တွမ်မီနေးရဲ့ ဂိုးနဲ့ FA ဖလား နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

FA ဖလား တတိယအဆင့်ပွဲတွေထဲက တစ်ပွဲအပါအဝင်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်ဖို့ဒ်တို့ပွဲမှာ အိမ်ရှင်အသင်းက (၁-၀) ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲမတိုင်ခင်ကတည်းက သတင်းတွေထွက်နေတဲ့အတိုင်းပဲ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အဓိက ကစားသမားတွေကို အနားပေးခဲ့ပြီး အပြောင်းအလဲ တချို့ပြုလုပ်ခဲ့တယ်။

ထူးခြားတာကတော့ တွမ်မီနေးဟာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကိုလည်း ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့ ဝက်ဖို့ဒ်အသင်းဟာ တစ်ချိန်က ပရီးမီးယားလိဂ်အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်ခဲ့တဲ့အနေအထားမျိုး မရှိတော့ပေမယ့် အခုပွဲမှာတော့ ယူနိုက်တက်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တယ်။ ပထမပိုင်းမှာ အခွင့်အရေးတချို့ရခဲ့ပေမယ့် အသုံးမချနိုင်လို့သာ ချေပဂိုး မရခဲ့တာပါ။

ပွဲအစပိုင်းမှာ ယူနိုက်တက်အသင်း ဖိကစားခဲ့ပြီး မိနစ် (၂၀)အတွင်းမှာပဲ ဂိုးပေါက်ကန်သွင်းမှု (၉)ကြိမ်အထိရှိခဲ့ပါတယ်။

ပွဲအစ (၅)မိနစ်ကတည်းက ယူနိုက်တက် အဖွင့်ဂိုးရခဲ့ပြီး ထောင်းကန်ဘောကနေ တဲလက်စ် တင်ပေးလိုက်တဲ့ ဘောလုံးကို တွမ်မီနေးက ခေါင်းတိုက်သွင်းခဲ့တာပါ။ မိနစ် (၂၀)နောက်ပိုင်းမှာ ယူနိုက်တက် ကစားပုံက ဖရိုဖရဲဖြစ်လာပြီး Double Pivot နေရာမှာ ကစားတဲ့ ဗန်ဒီဘိခ် ခံစစ်ကို ကူညီနိုင်မှု အားနည်းလို့ ဝက်ဖို့ဒ်အသင်းက ယူနိုက်တက်အသင်းရဲ့ ဘယ်ခြမ်းကနေ အဓိကထိုးဖောက်ခဲ့တယ်။

ပထမပိုင်းပြီးခါနီးအချိန်မှာ ဘိုင်လီက ဂိုးသမားဟန်ဒါဆန်နဲ့ထိခိုက်မိပြီး ဒဏ်ရာရရှိသွားခဲ့တာကြောင့် မက်ဂွိုင်းယားနဲ့လူစားလဲခဲ့ရပါတယ်။

ဗန်ဒီဘိခ်ဟာ Attacking Minded Player ဖြစ်တာကြောင့် ပြိုင်ဘက်အသင်း ဧရိယာဘက်ခြမ်းမှာ သူ ကစားတာကောင်းပေမယ့် အချိန်မီ အတက်အဆင်း မလုပ်နိုင်ခဲ့လို့ ကိုယ့်အသင်းဘက်မှာ Space တွေဖြစ်ခဲ့ရတယ်လို့ ပြောရမယ်။

နောက်တစ်ချက်ကတော့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ဘာဖြစ်လို့ မရှိမဖြစ်ကစားသမားဖြစ်နေရလဲဆိုတာ ဒီပွဲက အဖြေပါပဲ။ ဘရူနိုဖာနန်ဒက်စ်ရဲ့ အရည်အသွေးတွေထဲမှာ အဓိကအကျဆုံးက အသင်းကို စုစည်းမှုရှိအောင် Leading လုပ်နိုင်တာနဲ့ အသင်းဖော်တွေကို ယုံကြည်မှု ပေးနိုင်တာပဲဖြစ်ပါတယ်။

မိနစ်(၂၀)နောက်ပိုင်း ယူနိုက်တက်အသင်း ကစားပုံ ယိုယွင်းလာချိန်မှာ ဘရူနိုဖာနန်ဒက်စ်လိုမျိုး အသင်းဖော်တွေကို စုစည်းမှုပေးနိုင်တဲ့သူ မရှိဘူးဆိုတာ အရမ်းသိသာခဲ့တယ်။ ဒါပေမဲ့ ဝက်ဖို့ဒ်အသင်းကလည်း ယူနိုက်တက်အသင်းရဲ့ အားနည်းချက်ကို အခွင့်အရေး မယူနိုင်ခဲ့လို့ ချေပဂိုး ပြန်မရခဲ့တာကြောင့် ပွဲအပြီးမှာ ယူနိုက်တက်အသင်းက (၁-၀)ဂိုးနဲ့အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တြမ္မီေနးရဲ႕ ဂိုးနဲ႔ FA ဖလား ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့တဲ့ ယူႏိုက္တက္

FA ဖလား တတိယအဆင့္ပြဲေတြထဲက တစ္ပြဲအပါအဝင္ျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝက္ဖို႔ဒ္တို႔ပြဲမွာ အိမ္ရွင္အသင္းက (၁-၀) ဂိုးနဲ႔ အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ ပြဲမတိုင္ခင္ကတည္းက သတင္းေတြထြက္ေနတဲ့အတိုင္းပဲ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ အဓိက ကစားသမားေတြကို အနားေပးခဲ့ၿပီး အေျပာင္းအလဲ တခ်ိဳ႕ျပဳလုပ္ခဲ့တယ္။ ထူးျခားတာကေတာ့ တြမ္မီေနးဟာ အသင္းေခါင္းေဆာင္အျဖစ္ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ၿပီး အႏိုင္ဂိုးကိုလည္း ေထာင့္ကန္ေဘာကတစ္ဆင့္ ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

လိဂ္ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ရတဲ့ ဝက္ဖို႔ဒ္အသင္းဟာ တစ္ခ်ိန္က ပရီးမီးယားလိဂ္အသင္းႀကီးေတြကိုေတာင္ ဒုကၡေပးႏိုင္ခဲ့တဲ့အေနအထားမ်ိဳး မရွိေတာ့ေပမယ့္ အခုပြဲမွာေတာ့ ယူႏိုက္တက္အသင္းကို အေကာင္းဆုံးတုံ႔ျပန္ကစားႏိုင္ခဲ့တယ္။ ပထမပိုင္းမွာ အခြင့္အေရးတခ်ိဳ႕ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္လို႔သာ ေခ်ပဂိုး မရခဲ့တာပါ။ ပြဲအစပိုင္းမွာ ယူႏိုက္တက္အသင္း ဖိကစားခဲ့ၿပီး မိနစ္ (၂၀)အတြင္းမွာပဲ ဂိုးေပါက္ကန္သြင္းမႈ (၉)ႀကိမ္အထိရွိခဲ့ပါတယ္။

ပြဲအစ (၅)မိနစ္ကတည္းက ယူႏိုက္တက္ အဖြင့္ဂိုးရခဲ့ၿပီး ေထာင္းကန္ေဘာကေန တဲလက္စ္ တင္ေပးလိုက္တဲ့ ေဘာလုံးကို တြမ္မီေနးက ေခါင္းတိုက္သြင္းခဲ့တာပါ။ မိနစ္ (၂၀)ေနာက္ပိုင္းမွာ ယူႏိုက္တက္ ကစားပုံက ဖ႐ိုဖရဲျဖစ္လာၿပီး Double Pivot ေနရာမွာ ကစားတဲ့ ဗန္ဒီဘိခ္ ခံစစ္ကို ကူညီႏိုင္မႈ အားနည္းလို႔ ဝက္ဖို႔ဒ္အသင္းက ယူႏိုက္တက္အသင္းရဲ႕ ဘယ္ျခမ္းကေန အဓိကထိုးေဖာက္ခဲ့တယ္။ ပထမပိုင္းၿပီးခါနီးအခ်ိန္မွာ ဘိုင္လီက ဂိုးသမားဟန္ဒါဆန္နဲ႕ထိခိုက္မိၿပီး ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ မက္ဂြိဳင္းယားနဲ႔လူစားလဲခဲ့ရပါတယ္။

ဗန္ဒီဘိခ္ဟာ Attacking Minded Player ျဖစ္တာေၾကာင့္ ၿပိဳင္ဘက္အသင္း ဧရိယာဘက္ျခမ္းမွာ သူ ကစားတာေကာင္းေပမယ့္ အခ်ိန္မီ အတက္အဆင္း မလုပ္ႏိုင္ခဲ့လို႔ ကိုယ့္အသင္းဘက္မွာ Space ေတြျဖစ္ခဲ့ရတယ္လို႔ ေျပာရမယ္။ ေနာက္တစ္ခ်က္ကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းမွာ ဘာျဖစ္လို႔ မရွိမျဖစ္ကစားသမားျဖစ္ေနရလဲဆိုတာ ဒီပြဲက အေျဖပါပဲ။ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အရည္အေသြးေတြထဲမွာ အဓိကအက်ဆုံးက အသင္းကို စုစည္းမႈရွိေအာင္ Leading လုပ္ႏိုင္တာနဲ႔ အသင္းေဖာ္ေတြကို ယုံၾကည္မႈ ေပးႏိုင္တာပဲျဖစ္ပါတယ္။ မိနစ္(၂၀)ေနာက္ပိုင္း ယူႏိုက္တက္အသင္း ကစားပုံ ယိုယြင္းလာခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္လိုမ်ိဳး အသင္းေဖာ္ေတြကို စုစည္းမႈေပးႏိုင္တဲ့သူ မရွိဘူးဆိုတာ အရမ္းသိသာခဲ့တယ္။ ဒါေပမဲ့ ဝက္ဖို႔ဒ္အသင္းကလည္း ယူႏိုက္တက္အသင္းရဲ႕ အားနည္းခ်က္ကို အခြင့္အေရး မယူႏိုင္ခဲ့လို႔ ေခ်ပဂိုး ျပန္မရခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ယူႏိုက္တက္အသင္းက (၁-၀)ဂိုးနဲ႔အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။