ၂ ယောက်စလုံး ဂိုးတွေရပြီး အိမ်ကွင်းမှာ အနိုင် ၃ မှတ် ရလုနီးပါးဖြစ်ခဲ့တာပါ။

ဒါပေမယ့် ကီပါရဲ့မမှားသင့်တဲ့အမှားကနေ ချေပဂိုးပေးလိုက်ရတာကြောင့် သရေကျသွားခဲ့တာပါ။ ဆောက်သမ်တန်အသင်းက ကစားသမားတွေထဲမှာ လုပ်အားနှုန်းအများဆုံးဖြစ်ခဲ့တာကတော့ ဒန်နီအင့်စ်နဲ့ အဒမ်တို့တိုက်စစ်အတွဲပါပဲ။

သူတို့ ၂ ယောက်က Rating ၇ အထိ ရခဲ့ပါတယ်။ ချဲလ်ဆီးက တီမိုဝါနာအတွက်က တော့ ဒါဟာ ပထမဆုံးပရီးမီးယားလိဂ်ဂိုး ဈေးဦးပေါက်ခဲ့တာဖြစ်ပြီး အသင်း အနိုင်မရခဲ့ တဲ့အတွက် သူ့အနေနဲ့ အပြည့်အဝမပျော်နိုင်ခဲ့ပါဘူးလို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်း နာရီဝက်အတွင်းမှာ တီမိုဝါနာရဲ့ ၂ ဂိုးနဲ့ ဦး ဆောင်နေခဲ့တာဖြစ်ပြီး ဆောက်သမ်တန်က ဒန်နီအင့်စ်နဲ့ အဒမ်တို့က ချေပဂိုးပြန်သွင်းခဲ့ ပြီး ၂-၂ ဖြစ်နေတဲ့အချိန်မှာ ဟာဗက်ဇ်က အနိုင်ဂိုးသွင်းထားခဲ့တာလည်း ဖြစ်ပါတယ်။

ကီပါကြောင့် ချဲလ်ဆီးဟာ အနိုင်ရခွင့်ကိုလက်လွှတ်ခဲ့ရပြီး သူကိုယ်တိုင်လည်း ဗီလိန် ဖြစ်သွားခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တြစ္တာတြင္ ကီပါ ေဝဖန္ခံေနရၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ စြမ္းေဆာင္ရည္အနည္းဆုံး ျဖစ္ေနခဲ့

ေဆာက္သမ္တန္အသင္းကို ေတာက္ေလွ်ာက္အႏိုင္ရေနခဲ့ၿပီး ပြဲၿပီးခါနီး ေနာက္ဆုံးမိနစ္ မွာ ေခ်ပဂိုးေပးခဲ့ရတာနဲ႔ပတ္သက္ၿပီး ဂိုးသမားကီပါတစ္ေယာက္ကေတာ့ တြစ္တာမွာ ပရိသတ္ေတြရဲ႕ေဝဖန္မႈကို အလူးအလဲခံေနရပါတယ္။ ကီပါဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ပြဲ စဥ္ေတြထဲမွာ သူ႔ဆီကန္သြင္းခဲ့တဲ့ဂိုးေပါက္တည့္ကန္သြင္းခ်က္ ၅ ႀကိမ္မွာ ၄ ဂိုးေပး ထားရတာလည္း ျဖစ္ပါတယ္။

ဒီရာသီ သူ႔ရဲ႕ႀကီးမားထင္ရွားတဲ့အမွားေတြကို ေျပာရ မယ္ဆိုရင္ေတာ့ ဘ႐ိုက္တန္နဲ႔ ၁-၁ ျဖစ္တဲ့ပြဲမွာ သူ႔လက္ေမာင္းေအာက္ကေန ဂိုးဝင္ သြားတဲ့ဂိုး၊ လီဗာပူးနဲ႔ပြဲမွာ မာေနးဆီကို မွားေပးမိရာကေန ေပးလိုက္ရတဲ့ဂိုးနဲ႔ အခု ေဆာက္သမ္တန္နဲ႔ပြဲမွာ မျဖစ္သင့္တဲ့အမွားဂိုးတို႔ပဲ ျဖစ္ပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲ မွာ အခ်က္အလက္ထုတ္ျပန္မႈေတြအရ အသင္း ၂ သင္းက ကစားသမားေတြရဲ႕ လုပ္ အားႏႈန္း Rating မွာ ကီပါဟာ အနည္းဆုံးျဖစ္ခဲ့ၿပီး ၅ မွတ္ပဲရပါတယ္။

အသင္းအတြက္ ၂ ဂိုးသြင္းယူေပးခဲ့တဲ့ တီမိုဝါနာကေတာ့ ၉ မွတ္အထိရၿပီး အေကာင္းဆုံးသတ္မွတ္ခံခဲ့ရ ပါတယ္။ ဒီပြဲမွာ ခ်ဲလ္ဆီးဟာ ကစားသမားသစ္ ၂ ဦးျဖစ္တဲ့ ဟာဗက္ဇ္နဲ႔ တီမိုဝါနာတို႔ရဲ႕ ဂ်ာမနီတိုက္စစ္အတြဲကေန ၂ ေယာက္စလုံး ဂိုးေတြရၿပီး အိမ္ကြင္းမွာ အႏိုင္ ၃ မွတ္ ရလုနီးပါးျဖစ္ခဲ့တာပါ။

ဒါေပမယ့္ ကီပါရဲ႕မမွားသင့္တဲ့အမွားကေန ေခ်ပဂိုးေပးလိုက္ရတာေၾကာင့္ သေရက်သြားခဲ့တာပါ။ ေဆာက္သမ္တန္အသင္းက ကစားသမားေတြထဲမွာ လုပ္အားႏႈန္းအမ်ားဆုံးျဖစ္ခဲ့တာကေတာ့ ဒန္နီအင့္စ္နဲ႔ အဒမ္တို႔တိုက္စစ္အတြဲပါပဲ။ သူတို႔ ၂ ေယာက္က Rating ၇ အထိ ရခဲ့ပါတယ္။ ခ်ဲလ္ဆီးက တီမိုဝါနာအတြက္က ေတာ့ ဒါဟာ ပထမဆုံးပရီးမီးယားလိဂ္ဂိုး ေဈးဦးေပါက္ခဲ့တာျဖစ္ၿပီး အသင္း အႏိုင္မရခဲ့ တဲ့အတြက္ သူ႔အေနနဲ႔ အျပည့္အဝမေပ်ာ္ႏိုင္ခဲ့ပါဘူးလို႔ ပြဲအၿပီးမွာ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ပထမပိုင္း နာရီဝက္အတြင္းမွာ တီမိုဝါနာရဲ႕ ၂ ဂိုးနဲ႔ ဦး ေဆာင္ေနခဲ့တာျဖစ္ၿပီး ေဆာက္သမ္တန္က ဒန္နီအင့္စ္နဲ႔ အဒမ္တို႔က ေခ်ပဂိုးျပန္သြင္းခဲ့ ၿပီး ၂-၂ ျဖစ္ေနတဲ့အခ်ိန္မွာ ဟာဗက္ဇ္က အႏိုင္ဂိုးသြင္းထားခဲ့တာလည္း ျဖစ္ပါတယ္။ ကီပါေၾကာင့္ ခ်ဲလ္ဆီးဟာ အႏိုင္ရခြင့္ကိုလက္လႊတ္ခဲ့ရၿပီး သူကိုယ္တိုင္လည္း ဗီလိန္ ျဖစ္သြားခဲ့ရပါတယ္။