တွမ်ဇန်ဘီအပေါ် ကွဲပြားတဲ့ အမြင်နဲ့သုံးသပ်သွားကြတဲ့ ဂစ်နဲ့ ဘာဘာတော့ဗ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSGနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေဟာ တွန်ဇီဘီရဲ့ အကြောင်းကိုစိတ်ဝင်တစားရှိလာနေကြပါပြီ။ဒါကြောင့် တွန်ဇီဘီရဲ့ကစားသမားဘဝ အကြောင်းနဲ့ ယူနိုက်တက်ရဲ့ဂန္တဝင်တွေရဲ့ ပြောဆိုအကြံပေးမှုတွေကိုဖော်ပြပေးလိုက်ပါတယ်။ တွန်ဇီဘီဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မွေးဖွားခဲ့ပြီး ငယ်ရွယ်စဉ်အချိန်ကတည်းက အင်္ဂလန်နိုင်ငံသို့ပြောင်းရွှေ့ခဲ့ပြီးအင်္ဂလန် နိုင်ငံသားအဖြစ်ခံယူထားပြီး ၁၉ နှစ်အောက်၊ ၂၀ နှစ်အောက်နှင့် ၂၁ နှစ်အောက်အဆင့်ပွဲတွေမှာ အင်္ဂလန်ကိုယ်စားပြုကစားသမားအဖြစ်ပါဝင်ကစားခဲ့ပါတယ်။ တွန်ဇီဘီဟာ ဂျင်မီမာဖီရဲ့ ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ဆုကို ရက်ဖိုဒ်ထက်တစ်နှစ်စောပြီး၂၀၁၄-၁၅ရာသီမှာ ရရှိခဲ့ပါတယ်။

သူဟာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီကထွက်ပေါ်လာတဲ့ သူလည်းဖြစ်ပြီး ခရစ်စတယ်ပဲလေ့နဲ့ ကစားခဲ့တဲ့ ၂၀၁၇ခုနှစ် အောက်တိုဘာလမှာ ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက် အသင်းကြီးမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာပုံမှန်ပွဲထွက်ခွင့်တော့မရခဲ့ပဲ အချိန်အတော်ကြာမှ အရံခုံပေါ်ကနေ တစ်ချို့ပွဲတွေမှာ လူစားလဲကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့ပါတယ်။ ၂၀၁၈ ဇန်နဝါရီလမှာတော့ သူ့ကို အက်စတွန်ဗီလာအသင်း ဆီကို အငှားချထားခဲ့ကြပါတယ်။ သူဟာယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲထွက်ကစားခွင့် မရရှိခဲ့တာကြောင့် သူ့အရည်အချင်းကို သတိမထားမိကြပေမယ့် အက်စတွန်ဗီလာအသင်မှာပွဲထွက်ခွင့်တွေရခဲ့ပြီး အက်စတွန်ဗီလာကို ချန်ပီယံရှစ်ကနေ ပရီမီးယားလိဂ်ကို ပြန်လည်တန်းတက်လာအောင်စွမ်းဆောင်ခဲ့သူတွေထဲမှာ ပါဝင်လာချိန်မှာတော့ သူဟာအရည်အသွေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ သိသာလာခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ဂျူလိုက်လမှာ ယူနိုက်တက်အသင်းကလည်း သူ့ကို ၂၀၂၂အထိသက်တမ်းရှိတဲ့ စာချုပ်အသစ်ချုပ်ဆိုခဲ့ပါတယ်။

တွန်ဇီဘီက ” မန်ချက်စတာယူနိုက်တက်မှာကျွန်တော်ကြီးပြင်းလာတာပါ။ ဒါကကျွန်တော့်ဘဝနဲ့ကျွန်တော့်မိသားစုဘဝရဲ့တစိတ်တပိုင်းပါပဲ။ ကျွန်တော့်ရဲ့ကလပ်အပေါ်ထားတဲ့ယုံကြည်မှုကို ကျွန်တော်အမြဲတန်ဖိုးထားပါတယ်။ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေကို ယူနိုက်တက်ရဲ့ကစားသမားတွေအနေနဲ့ ပြန်ပေးဆပ်ချင်ပါတယ်။ ကျွန်တော့်မှာကြိုးစားအားထုတ်မှုတွေအများကြီးရှိလာပြီး ရှေ့လျှောက်မှာအခုထက်ပိုမိုကောင်းမွန်တဲ့ခြေစွမ်းဖြစ်လာအောင် ကြိုးစားရမယ်ဆိုတာကျွန်တော်သိပါတယ်။ အက်စတွန်ဗီလာအသင်းမှာ ကစားခဲ့တဲ့ရာသီတလျှောက်လုံးရရှိခဲ့တဲ့အတွေ့အကြုံတွေကကျွန်တော့်အနာဂတ်အတွက်ကောင်းကျိုးဖြစ်စေခဲ့ပါတယ်။” လို့လည်း စာချုပ်အသစ်ချုပ်ဆိုခဲ့ချိန်က ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲတုန်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ခံစစ်မှာ ခြေစွမ်းပြသွားတဲ့ တွမ်ဇန်ဘီဟာ အနာဂတ်မှာ ကွင်းလယ်ကစားသမားအဖြစ် ဒီထက်မက ပိုကောင်းနိုင်သေးတယ်လို့ ယူနိုက်တက်ဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်က သုံးသပ်သွားတာကြောင့် ယူနိုက်ပရိသတ်တွေအကြား အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

ပဲရစ်မြို့မှာ မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ စဉ်ဟာ တွမ်ဇန်ဘီအတွက် ၂၀၂၀ခုနှစ်အတွင်း အသင်းရဲ့ပွဲထွက်စာရင်းထဲ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ၃ယောက်တန်းခံစစ်ရဲ့ ညာခြမ်းမှာ ကစားခဲ့ပြီး ဘာပေးနဲ့ နေမာတို့လို ကြယ်ပွင့် ကစားသမားတွေကို ကောင်းကောင်းထိန်းချုပ်သွားနိုင်ပါတယ်။

ဒီလို ခံစစ်မှာခြေစွမ်းပြသွားလို့လည်း တွမ်ဇန်ဘီအပေါ် ဂစ်ရဲ့ သုံးသပ်ချက်က နည်းနည်း ထူးဆန်းသလိုဖြစ်နေတာခဲ့တာပါ။ ဂစ်ဟာ မန်ချက်စတာယူနိုက်တက်မှာ နည်းပြ ဒေးဗစ်မွိုက်စ် လက်ထက်ရော လူးဝစ်ဗန်ဟားလ်လက်ထက်မှာပါ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါ။

လက်ရှိဝေးလ်လက်ရွေးစင်အသင်းနည်းပြတာဝန်ယူထားတဲ့ ဂစ်က “ပထမဆုံး ကျွန်တော်ပြောချင်တာက ဒီကောင်လေးဟာ စိတ်ဓါတ်ပိုင်းရော ခြေစွမ်းပါ တကယ်ကောင်းသူပါ။ အခုသူ့ရဲ့ကောင်းခြင်းတွေကို ထုတ်ပြနိုင်ဖို့ လိုအပ်တာက ကြံ့ခိုင်မှုကောင်းဖို့ပါပဲ။ ဘောလုံးကိုကောင်းကောင်း ကိုင်ကစားနိုင်တာကြောင့် ကွင်းလယ်ကိုတောင် တက်ကစားနိုင်မယ့်သူဖြစ်ပါတယ်။ လူးဝစ်ဗန်ဟားလ် လက်အောက်မှာတုန်းက သူ ကြံ့ခိုင်မှု ကောင်းနေချိန်မှာ ကွင်းလယ်ကစားသမားအဖြစ်သုံးဖို့ ကျွန်တော်တို့စဉ်းစားခဲ့ပါသေးတယ်။ ပွဲရဲ့အခြေအနေကို ကောင်းကောင်းသုံးသပ်နိုင်သူပါ။ ကစားတာမြန်ပြီး သူ့ရဲ့အရည်အချင်းအားလုံးကို ပီအက်စ်ဂျီနဲ့ပွဲတုန်းက ထုတ်ပြပါတယ်”လို့ ပြောပါတယ်။

တွမ်ဇန်ဘီဟာ ၂၀၁၅ခုနှစ်ကတည်းက မန်ချက်စတာယူနိုက်တက် စီနီယာအသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းကို ၂ ကြိမ်အငှားချခံခဲ့ရပြီး ဒီကြားထဲ ဒဏ်ရာကြောင့် မကြာခဏ နားခဲ့ရလို့ ပွဲကစားခွင့်နည်းခဲ့ရပါတယ်။ တွမ်ဇန်ဘီနဲ့ပတ်သက်လို့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဂစ်နဲ့မတူဘဲ တွမ်ဇန်ဘီဟာ ခံစစ်မှာ ကောင်းကောင်းခြေစွမ်းပြနိုင်သူလို့ ပြောသွားပါတယ်။

“တွမ်ဇန်ဘီဟာ ခံစစ်မှာ ကောင်းကောင်းကစားနိုင်သူတစ်ဦးလို့ ကျွန်တော် မြင်ပါတယ်။ သူ့အသက်အရွယ်အနေအထားနဲ့ကြည့်ရင် ကစားပုံအများကြီး ရင့်ကျက်သလို ကစားအားလည်း အရမ်း ကောင်းပါတယ်”လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တြမ္ဇန္ဘီအေပၚ ကြဲျပားတဲ့ အျမင္နဲ႔သံုးသပ္သြားၾကတဲ့ ဂစ္နဲ႔ ဘာဘာေတာ့ဗ္

PSGနဲ႕ကစားခဲ့တဲ့ပြဲအၿပီးမွာ ယူႏိုက္တက္ပရိသတ္ေတြဟာ တြန္ဇီဘီရဲ႕ အေၾကာင္းကိုစိတ္ဝင္တစားရွိလာေနၾကပါၿပီ။ဒါေၾကာင့္ တြန္ဇီဘီရဲ႕ကစားသမားဘဝ အေၾကာင္းနဲ႕ ယူႏိုက္တက္ရဲ႕ဂႏၱဝင္ေတြရဲ႕ ေျပာဆိုအၾကံေပးမႈေတြကိုေဖာ္ျပေပးလိုက္ပါတယ္။ တြန္ဇီဘီဟာ ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံမွာ ေမြးဖြားခဲ့ၿပီး ငယ္႐ြယ္စဥ္အခ်ိန္ကတည္းက အဂၤလန္ႏိုင္ငံသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးအဂၤလန္ ႏိုင္ငံသားအျဖစ္ခံယူထားၿပီး ၁၉ ႏွစ္ေအာက္၊ ၂၀ ႏွစ္ေအာက္ႏွင့္ ၂၁ ႏွစ္ေအာက္အဆင့္ပြဲေတြမွာ အဂၤလန္ကိုယ္စားျပဳကစားသမားအျဖစ္ပါဝင္ကစားခဲ့ပါတယ္။ တြန္ဇီဘီဟာ ဂ်င္မီမာဖီရဲ႕ ယူႏိုက္တက္ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးလူငယ္ဆုကို ရက္ဖိုဒ္ထက္တစ္ႏွစ္ေစာၿပီး၂၀၁၄-၁၅ရာသီမွာ ရရွိခဲ့ပါတယ္။

သူဟာ ယူႏိုက္တက္ရဲ႕ လူငယ္အကယ္ဒမီကထြက္ေပၚလာတဲ့ သူလည္းျဖစ္ၿပီး ခရစ္စတယ္ပဲေလ့နဲ႕ ကစားခဲ့တဲ့ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလမွာ ပထမဆံုးအၾကိမ္အျဖစ္ ယူႏိုက္တက္ အသင္းၾကီးမွာ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ သူဟာပံုမွန္ပြဲထြက္ခြင့္ေတာ့မရခဲ့ပဲ အခ်ိန္အေတာ္ၾကာမွ အရံခုံေပၚကေန တစ္ခ်ိဳ႔ပြဲေတြမွာ လူစားလဲကစားသမားအျဖစ္သာ ကစားခြင့္ရခဲ့ပါတယ္။ ၂၀၁၈ ဇန္နဝါရီလမွာေတာ့ သူ႕ကို အက္စတြန္ဗီလာအသင္း ဆီကို အငွားခ်ထားခဲ့ၾကပါတယ္။ သူဟာယူႏိုက္တက္အသင္းမွာ ပံုမွန္ ပြဲထြက္ကစားခြင့္ မရရွိခဲ့တာေၾကာင့္ သူ႔အရည္အခ်င္းကို သတိမထားမိၾကေပမယ့္ အက္စတြန္ဗီလာအသင္မွာပြဲထြက္ခြင့္ေတြရခဲ့ၿပီး အက္စတြန္ဗီလာကို ခ်န္ပီယံရွစ္ကေန ပရီမီးယားလိဂ္ကို ျပန္လည္တန္းတက္လာေအာင္စြမ္းေဆာင္ခဲ့သူေတြထဲမွာ ပါဝင္လာခ်ိန္မွာေတာ့ သူဟာအရည္အေသြးရွိတဲ့ကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုတာ သိသာလာခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ဂ်ဴလိုက္လမွာ ယူႏိုက္တက္အသင္းကလည္း သူ႕ကို ၂၀၂၂အထိသက္တမ္းရွိတဲ့ စာခ်ဳပ္အသစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

တြန္ဇီဘီက ” မန္ခ်က္စတာယူႏိုက္တက္မွာကြၽန္ေတာ္ႀကီးျပင္းလာတာပါ။ ဒါကကြၽန္ေတာ့္ဘဝနဲ႔ကြၽန္ေတာ့္မိသားစုဘဝရဲ႕တစိတ္တပိုင္းပါပဲ။ ကြၽန္ေတာ့္ရဲ႕ကလပ္အေပၚထားတဲ့ယုံၾကည္မႈကို ကြၽန္ေတာ္အျမဲတန္ဖိုးထားပါတယ္။ ကြၽန္ေတာ့္ရဲ႕စြမ္းေဆာင္ရည္ေတြကို ယူႏိုက္တက္ရဲ႕ကစားသမားေတြအေနနဲ႔ ျပန္ေပးဆပ္ခ်င္ပါတယ္။ ကြၽန္ေတာ့္မွာႀကိဳးစားအားထုတ္မႈေတြအမ်ားႀကီးရွိလာၿပီး ေရွ႕ေလွ်ာက္မွာအခုထက္ပိုမိုေကာင္းမြန္တဲ့ေျခစြမ္းျဖစ္လာေအာင္ ၾကိဳးစားရမယ္ဆိုတာကြၽန္ေတာ္သိပါတယ္။ အက္စတြန္ဗီလာအသင္းမွာ ကစားခဲ့တဲ့ရာသီတေလွ်ာက္လုံးရရွိခဲ့တဲ့အေတြ႕အႀကဳံေတြကကြၽန္ေတာ့္အနာဂတ္အတြက္ေကာင္းက်ိဳးျဖစ္ေစခဲ့ပါတယ္။” လို႕လည္း စာခ်ဳပ္အသစ္ခ်ဳပ္ဆိုခဲ့ခ်ိန္က ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ပြဲတုန္းက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ခံစစ္မွာ ေျခစြမ္းျပသြားတဲ့ တြမ္ဇန္ဘီဟာ အနာဂတ္မွာ ကြင္းလယ္ကစားသမားအျဖစ္ ဒီထက္မက ပိုေကာင္းႏိုင္ေသးတယ္လို႔ ယူႏိုက္တက္ဂႏၳ၀င္ကစားသမား ရိုင္ယန္ဂစ္က သံုးသပ္သြားတာေၾကာင့္ ယူႏိုက္ပရိသတ္ေတြအၾကား အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။

ပဲရစ္ၿမိဳ႕မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲ စဥ္ဟာ တြမ္ဇန္ဘီအတြက္ ၂၀၂၀ခုႏွစ္အတြင္း အသင္းရဲ႕ပြဲထြက္စာရင္းထဲ ပထမဆံုးအႀကိမ္ ပါ၀င္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ၃ေယာက္တန္းခံစစ္ရဲ႕ ညာျခမ္းမွာ ကစားခဲ့ၿပီး ဘာေပးနဲ႔ ေနမာတို႔လို ၾကယ္ပြင့္ ကစားသမားေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္သြားႏိုင္ပါတယ္။

ဒီလို ခံစစ္မွာေျခစြမ္းျပသြားလို႔လည္း တြမ္ဇန္ဘီအေပၚ ဂစ္ရဲ႕ သံုးသပ္ခ်က္က နည္းနည္း ထူးဆန္းသလိုျဖစ္ေနတာခဲ့တာပါ။ ဂစ္ဟာ မန္ခ်က္စတာယူႏိုက္တက္မွာ နည္းျပ ေဒးဗစ္မြိဳက္စ္ လက္ထက္ေရာ လူး၀စ္ဗန္ဟားလ္လက္ထက္မွာပါ လက္ေထာက္နည္းျပအျဖစ္ေဆာင္ရြက္ခဲ့သူျဖစ္ပါ။

လက္ရွိေ၀းလ္လက္ေရြးစင္အသင္းနည္းျပတာ၀န္ယူထားတဲ့ ဂစ္က “ပထမဆံုး ကၽြန္ေတာ္ေျပာခ်င္တာက ဒီေကာင္ေလးဟာ စိတ္ဓါတ္ပိုင္းေရာ ေျခစြမ္းပါ တကယ္ေကာင္းသူပါ။ အခုသူ႔ရဲ႕ေကာင္းျခင္းေတြကို ထုတ္ျပႏိုင္ဖို႔ လုိအပ္တာက ႀကံ့ခိုင္မႈေကာင္းဖို႔ပါပဲ။ ေဘာလံုးကိုေကာင္းေကာင္း ကိုင္ကစားႏိုင္တာေၾကာင့္ ကြင္းလယ္ကိုေတာင္ တက္ကစားႏိုင္မယ့္သူျဖစ္ပါတယ္။ လူး၀စ္ဗန္ဟားလ္ လက္ေအာက္မွာတုန္းက သူ ႀကံ့ခိုင္မႈ ေကာင္းေနခ်ိန္မွာ ကြင္းလယ္ကစားသမားအျဖစ္သံုးဖို႔ ကၽြန္ေတာ္တို႔စဥ္းစားခဲ့ပါေသးတယ္။ ပြဲရဲ႕အေျခအေနကို ေကာင္းေကာင္းသံုးသပ္ႏိုင္သူပါ။ ကစားတာျမန္ၿပီး သူ႔ရဲ႕အရည္အခ်င္းအားလံုးကို ပီအက္စ္ဂ်ီနဲ႔ပြဲတုန္းက ထုတ္ျပပါတယ္”လို႔ ေျပာပါတယ္။

တြမ္ဇန္ဘီဟာ ၂၀၁၅ခုႏွစ္ကတည္းက မန္ခ်က္စတာယူႏိုက္တက္ စီနီယာအသင္းမွာ ပါ၀င္ခြင့္ရခဲ့ေပမယ့္ အက္စတြန္ဗီလာအသင္းကို ၂ ႀကိမ္အငွားခ်ခံခဲ့ရၿပီး ဒီၾကားထဲ ဒဏ္ရာေၾကာင့္ မၾကာခဏ နားခဲ့ရလို႔ ပြဲကစားခြင့္နည္းခဲ့ရပါတယ္။ တြမ္ဇန္ဘီနဲ႔ပတ္သက္လို႔ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ဂစ္နဲ႔မတူဘဲ တြမ္ဇန္ဘီဟာ ခံစစ္မွာ ေကာင္းေကာင္းေျခစြမ္းျပႏိုင္သူလို႔ ေျပာသြားပါတယ္။

“တြမ္ဇန္ဘီဟာ ခံစစ္မွာ ေကာင္းေကာင္းကစားႏိုင္သူတစ္ဦးလို႔ ကၽြန္ေတာ္ ျမင္ပါတယ္။ သူ႔အသက္အရြယ္အေနအထားနဲ႔ၾကည့္ရင္ ကစားပံုအမ်ားႀကီး ရင့္က်က္သလို ကစားအားလည္း အရမ္း ေကာင္းပါတယ္”လို႔ ဘာဘာေတာ့ဗ္က ေျပာပါတယ္။