ထရစ်ပီယာ ပွဲကစားခွင့် ၁၀ပတ် ပိတ်ပင်ခံရပြီးနောက် မစ်လန်းနိုင်းစ်ကို အငှားနဲ့ ခေါ်ယူဖို့ အက်သလက်တီကို ကြိုးစားလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန် အသင်းရဲ့ နောက်ခံလူ ကီရန် ထရစ်ပီယာ ဟာ လောင်းကစား စည်းမျဉ်း တွေကို ချိုးဖောက် ခဲ့တာ ကြောင့် ဒဏ်ငွေ ပေါင် (၇)သောင်း ပေးဆောင်ဖို့၊ ဘောလုံးလောကနဲ့ ပတ်သက်မှု မှန်သမျှ ကနေ ၁၀ ပတ် တိတိ မပတ်သက်ဖို့ အက်ဖ်အေ က အမိန့်ချ တားမြစ် လိုက်ပါတယ်။

ဒါကြောင့် ထရစ်ပီယာ ဟာ အက်သလက်တီကို မက်ဒရစ် ရဲ့ လာလီဂါ ပွဲစဉ်တွေ အပါ အဝင် ချဲလ်ဆီး နဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းဆင့် ပထမအကျော့ ကိုပါ လွဲချော် ရတော့ မှာလည်း ဖြစ်ပါတယ်။

ဒီအမှုဟာ မေလ ကတည်းက ထရစ်ပီယာ ကို အက်ဖ်အေ ကနေ စွဲချက် တင် ထားခဲ့တာ ဖြစ်ပြီး ထရစ်ပီယာ က အယူခံ ဝင် ခဲ့တာ ကြောင့် ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်ပြီး ဒီနေ့ မှာတော့ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက် ချမှတ် ခဲ့တာပဲ ဖြစ် ပါတယ် ။

ထရစ်ပီယာဟာ အက်ဖ်အေရဲ့ ထုတ်ပြန်ထားတဲ့ လောင်းကစားမှုနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်း (၄)ခုကို ချိုးဖောက်ထားတာကို စစ်ဆေး တွေ့ရှိခဲ့တာ ကြောင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် နေ့ကနေစတင်ပြီး ကမ္ဘာ တစ်ဝှမ်းမှာ ရှိနေတဲ့ ဘောလုံး နဲ့ ပတ်သက်တဲ့ ကိစ္စ ရပ်တွေ ကနေ ၁၀ ပတ် တိတိ မပတ်သက်ဘဲနေရမယ်ဆိုပြီး အပြီးသတ် အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်ကို လွတ်လပ်တဲ့ စည်းမျဉ်း ဥပဒေဆိုင်ရာ ကော်မတီ ကချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် အက်သလက်တီကိုအသင်းဟာ ညာနောက်ခံလူ ကီရန် ထရစ်ပီယာ ပွဲပယ်ခံခဲ့ရပြီးနောက် အာဆင်နယ် နောက်ခံလူ အင်စလေ မစ်လန်းနိုင်းစ်ကို ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။ အက်သလက်တီကိုဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်ခြင်းကြောင့် အက်ဖ်အေရဲ့ ၁၀ပတ် ပွဲပယ်ခံထားရတဲ့ ထရစ်ပီယာကို ၁၃ပွဲလောက်ထိ ဆုံးရှုံးရတော့မှာပါ။


လာလီဂါမှာ ထိပ်ဆုံးရောက်နေတဲ့ တီကိုဟာ ထရစ်ပီယာကို လက်လွှတ်ထားရတဲ့ အချိန်ကလာအတွင်း မစ်လန်းနိုင်းစ်ကို ခေါ်ယူဖို့ အရှိန်မြင့် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

Daily Mailရဲ့ ဖော်ပြချက်အရ ၂၃နှစ်သားဟာ အက်သလက်တီကိုရဲ့ အပြောင်းအရွှေ့ ရေဒါထဲမှာ အဓိက ပစ်မှတ်အဖြစ်ထွက်ပေါ်လာခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း အရှိန်မြင့် ကြိုးပမ်းလာမယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ အင်္ဂလန်သားကို လက်လွှတ်ဖို့ စဉ်းတောင်စဉ်းစားပါ့မလားဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ မစ်လန်းနိုင်းစ်ဟာ ယခုနှစ်ရာသီ အာတီတာလက်ထက် နေရာမရတဲ့အပေါ် စိတ်ပျက်မှုတွေ ရှိနေတယ်လို့တော့ ယုံကြည်ရပါတယ်။

နိုင်းစ်ဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ၄ပွဲသာ ပါဝင်ခွင့်ရထားပြီး နွေရာသီတုန်းက ဝုဗ်ကို ပြောင်းဖို့ နီးစပ်ခဲ့ပေမဲ့ အာဆင်နယ်က သူတို့ အကယ်ဒမီထွက်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဂန်းနားတွေဟာ အပြောင်းအရွှေ့ရာသီ စတင်ခဲ့ရင်တော့ မစ်လန်းနိုင်းစ်အတွက် အက်သလက်တီကိုရဲ့ အရှိန်မြင့် ကြိုးပမ်းလာမှုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi





