ထရိန်နင်ပြီးသွားတောင် မပြန်သေးဘဲ သူနဲ့အတူ လိုက်လေ့ကျင့်တဲ့ အသင်းဖော်တွေအကြောင်း ပြောလာတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းဖော် ၄ဦးဟာ ထရိန်နင်ပြီးသွားတာတောင်မှ မပြန်သေးဘဲ မိမိနဲ့အတူ အပိုလေ့ကျင့်ခန်းတွေ လုပ်လေ့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အသက် ၂၆ နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလက စပို့တင်းကနေ ပေါင် ၄၇ သန်းနဲ့ ရောက်လာချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး ယခုရာသီမှာလည်း ပြိုင်ပွဲစုံ ၂၉ပွဲမှာ ၁၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးထားပါတယ်။


သူဟာ ထရိန်နင်မှာလည်း ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်လေ့ရှိပြီး တနင်္ဂနွေနေ့က အက်ဖ်အေဖလားပွဲစဉ်အဖြစ် လီဗာပူးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ရာမှာ လူစားဝင်လာပြီးနောက် ပြစ်ဒဏ်ဘောကနေ အနိုင်ဂိုးသွင်းသွားပါတယ်။


အဲဒီပွဲအပြီးမှာ ဖာနန်ဒက်စ်က အသင်းရဲ့ထရိန်နင်ပြီးသွားချိန်မှာလည်း အသင်းဖော်တွေဖြစ်တဲ့ တယ်လက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဖရက်ဒ်နဲ့ ဟွမ်မာတာတို့က သူနဲ့အတူ အပိုလေ့ကျင့်ခန်းတွေ လုပ်ဖို့ ကျန်နေရစ်လေ့ရှိကြောင်း ပြောပါတယ်။

”ဖရီးကစ်ကို နေ့တိုင်းနီးပါး လေ့ကျင့်တာပါ။ တစ်ခါတလေ ဆိုးလ်ရှားကတောင် တော်ပါတော့လို့ ပြောယူရတဲ့အထိပါပဲ။ ပြီးတော့ မာတာရဲ့ကန်သွင်းပုံတွေကိုလည်း အမြဲစောင့်ကြည့်ဖြစ်တယ်။ သူက တကယ့်စပယ်ရှယ်လစ်တစ်ယောက်လေ”
”ထရိန်နင်မှာ ကျွန်တော်နဲ့မာတာတို့က အမြဲတမ်းနောက်ကျလေ့ရှိပေမယ့် တယ်လက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဖရက်ဒ်တို့လည်း ကျွန်တော်တို့နဲ့အတူတူ ကျန်နေရစ်ပြီး ဆက်လေ့ကျင့်လေ့ရှိပါတယ်”လို့ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်က ပြောပါတယ်။


ဖာနန်ဒက်စ်က ယူနိုက်တက်အသင်းမှာ ဖရီးကစ်အကန်ကောင်းသူအများကြီးရှိလို့ အသင်းရဲ့ဦးစားပေး ဖရီးကစ်ကန်သွင်းသူလုပ်ဖို့ မလိုဘူးလို့ ပြောပါတယ်။


”ပုံမှန်အားဖြင့်တော့ နည်းနည်းဝေးရင် ရက်ရှ်ဖို့ဒ်အကြိုက်ပါ။ အဝေးကနေ ကန်ရင် သူက ယုံကြည်မှုပိုရှိသလိုပဲ။ ကျွန်တော်ဆိုရင် ဂိုးနဲ့နီးမှ ပိုကြိုက်တယ်။ တကယ်လို့ မာတာနဲ့ တယ်လက်စ်တို့ ကွင်းထဲမှာရှိနေရင်လည်း သူတို့အတွက် အခွင့်အရေးရှိလာမှာသေချာတယ်။ သူတိုကတော့ ညာဘက်အခြမ်းမှာ ရရင် ပိုကောင်းတာပေါ့”လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ထရိန္နင္ၿပီးသြားေတာင္ မျပန္ေသးဘဲ သူနဲ႔အတူ လုိက္ေလ့က်င့္တဲ့ အသင္းေဖာ္ေတြအေၾကာင္း ေျပာလာတဲ့ ဖာနန္ဒက္စ္

ယူနုိက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က အသင္းေဖာ္ ၄ဦးဟာ ထရိန္နင္ၿပီးသြားတာေတာင္မွ မျပန္ေသးဘဲ မိမိနဲ႔အတူ အပိုေလ့က်င့္ခန္းေတြ လုပ္ေလ့ရွိတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ရွိ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ဇန္န၀ါရီလက စပို႔တင္းကေန ေပါင္ ၄၇ သန္းနဲ႔ ေရာက္လာခ်ိန္ကတည္းက အထူးေျခစြမ္းျပေနၿပီး ယခုရာသီမွာလည္း ၿပိဳင္ပြဲစုံ ၂၉ပြဲမွာ ၁၆ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
သူဟာ ထရိန္နင္မွာလည္း ျပင္းျပင္းထန္ထန္ ႀကိဳးစားေလ့က်င့္ေလ့ရွိၿပီး တနဂၤေႏြေန႔က အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ လီဗာပူးကုိ ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့ရာမွာ လူစား၀င္လာၿပီးေနာက္ ျပစ္ဒဏ္ေဘာကေန အႏိုင္ဂိုးသြင္းသြားပါတယ္။
အဲဒီပြဲအၿပီးမွာ ဖာနန္ဒက္စ္က အသင္းရဲ႕ထရိန္နင္ၿပီးသြားခ်ိန္မွာလည္း အသင္းေဖာ္ေတြျဖစ္တဲ့ တယ္လက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ဖရက္ဒ္နဲ႔ ဟြမ္မာတာတုိ႔က သူနဲ႔အတူ အပိုေလ့က်င့္ခန္းေတြ လုပ္ဖို႔ က်န္ေနရစ္ေလ့ရွိေၾကာင္း ေျပာပါတယ္။
”ဖရီးကစ္ကို ေန႔တုိင္းနီးပါး ေလ့က်င့္တာပါ။ တစ္ခါတေလ ဆုိးလ္ရွားကေတာင္ ေတာ္ပါေတာ့လုိ႔ ေျပာယူရတဲ့အထိပါပဲ။ ၿပီးေတာ့ မာတာရဲ႕ကန္သြင္းပုံေတြကိုလည္း အၿမဲေစာင့္ၾကည့္ျဖစ္တယ္။ သူက တကယ့္စပယ္ရွယ္လစ္တစ္ေယာက္ေလ”

”ထရိန္နင္မွာ ကၽြန္ေတာ္နဲ႔မာတာတုိ႔က အၿမဲတမ္းေနာက္က်ေလ့ရွိေပမယ့္ တယ္လက္စ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဖရက္ဒ္တုိ႔လည္း ကၽြန္ေတာ္တုိ႔နဲ႔အတူတူ က်န္ေနရစ္ၿပီး ဆက္ေလ့က်င့္ေလ့ရွိပါတယ္”လုိ႔ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္က ေျပာပါတယ္။
ဖာနန္ဒက္စ္က ယူႏိုက္တက္အသင္းမွာ ဖရီးကစ္အကန္ေကာင္းသူအမ်ားႀကီးရွိလုိ႔ အသင္းရဲ႕ဦးစားေပး ဖရီးကစ္ကန္သြင္းသူလုပ္ဖို႔ မလုိဘူးလို႔ ေျပာပါတယ္။
”ပုံမွန္အားျဖင့္ေတာ့ နည္းနည္းေ၀းရင္ ရက္ရွ္ဖို႔ဒ္အႀကိဳက္ပါ။ အေ၀းကေန ကန္ရင္ သူက ယုံၾကည္မႈပုိရွိသလုိပဲ။ ကၽြန္ေတာ္ဆုိရင္ ဂိုးနဲ႔နီးမွ ပိုႀကိဳက္တယ္။ တကယ္လုိ႔ မာတာနဲ႔ တယ္လက္စ္တုိ႔ ကြင္းထဲမွာရွိေနရင္လည္း သူတို႔အတြက္ အခြင့္အေရးရွိလာမွာေသခ်ာတယ္။ သူတိုကေတာ့ ညာဘက္အျခမ္းမွာ ရရင္ ပိုေကာင္းတာေပါ့”လုိ႔ ဖာနန္ဒက္စ္က ေျပာပါတယ္။