အက်သလက်တီကိုအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူထရစ်ပီယာဟာ
ပြီးခဲ့တဲ့နွေရာသီတုန်းက အပြောင်းအရွှေ့မဖြစ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်
အသင်းဆီပြောင်းရွှေ့ဖို့ အခုအချိန်အထိ ဆန္ဒရှိနေဆဲဖြစ်တယ်လို့ စပိန်မီဒီယာတွေက
ဖော်ပြခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းဟာ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ
ထရစ်ပီယာကို ခေါ်ယူဖို့အတွက် လွန်ခဲ့တဲ့နှစ်တွေကတည်းကပစ်မှတ်ထားခဲ့ပြီး
ညာနောက်ခံလူနေရာမှာ ဘစ်ဆာကာနဲ့အပြိုင်ဖြစ်အောင်
ထရစ်ပီယာကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ထရစ်ပီယာရဲ့အပြောင်းအရွှေ့
အတွက် ပြီးခဲ့တဲ့နွေရာသီကာလမှာ အက်သလက်တီကိုအသင်းနဲ့ဆွေးနွေးခဲ့ပေမယ့်
အက်သလက်တီကိုအသင်းအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတယ်လို့
ယူဆခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။
ဒါပေမဲ့ ထရစ်ပီယာကတော့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခွင့်ရဖို့
မျှော်လင့်နေဆဲဖြစ်ပြီး အခုလောလောဆယ်
ယူနိုက်တက်အသင်းကလည်း ခံစစ်ပိုင်းပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့်
ထရစ်ပီယာကို ပြန်လည်ကြိုးပမ်းဖို့ရှိနေပါတယ်။ ထရစ်ပီယာကို ဆော်ဒီသန်းကြွယ်
သူဌေးတွေပိုင်ဆိုင်တဲ့ နယူးကာဆယ်အသင်းကလည်း ခေါ်ယူလိုနေတဲ့အတွက်
ယူနိုက်တက်အသင်း အပြိုင်ကြိုးပမ်းရဖို့ရှိနေပါပြီ။
zawgyi