ထာဝရသရဲနီဖြစ်နေတဲ့ ရွန်နီက သားဖြစ်သူကိုလည်း သရဲနီမျိုးဆက်သစ်အဖြစ် လက်ဆင့်ကမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှုး ဝိန်းရူနီဟာ သူရဲ့ သားအကြီးဆုံးဖြစ်တဲ့ ကိုင်ရွန်နီကို ယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီနဲ့ ပူးပေါင်းဖို့ပြုလုပ်ပေးခဲ့ပြီး စာချုပ်ချုပ်ဆိုစေနိုင်ခဲ့ပါတယ်။

ကိုင်ဟာ (၁၀)နှစ်သားတုန်းက မန်စီးတီးလူငယ်အကယ်ဒမီနဲ့ ချိတ်ဆက်ခဲ့ပါသေးတယ်။ အခုတော့ အသက် (၁၁)နှစ်ရှိပြီဖြစ်တဲ့ ကိုင်ဟာ ယူနိုက်တက်လူငယ်အကယ်ဒမီအတွက် စာချုပ်ချုပ်ဆိုလိုက်ပါပြီ။

ဒီအကြောင်းကို ရွန်နီကသူရဲ့ဆိုရှယ်မီဒီယာမှာ ဓါတ်ပုံတင်ဖော်ပြခဲ့ပြီး ” ဂုဏ်ယူဖို့ကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ကိုင်ဟာ ယူနိုက်တက်အတွက် လက်မှတ်ရေးထိုးနေပါပြီ။ ကြိုးစားအားထုတ်လိုက်စမ်းပါ ငါ့သားလေး” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ရွန်နီဟာ အဲဗာတန်အသင်းကနေ မန်ယူအသင်းကို (၂၀၀၃) ခုနှစ်တုန်းက ဈေးအကြီးဆုံးလူငယ်ကစားသမားအဖြစ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၂၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုထက် တစ်နှစ်စောပြီး မန်ယူအသင်းကို ရောက်ရှိခဲ့တာပါ။

မန်ယူအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရရှိခဲ့တဲ့ ဖီနာဘာချီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖရီးကစ်ဂိုးအပါအဝင် ဟက်ထရစ်ရခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ အချစ်တော်ကစားသမားဘ၀ စာမျက်နှာကို စဖွင့်ခဲ့တာပါ။ မန်ယူအတွက် နည်းပြဖာဂူဆန်လက်ထက်ကနေ ဒေးဗစ်မိုရက်စ်၊ ဗန်ဟားလ်နဲ့ မော်ရင်ဟိုတို့ လက်ထက်အထိကစားပေးခဲ့ပြီး တိုက်စစ်မှုးနေရာကနေ အသင်းရဲ့လိုအပ်ချက်အရ ကွင်းလယ်အထိ ဆင်းကစား ပေးဆပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

အဲဗာတန်၊ မေဂျာလိဂ်က ဒီစီယူနိုက်တက်နဲ့ အခုနောက်ဆုံး ချန်ပီယံရှစ်က ဒါဘီကောင်တီအသင်းတို့မှာ ကစားသမားဘ၀ ကျင်လည်ကစားခဲ့ပြီး လက်ရှိမှာ ဒါဘီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတာပါ။

ရွန်နီဟာ မန်ယူအသင်းအတွက် (၅၅၉)ပွဲအထိ ကစားပေးခဲ့ပြီး (၂၅၃)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဘော်ဘီချာလ်တန်ရဲ့ အသင်းအတွက် ဂိုးအများဆုံးသွင်းတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။

အသင်းအတွက် ကစားတဲ့ပွဲတိုင်းမှာ နိုင်လိုစိတ်ပြင်းပြင်းပြပြ ကစားတတ်တဲ့ကစားဟန်ကြောင့် သရဲနီစိတ်ဓာတ်အပြည့်ရှိတဲ့သူအဖြစ် ချီကျူးခံခဲ့ရသလို မန်ချက်စတာဒါဘီတစ်ခုမှာ သွင်းယူပေးခဲ့တဲ့ bicycle kick လေထဲပြန်ဝဲကန်ချက်သွင်းဂိုးက မန်ယူအသင်းရဲ့ ရာစုနှစ်အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ကိုင်တစ်ယောက် ရွန်နီရဲ့ ခြေရာကိုလိုက်နင်းနိုင်မလားဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ထာ၀ရသရဲနီျဖစ္ေနတဲ႔ ရြန္နီက သားျဖစ္သူကိုလည္း သရဲနီမ်ိဳးဆက္သစ္အျဖစ္ လက္ဆင္႔ကမ္း

မန္္ယူအသင္းရဲ႔ ထာ၀ရဂိုးသြင္းအမ်ားဆံုး ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္တဲ႔ တိုက္စစ္မႈး ၀ိန္းရူနီဟာ သူရဲ႔ သားအၾကီးဆံုးျဖစ္တဲ႔ ကိုင္ရြန္နီကို ယူႏိုက္တက္အသင္းရဲ႔ လူငယ္အကယ္ဒမီနဲ႔ ပူးေပါင္းဖို႔ျပုလုပ္ေပးခဲ႔ျပီး စာခ်ဳပ္ခ်ဳပ္ဆိုေစႏိုင္ခဲ႔ပါတယ္။

ကိုင္ဟာ (၁၀)ႏွစ္သားတုန္းက မန္စီးတီးလူငယ္အကယ္ဒမီနဲ႔ ခ်ိတ္ဆက္ခဲ႔ပါေသးတယ္။ အခုေတာ႔ အသက္ (၁၁)ႏွစ္ရွိျပီျဖစ္တဲ႔ ကိုင္ဟာ ယူႏိုက္တက္လူငယ္အကယ္ဒမီအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါျပီ။ ဒီအေၾကာင္းကို ရြန္နီကသူရဲ႕ဆိုရွယ္မီဒီယာမွာ ဓါတ္ပံုတင္ေဖာ္ျပခဲ႔ျပီး ” ဂုဏ္ယူဖို႔ေကာင္းတဲ႔ ေန႔တစ္ေန႔ပါပဲ။ ကိုင္ဟာ ယူႏိုက္တက္အတြက္ လက္မွတ္ေရးထိုးေနပါျပီ။ ၾကိဳးစားအားထုတ္လိုက္စမ္းပါ ငါ႔သားေလး” ဆိုျပီး ေရးသားထားခဲ႔ပါတယ္။ ရြန္နီဟာ အဲဗာတန္အသင္းကေန မန္ယူအသင္းကို (၂၀၀၃) ခုႏွစ္တုန္းက ေစ်းအၾကီးဆံုးလူငယ္ကစားသမားအျဖစ္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ (၂၇)သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ျပီး စီေရာ္နယ္ဒိုထက္ တစ္ႏွစ္ေစာျပီး မန္ယူအသင္းကို ေရာက္ရွိခဲ႔တာပါ။

မန္ယူအသင္းအတြက္ ပြဲဦးထြက္ကစားခြင္႔ရရွိခဲ႔တဲ႔ ဖီနာဘာခ်ီနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဖရီးကစ္ဂိုးအပါအ၀င္ ဟက္ထရစ္ရခဲ႔ျပီး အိုးလ္ထရက္ဖို႔ဒ္မွာ အခ်စ္ေတာ္ကစားသမားဘ၀ စာမ်က္ႏွာကို စဖြင္႔ခဲ႔တာပါ။ မန္ယူအတြက္ နည္းျပဖာဂူဆန္လက္ထက္ကေန ေဒးဗစ္မိုရက္စ္၊ ဗန္ဟားလ္နဲ႔ ေမာ္ရင္ဟိုတို႔ လက္ထက္အထိကစားေပးခဲ႔ျပီး တိုက္စစ္မႈးေနရာကေန အသင္းရဲ႔လိုအပ္ခ်က္အရ ကြင္းလယ္အထိ ဆင္းကစား ေပးဆပ္ခဲ႔တဲ႔သူလည္းျဖစ္ပါတယ္။ အဲဗာတန္၊ ေမဂ်ာလိဂ္က ဒီစီယူႏိုက္တက္နဲ႔ အခုေနာက္ဆံုး ခ်န္ပီယံရွစ္က ဒါဘီေကာင္တီအသင္းတို႔မွာ ကစားသမားဘ၀ က်င္လည္ကစားခဲ႔ျပီး လက္ရွိမွာ ဒါဘီအသင္းရဲ႔ နည္းျပအျဖစ္ တာ၀န္ယူေဆာင္ရြက္ေနတာပါ။

ရြန္နီဟာ မန္ယူအသင္းအတြက္ (၅၅၉)ပြဲအထိ ကစားေပးခဲ႔ျပီး (၂၅၃)ဂိုးအထိသြင္းယူႏိုင္ခဲ႔ျပီး ေဘာ္ဘီခ်ာလ္တန္ရဲ႕ အသင္းအတြက္ ဂိုးအမ်ားဆံုးသြင္းတဲ႔ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ႔တာပါ။ အသင္းအတြက္ ကစားတဲ႔ပြဲတိုင္းမွာ ႏိုင္လိုစိတ္ျပင္းျပင္းျပျပ ကစားတတ္တဲ႔ကစားဟန္ေၾကာင္႔ သရဲနီစိတ္ဓာတ္အျပည္႔ရွိတဲ႔သူအျဖစ္ ခ်ီက်ဴးခံခဲ႔ရသလို မန္ခ်က္စတာဒါဘီတစ္ခုမွာ သြင္းယူေပးခဲ႔တဲ႔ bicycle kick ေလထဲျပန္၀ဲကန္ခ်က္သြင္းဂိုးက မန္ယူအသင္းရဲ႔ ရာစုႏွစ္အေကာင္းဆံုးသြင္းဂိုးအျဖစ္ သတ္မွတ္ခံခဲ႔ရပါတယ္။ ကိုင္တစ္ေယာက္ ရြန္နီရဲ႔ ေျခရာကိုလိုက္နင္းႏိုင္မလားဆိုတာေတာ႔ ဆက္ျပီးေစာင္႔ၾကည္႔ရမွာပါ။