တွန်မီနေးရယူလိုက်တဲ့ ပရီးမီးယားလိဂ်သမိုင်းမှတ်တမ်းသစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်း ကွင်းလယ်လူ မက်တွန်မီနေးဟာ လိဒ်ကို ၆-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းမှာပွဲအစ ၃ မိနစ်အတွင်း ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ်မှာ လိဒ်ယူနိုက်တက်နဲ့ ၁၆ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ပြန်လည်ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ တွန်မီနေးဟာ ၆၉ စက္ကန့်နဲ့ ၃ မိနစ်တွေမှာ ဂိုးသွင်းယူခဲ့တာပါ။ သူ့ရဲ့ပထမဂိုးကို ဖာနန်ဒက်စ်က ဖန်တီးပေးလိုက်တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ မာရှယ်က သူ့ရဲ့ပြေးလမ်းကြောင်းထဲ ထိုးပေးလိုက်တာ ဖြစ်ပါတယ်။

လိဒ် နဲ့ပွဲမှာ သူ့ရဲ့ မထင်မှတ်တဲ့ဂိုးတွေကြောင့် မန်ယူဟာ ဂိုးပြတ်နိုင်ဖို့ လမ်းစပွင့်သလိုဖြစ်ခဲ့ရပါတယ်။ ပြိုင်ပွဲရဲ့ ၂၈ နှစ်ကြာသက်တမ်းအတွင်းမှာ ပွဲစပြီး ၃ မိနစ်အတွင်း ၂ ဂိုးသွင်းယူနိုင်ခဲ့သူမရှိခဲ့လို့ တွန်မီနေးက မှတ်တမ်းသစ်ရပြီး သမိုင်းဝင်သွားတာဖြစ်ပါတယ်။


ဒီစကော့တလန်သားဟာ မန်ယူအတွက် ပရီးမီးယားလိဂ် ၆၈ပွဲကစားပေးခဲ့သူဖြစ်ပြီး ၆ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မန်ယူအတွက် ပရီးမီးယားလိဂ်မှာ သူနောက်ဆုံးဂိုးသွင်းနိုင်ခဲ့တာက ပြီးခဲ့တဲ့ မတ် လအစောပိုင်းက မန်စီးတီးနဲ့ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်ပါတယ်။

ဒီပွဲမှာမန်ယူဟာ မိနစ် ၂၀ အတွင်း ၃ ဂိုးရရှိခဲ့လို့ ၁၄ နှစ်အတွင်း အစောဆုံး ၃ ဂိုးရှရှိမှုလည်းဖြစ်ခဲ့ပါတယ်။ သူတို့ တွေဟာ ၂၀၀၆ ဩဂုတ်လက ဖူလ်ဟမ်နဲ့အိမ်ကွင်းပွဲမှာ ၁၈ မိနစ်အတွင်း ၃ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက တွန်မီနေးကို ချီးကျူးစကားဆိုခဲ့ပြီး ကြံ့ခိုင်မှုပိုင်းမှာတော့ သရဲ တစ်ကောင် လိုဘဲလို့ ဆိုခဲ့ပါတယ်။

အသက် ၂၄ နှစ်ရှိတဲ့တွန်မီနေးဟာ ကစားအားကောင်းသလို ကြံ့ခိုင်မှုပိုင်းလည်း ပြည့်ဝတဲ့အတွက် ကွင်းလယ်ခံစစ်မှာ အားကိုးရတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ပွဲအပြီးမှာ တိုမီနေးက မီဒီယာတွေရှေ့မှာ လိဒ်ပွဲနဲ့ပတ်သက်ပြီး သူတို့ အသင်းသားတွေ ဘယ်လို စိတ်ထားခဲ့ကြတယ်ဆိုတာကိုလည်း ပြောကြားသွားခဲ့ပါတယ်။


“အဝတ်လဲခန်းထဲမှာကျွန်တော် အသင်းဖော်တွေကို ပြောဖြစ်ခဲ့ပါတယ်။ ဒါကငါတို့ရဲ့ အိမ်ကွင်း၊ ငါတို့ဂိုးတွေပိုသွင်းရမယ်။ အိုးထရက်ဖို့ဒ်ဆိုတာ ယူနိုက်တက်ရဲ့ အတောင့်တင်းဆုံးခံတပ်ကြီးဆိုတာ ကို ပြိုင်ဘက်အသင်းတွေနားလည်သွားစေရမယ် ဆိုပြီး ပြောဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားတစ်ယောက် ဖြစ်လာပြီဆိုရင်သိထားရမှာက ကစားရတဲ့ ပွဲတိုင်းဟာ ဖိုင်နယ် ပွဲတွေကြီးပဲဆိုတာ မမေ့သွားဖို့ပါပဲ။ ကျွန်တော်တို့တွေ အမှတ်ပေးဇယားကို ထိုင်ပြီး ကြည့်နေတာမျိုး လုပ်နေရမှာ မဟုတ်ဘူး…ကျွန်တော်တို့ အသင်းသားတွေအားလုံးက အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားဖို့ပဲလုပ်နေကြတာပါ။

အဲ့လို အမှတ်ပေးဇယားထိုင်ကြည့်ပြီး ဘယ်အဆင့်ကိုရောက်နေပြီးလဲဆိုတာ သုံးသပ်နေဖို့ ကျွန်တော်တို့မအားပါဘူး။” လိုပြောသွားခဲ့ပါတယ်။

ရွိုင်ကိန်းကလည်းခြေစွမ်းပြသခဲ့တဲ့ တော်မီနေးကို ချီးကျူးသွားခဲ့ပါတယ်။ တော်မီနေးကရင့်ကျက်လာပါပြီ။ ကျနော်သူ့ကိုအတော်လေးသဘောကျတယ်။ သူ့ရဲ့ဆံပင်ပုံစံကအစကို သဘောကျတာ။ ဒီပွဲကသူ့အတွက် ပြီးပြည့်စုံတဲ့ပွဲပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တြန္မီေနးရယူလိုက္တဲ့ ပရီးမီးယားလိဂ္သမိုင္းမွတ္တမ္းသစ္

မန္ယူအသင္း ကြင္းလယ္လူ မက္တြန္မီေနးဟာ လိဒ္ကို ၆-၂ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ၿပိဳင္ပြဲသမိုင္းမွာပြဲအစ ၃ မိနစ္အတြင္း ၂ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ သမိုင္းမွတ္တမ္းဝင္ခဲ့တယ္လို႔ သိရပါတယ္။

မန္ယူဟာ ပရီးမီးယားလိဂ္မွာ လိဒ္ယူႏိုက္တက္နဲ႔ ၁၆ ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ျပန္လည္ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ တြန္မီေနးဟာ ၆၉ စကၠန႔္နဲ႔ ၃ မိနစ္ေတြမွာ ဂိုးသြင္းယူခဲ့တာပါ။ သူ႔ရဲ႕ပထမဂိုးကို ဖာနန္ဒက္စ္က ဖန္တီးေပးလိုက္တာျဖစ္ၿပီး ဒုတိယဂိုးကိုေတာ့ မာရွယ္က သူ႔ရဲ႕ေျပးလမ္းေၾကာင္းထဲ ထိုးေပးလိုက္တာ ျဖစ္ပါတယ္။
လိဒ္ နဲ႔ပြဲမွာ သူ႔ရဲ႕ မထင္မွတ္တဲ့ဂိုးေတြေၾကာင့္ မန္ယူဟာ ဂိုးျပတ္ႏိုင္ဖို႔ လမ္းစပြင့္သလိုျဖစ္ခဲ့ရပါတယ္။ ၿပိဳင္ပြဲရဲ႕ ၂၈ ႏွစ္ၾကာသက္တမ္းအတြင္းမွာ ပြဲစၿပီး ၃ မိနစ္အတြင္း ၂ ဂိုးသြင္းယူႏိုင္ခဲ့သူမရွိခဲ့လို႔ တြန္မီေနးက မွတ္တမ္းသစ္ရၿပီး သမိုင္းဝင္သြားတာျဖစ္ပါတယ္။

ဒီစေကာ့တလန္သားဟာ မန္ယူအတြက္ ပရီးမီးယားလိဂ္ ၆၈ပြဲကစားေပးခဲ့သူျဖစ္ၿပီး ၆ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ မန္ယူအတြက္ ပရီးမီးယားလိဂ္မွာ သူေနာက္ဆုံးဂိုးသြင္းႏိုင္ခဲ့တာက ၿပီးခဲ့တဲ့ မတ္ လအေစာပိုင္းက မန္စီးတီးနဲ႔ ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္ျဖစ္ပါတယ္။ ဒီပြဲမွာမန္ယူဟာ မိနစ္ ၂၀ အတြင္း ၃ ဂိုးရရွိခဲ့လို႔ ၁၄ ႏွစ္အတြင္း အေစာဆုံး ၃ ဂိုးရွရွိမႈလည္းျဖစ္ခဲ့ပါတယ္။ သူတို႔ ေတြဟာ ၂၀၀၆ ဩဂုတ္လက ဖူလ္ဟမ္နဲ႔အိမ္ကြင္းပြဲမွာ ၁၈ မိနစ္အတြင္း ၃ ဂိုးရရွိခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားက တြန္မီေနးကို ခ်ီးက်ဴးစကားဆိုခဲ့ၿပီး ႀကံ့ခိုင္မႈပိုင္းမွာေတာ့ သရဲ တစ္ေကာင္ လိုဘဲလို႔ ဆိုခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္ရွိတဲ့တြန္မီေနးဟာ ကစားအားေကာင္းသလို ႀကံ့ခိုင္မႈပိုင္းလည္း ျပည့္ဝတဲ့အတြက္ ကြင္းလယ္ခံစစ္မွာ အားကိုးရတဲ့သူတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရပါတယ္။ ပြဲအၿပီးမွာ တိုမီေနးက မီဒီယာေတြေရွ႕မွာ လိဒ္ပြဲနဲ႔ပတ္သက္ၿပီး သူတို႕ အသင္းသားေတြ ဘယ္လို စိတ္ထားခဲ့ၾကတယ္ဆိုတာကိုလည္း ေျပာၾကားသြားခဲ့ပါတယ္။”အဝတ္လဲခန္းထဲမွာကြၽန္ေတာ္ အသင္းေဖာ္ေတြကို ေျပာျဖစ္ခဲ့ပါတယ္။ ဒါကငါတို႕ရဲ႕ အိမ္ကြင္း၊ ငါတို႔ဂိုးေတြပိုသြင္းရမယ္။

အိုးထရက္ဖို႔ဒ္ဆိုတာ ယူႏိုက္တက္ရဲ႕ အေတာင့္တင္းဆံုးခံတပ္ၾကီးဆိုတာ ကို ျပိဳင္ဘက္အသင္းေတြနားလည္သြားေစရမယ္ ဆိုၿပီး ေျပာျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္ကစားသမားတစ္ေယာက္ ျဖစ္လာၿပီဆိုရင္သိထားရမွာက ကစားရတဲ့ ပြဲတိုင္းဟာ ဖိုင္နယ္ ပြဲေတြၾကီးပဲဆိုတာ မေမ့သြားဖို႕ပါပဲ။ ကၽြန္ေတာ္တို႕ေတြ အမွတ္ေပးဇယားကို ထိုင္ၿပီး ၾကည့္ေနတာမ်ိဳး လုပ္ေနရမွာ မဟုတ္ဘူး…ကၽြန္ေတာ္တို႔ အသင္းသားေတြအားလံုးက အေကာင္းဆံုးျဖစ္ေအာင္ၾကိဳးစားသြားဖို႕ပဲလုပ္ေနၾကတာပါ။ အဲ့လို အမွတ္ေပးဇယားထိုင္ၾကည့္ၿပီး ဘယ္အဆင့္ကိုေရာက္ေနၿပီးလဲဆိုတာ သံုးသပ္ေနဖို႕ ကြၽန္ေတာ္တို႔မအားပါဘူး။” လိုေျပာသြားခဲ့ပါတယ္။

႐ြိဳင္ကိန္းကလည္းေျခစြမ္းျပသခဲ့တဲ့ ေတာ္မီေနးကို ခ်ီးက်ဴးသြားခဲ့ပါတယ္။ ေတာ္မီေနးကရင့္က်က္လာပါၿပီ။ က်ေနာ္သူ႔ကိုအေတာ္ေလးသေဘာက်တယ္။ သူ႔ရဲ႕ဆံပင္ပုံစံကအစကို သေဘာက်တာ။ ဒီပြဲကသူ႔အတြက္ ၿပီးျပည့္စုံတဲ့ပြဲပါ။