ထိပ်တန်း ၆ သင်းနဲ့တွေ့ဆုံရာမှာ ဘာမှမလုပ်နိုင်တဲ့ ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို ပေါလ်စခိုးစိတ်ပျက်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ ထိပ်သီး ၆ သင်းနဲ့တွေ့ဆုံရာမှာ ကျဆင်းတတ်တဲ့ စွမ်းဆောင်ရည်ကို စိုးရိမ်နေပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၁၉ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ပေါင် ၄၉ သန်းနဲ့ စပို့တင်းကနေ ယူနိုက်တက်ကိုရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်သားဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၂၈ ဂိုးသွင်း ၁၈ ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာတော့ ဂိုးမသွင်းနိုင်ခဲ့ဘဲ စွမ်းဆောင်ရည်တွေကျဆင်းနေပါတယ်။

ပေါ်တူဂီသားဟာ အာဆင်နယ်ကိုသရေကျခဲ့တဲ့ပွဲမှာလည်း စွမ်းဆောင်ရည်တွေ ကျဆင်းခဲ့တာဖြစ်ပြီး အဆိုပါသရေပွဲကြောင့် ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ၃ မှတ်အထိ ကွာဟခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ချဲလ်ဆီး ၊ မန်စီးတီး ၊ လီဗာပူးတို့နဲ့ပွဲတွေမှာလည်း စွမ်းဆောင်ရည်တွေကျဆင်းခဲ့သလို အာဆင်နယ်ကိုလည်း ၁-၀ ဂိုးနဲ့ အရေးနိမ့်တုန်းက စွမ်းဆောင်ရည်တွေကျဆင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူဟောင်းကတော့ ကျဆင်းနေတဲ့ ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို စိုးရိမ်နေပြီး ချန်ပီယံဆုအတွက် ခက်ခဲသွားမှာကို စိုးရိမ်နေပါတယ်။

“ရှက်ဖီးလ်နဲ့ပွဲအပြီးမှာ နောက်ထပ်အာဆင်နယ်နဲ့ပွဲမှာလည်း ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် ဖာနန်ဒက်စ်တစ်ယောက် အသင်းကြီးတွေနဲ့တွေ့ဆုံရာမှာ ရုန်းကန်ရတာကို စိုးရိမ်မိပါတယ်။

ဖာနန်ဒက်စ်က ထိပ်တန်းအသင်းတွေနဲ့တွေ့ဆုံရာမှာ ဂိုးပေါက်ပျောက်ထားပါတယ်။ အဲ့တာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ချန်ပီယံဆုအတွက်ပါ စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်က ဒီနေ့ပွဲမှာ အရမ်းမကောင်းခဲ့သလို ဆာကာ ၊ အူဘာတို့လည်း မပါခဲ့ပါဘူး။ ယူနိုက်တက်က အဲ့တာကိုတောင် အနိုင်မကန်နိုင်တာ စိတ်ပျက်မိပါတယ်”လို့ ပေါလ်စခိုးလ်က ပြောကြားခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ထိပ္တန္း ၆ သင္းနဲ႔ေတြ႕ဆံုရာမွာ ဘာမွမလုပ္ႏုိင္တဲ့ ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ကုိ ေပါလ္စခိုးစိတ္ပ်က္ေန

ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ေပါလ္စခိုးလ္က ကြင္းလယ္လူ ဖာနန္ဒက္စ္ရဲ႕ ထိပ္သီး ၆ သင္းနဲ႔ေတြ႕ဆံုရာမွာ က်ဆင္းတတ္တဲ့ စြမ္းေဆာင္ရည္ကို စိုးရိမ္ေနပါတယ္။ ဖာနန္ဒက္စ္ဟာ ၂၀၁၉ ဇန္န၀ါရီအေျပာင္းအေရႊ႕တုန္းက ေပါင္ ၄၉ သန္းနဲ႔ စပို႔တင္းကေန ယူႏုိက္တက္ကိုေရာက္ရွိလာျပီးေနာက္ ေျခစြမ္းေကာင္းေတြျပသႏုိင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္သားဟာ ယူႏိုက္တက္အတြက္ ျပိဳင္ပြဲစံု ၅၃ ပြဲမွာ ၂၈ ဂိုးသြင္း ၁၈ ဂိုးဖန္တီးႏိုုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၆ ပြဲမွာေတာ့ ဂိုးမသြင္းႏုိင္ခဲ့ဘဲ စြမ္းေဆာင္ရည္ေတြက်ဆင္းေနပါတယ္။ ေပၚတူဂီသားဟာ အာဆင္နယ္ကိုသေရက်ခဲ့တဲ့ပြဲမွာလည္း စြမ္းေဆာင္ရည္ေတြ က်ဆင္းခဲ့တာျဖစ္ျပီး အဆိုပါသေရပြဲေၾကာင့္ ယူႏိုက္တက္ဟာ မန္စီးတီးနဲ႔ ၃ မွတ္အထိ ကြာဟခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ခ်ဲလ္ဆီး ၊ မန္စီးတီး ၊ လီဗာပူးတို႔နဲ႔ပြဲေတြမွာလည္း စြမ္းေဆာင္ရည္ေတြက်ဆင္းခဲ့သလို အာဆင္နယ္ကိုလည္း ၁-၀ ဂိုးနဲ႔ အေရးနိမ့္တုန္းက စြမ္းေဆာင္ရည္ေတြက်ဆင္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ကြင္းလယ္လူေဟာင္းကေတာ့ က်ဆင္းေနတဲ့ ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ကို စိုးရိမ္ေနျပီး ခ်န္ပီယံဆုအတြက္ ခက္ခဲသြားမွာကို စိုးရိမ္ေနပါတယ္။ “ရွက္ဖီးလ္နဲ႔ပြဲအျပီးမွာ ေနာက္ထပ္အာဆင္နယ္နဲ႔ပြဲမွာလည္း ရုန္းကန္ခဲ့ရပါတယ္။ အထူးသျဖင့္ ဖာနန္ဒက္စ္တစ္ေယာက္ အသင္းၾကီးေတြနဲ႔ေတြ႕ဆံုရာမွာ ရုန္းကန္ရတာကို စိုးရိမ္မိပါတယ္။ ဖာနန္ဒက္စ္က ထိပ္တန္းအသင္းေတြနဲ႔ေတြ႕ဆံုရာမွာ ဂုိးေပါက္ေပ်ာက္ထားပါတယ္။ အဲဲ့တာကို ကြ်န္ေတာ္စိုးရိမ္မိပါတယ္။ ခ်န္ပီယံဆုအတြက္ပါ စိုးရိမ္စရာျဖစ္လာႏိုင္ပါတယ္။

အာဆင္နယ္က ဒီေန႔ပြဲမွာ အရမ္းမေကာင္းခဲ့သလို ဆာကာ ၊ အူဘာတို႔လည္း မပါခဲ့ပါဘူး။ ယူႏုိက္တက္က အဲ့တာကိုေတာင္ အႏိုင္မကန္ႏိိုင္တာ စိတ္ပ်က္မိပါတယ္”လို႔ ေပါလ္စခိုးလ္က ေျပာၾကားခဲ့ပါတယ္။