တွဲကစားဖူးသမျှထဲမှာ ဗန်ပါစီက အွန်နရီထက် ပိုကောင်းတာလို့ ဆိုလာတဲ့ ဝဲလ်ကော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်တောင်ပံကစားသမားဟောင်း သီယိုဝဲလ်ကော့က တွဲကစားဖူးသမျှထဲမှာ အာဆင်နယ်ဂန္ထဝင် အွန်နရီထက် ဗန်ပါစီကသာ အကောင်းဆုံးဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ဆောက်သမ်တန်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းမှာ ၁၂ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ အက်ဖ်အေဖလား ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က ဆောက်သမ်တန်ကနေ အာဆင်နယ်ကို ပေါင် ၅ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဝဲလ်ကော့ဟာ ဖာဘရီဂတ်စ် ၊ ဆန်းချက်ဇ် ၊ အွန်နရီတို့နဲ့အတူ တွဲကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ အင်္ဂလန်သားကတော့ တွဲကစားဖူးသမျှ အာဆင်နယ်အသင်းဖော်တွေထဲမှာ အွန်နရီထက် ဗန်ပါစီကသာ အကောင်းဆုံးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အာဆင်နယ်မှာတွဲကစားဖူးသမျှ ကစားသမားတွေထဲက အကောင်းဆုံးအသင်းဖော်ကို ရွေးချယ်ပါဆိုရင် ဗန်ပါစီကိုပဲ ရွေးချယ်မှာပါ။

ကျွန်တော်မြင်ဖူးသမျှထဲမှာ ဗန်ပါစီက အဆုံးသတ်အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးပါ။ အွန်နရီထက်တောင် အဆုံးသတ်ကောင်းပါတယ်။

သူနဲ့အတူတွဲကစားရတာ အရမ်းကိုလွယ်ကူစေပါတယ်။ ဘယ်ခြေအားသန်ကစားသမားဖြစ်ပေမယ့် ထိပ်တန်းကစားသမားတစ်ဦးပါ။ ဒါကြောင့် ရာသီအနည်းငယ်အတွင်း ရွှေဖိနပ်ဆုရရှိခဲ့တာပါ”လို့ ဝဲလ်ကော့က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက ဗန်ပါစီကို ၂၀၀၄ ခုနှစ်က ဖီယင်နုအသင်းကနေ ပေါင် ၂.၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဗန်ပါစီဟာ အာဆင်ယန်အသင်းနဲ့အတူ အက်ဖ်အေဖလားရယူနိုင်ခဲ့ပြီး ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုကို ၂၀၁၁ – ၁၂ ရာသီမှာ ရရှိခဲ့ပါတယ်။

နယ်သာလန်သားဟာ ၂၀၁၂ ခုနှစ်က ယူနိုက်တက်ကိုမပြောင်းခင် အာဆင်နယ်အတွက် ၃၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဗန်ပါစီဟာ ယူနိုက်တက်ကိုပြောင်းရွှေ့ပြီးနောက် ပထမရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့နောက် ၂၀၁၅ ခုနှစ်က ယူနိုက်တက်ကနေ မထွက်ခွာခင် ဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရကာ ဖီနာဘာချီအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့နာက် ၂၀၁၉ အနားမယူခင်မှာ ဖီယင်အသင်းမှာ ၂၀၁၈ – ၁၉ ရာသီကို ဖြတ်သန်းခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တြဲကစားဖူးသမွ်ထဲမွာ ဗန္ပါစီက အြန္နရီထက္ ပုိေကာင္းတာလို႔ ဆုိလာတဲ့ ၀ဲလ္ေကာ့

အာဆင္နယ္ေတာင္ပံကစားသမားေဟာင္း သီယို၀ဲလ္ေကာ့က တြဲကစားဖူးသမွ်ထဲမွာ အာဆင္နယ္ဂႏၳ၀င္ အြန္နရီထက္ ဗန္ပါစီကသာ အေကာင္းဆံုးျဖစ္တယ္လို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ေဆာက္သမ္တန္တိုက္စစ္မွဴးဟာ အာဆင္နယ္အသင္းမွာ ၁၂ ႏွစ္တာကာလကို ျဖတ္သန္းခဲ့ျပီး အသင္းနဲ႔အတူ အက္ဖ္ေအဖလား ၂ ၾကိမ္ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၆ ခုႏွစ္က ေဆာက္သမ္တန္ကေန အာဆင္နယ္ကို ေပါင္ ၅ သန္းနဲ႔ေရာက္ရွိလာခဲ့တဲ့ ၀ဲလ္ေကာ့ဟာ ဖာဘရီဂတ္စ္ ၊ ဆန္းခ်က္ဇ္ ၊ အြန္နရီတို႔နဲ႔အတူ တြဲကစားခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ အဂၤလန္သားကေတာ့ တြဲကစားဖူးသမွ် အာဆင္နယ္အသင္းေဖာ္ေတြထဲမွာ အြန္နရီထက္ ဗန္ပါစီကသာ အေကာင္းဆံုးျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြ်န္ေတာ္ အာဆင္နယ္မွာတြဲကစားဖူးသမွ် ကစားသမားေတြထဲက အေကာင္းဆံုးအသင္းေဖာ္ကို ေရြးခ်ယ္ပါဆုိရင္ ဗန္ပါစီကိုပဲ ေရြးခ်ယ္မွာပါ။ ကြ်န္ေတာ္ျမင္ဖူးသမွ်ထဲမွာ ဗန္ပါစီက အဆံုးသတ္အေကာင္းဆံုးတုိက္စစ္မွဴးတစ္ဦးပါ။ အြန္နရီထက္ေတာင္ အဆံုးသတ္ေကာင္းပါတယ္။ သူနဲ႔အတူတြဲကစားရတာ အရမ္းကိုလြယ္ကူေစပါတယ္။ ဘယ္ေျခအားသန္ကစားသမားျဖစ္ေပမယ့္ ထိပ္တန္းကစားသမားတစ္ဦးပါ။ ဒါေၾကာင့္ ရာသီအနည္းငယ္အတြင္း ေရႊဖိနပ္ဆုရရွိခဲ့တာပါ”လို႔ ၀ဲလ္ေကာ့က ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဂႏၳ၀င္နည္းျပၾကီး အာစင္၀င္းဂါးက ဗန္ပါစီကို ၂၀၀၄ ခုႏွစ္က ဖီယင္ႏုအသင္းကေန ေပါင္ ၂.၇၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဗန္ပါစီဟာ အာဆင္ယန္အသင္းနဲ႔အတူ အက္ဖ္ေအဖလားရယူႏုိင္ခဲ့ျပီး ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆံုးဆုကို ၂၀၁၁ – ၁၂ ရာသီမွာ ရရွိခဲ့ပါတယ္။ နယ္သာလန္သားဟာ ၂၀၁၂ ခုႏွစ္က ယူႏိုက္တက္ကိုမေျပာင္းခင္ အာဆင္နယ္အတြက္ ၃၅ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဗန္ပါစီဟာ ယူႏုိက္တက္ကိုေျပာင္းေရႊ႕ျပီးေနာက္ ပထမရာသီမွာပဲ ပရီးမီးယားလိဂ္ဖလားကို သိမ္းပို္က္ႏိုင္ခဲ့ပါတယ္။

အဲ့ေနာက္ ၂၀၁၅ ခုႏွစ္က ယူႏိုက္တက္ကေန မထြက္ခြာခင္ ဒဏ္ရာေတြနဲ႔သာ ရုန္းကန္ခဲ့ရကာ ဖီနာဘာခ်ီအသင္းကိုေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲ့နာက္ ၂၀၁၉ အနားမယူခင္မွာ ဖီယင္အသင္းမွာ ၂၀၁၈ – ၁၉ ရာသီကို ျဖတ္သန္းခဲ့ပါတယ္။