ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးနည်းပြစာရင်းမှာ ထိပ်ဆုံးနေရာ ရောက်လာတဲ့ နယူးကာဆယ်နည်းပြ ဘရုစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္လာနေ့ညက အာဆင်နယ်ကို နယူးကာဆယ်အသင်း ၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ဖိအားဒဏ်ခံစားနေရတဲ့ နည်းပြစတိဗ်ဘရုစ်လည်း ပရီးမီးယားလိဂ်မှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးနည်းပြဖြစ်လာပါတယ်။

နယူးကာဆယ်ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက နိုင်ပွဲပျောက်နေတာဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံး ၉ပွဲအနက် ၇ပွဲအထိ အရေးနိမ့်ခဲ့ရသလို တိုက်စစ်ကလည်း ကွင်းအတွင်း ၁၁နာရီခွဲအထိကစားရပေမယ့် ၁ဂိုးသာသွင်းယူထားနိုင်ပါတယ်။

ယခုအခါ လောင်းကစားကုမ္ပဏီတွေက နောက်ထပ်ထုတ်ပယ်ခံရမယ့် ပရီးမီးယားလိဂ်နည်းပြစာရင်းမှာ ဘရုစ်ကို ထိပ်ဆုံးထားရှိထားပြီး Betfair က ဘရုစ် ရာထူးကနေ ထုတ်ပယ်ခံရဖို့ကို ၆/၅ အလေးပေးထားပါတယ်။

လွန်ခဲ့တဲ့တစ်လကဆိုရင် ဘရုစ်ရဲ့အလေးပေးမှုက ၂၀/၁ပဲရှိခဲ့ပြီး တစ်ပတ်အလိုက ၅/၁ နဲ့ လွန်ခဲ့တဲ့ ၃ ရက်အလိုကလည်း ၅/၂ နဲ့ အလေးပေးခံခဲ့ရကာ သူ့ရှေ့မှာ ရှက်ဖီးယူနည်းပြ ခရစ္စဝိုင်လ်ဒါက ရေပန်းအစားဆုံးဖြစ်ခဲ့တာပါ။

နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ကြားရက်အတွင်းမှာလည်း ရှက်ဖီးယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ရှက်ဖီးအတွက် ယခုရာသီပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ခဲ့သလို အက်ဖ်အေဖလားတတိယအဆင့်မှာလည်း အာဆင်နယ်ကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လု့ိ အချိန်ပိုမှာ ၂-၀ ဂိုးနဲ့ အရေးနိမ့်သွားပါတယ်။

နယူးကာဆယ်ဟာ ခရစ္စမတ်ကာလမတိုင်ခင်ကလည်း ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်ကို အရေးနိမ့်ကာ ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပါသေးတယ်။

သူ့အနာဂတ်နဲ့ပတ်သက်လို့ ဘရုစ်က ”ဒီအသင်းမှာ ကျွန်တော် နည်းပြလာတာ အကြာကြီးရှိနေပြီဖြစ်သလို အရင်တုန်းက ဒီလိုအခြေအနေမျိုးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီလိုအနေအထားမှာ ဖိအားတွေရှိနေတာကလည်း သဘာဝပါပဲ”လို့ ပြောပါတယ်။

ဘရုစ်ရဲ့အနောက်မှာ ဝိုင်လ်ဒါက ၂၁/၁၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီးနည်းပြ လမ်းပတ်က ၇/၂ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ထုတ်ပယ်ခံရဖို့ အလေးပေးမှုများ

ဘရုစ်(နယူးကာဆယ်) – ၆/၅ ၊ ဝိုင်လ်ဒါ(ရှက်ဖီးယူ) – ၂၁/၁၀ ၊ လမ်းပတ်(ချဲလ်ဆီး) – ၇/၂

ဟော့ဒ်ဆန်(ပဲလေ့စ်) – ၉/၁ ၊ နူနိုဆန်တို(ဝုဗ်) – ၉/၁

အာတီတာ(အာဆင်နယ်) – ၁၀/၁ ၊ ပေါ်တာ (ဘရိုက်တန်) – ၁၄/၁ ၊ အလာဒိုက်စ် (ဝက်စ်ဘရွန်း) – ၂၀/၁

ပါကား(ဖူလ်ဟမ်) – ၂၀/၁ ၊ ရှောင်ဒိုက်(ဘန်လေ) – ၂၀/၁ ၊ ဆိုးလ်ရှား(ယူနိုက်တက်) – ၃၃/၁

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ထုတ္ပယ္ခံရဖို႔ ေရပန္းအစားဆုံးနည္းျပစာရင္းမွာ ထိပ္ဆုံးေနရာ ေရာက္လာတဲ့ နယူးကာဆယ္နည္းျပ ဘ႐ုစ္

ၿပီးခဲ့တဲ့တနလၤာေန႔ညက အာဆင္နယ္ကို နယူးကာဆယ္အသင္း ၃-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ ဖိအားဒဏ္ခံစားေနရတဲ့ နည္းျပစတိဗ္ဘရုစ္လည္း ပရီးမီးယားလိဂ္မွာ ရာထူးကေန ထုတ္ပယ္ခံရဖုိ႔ ေရပန္းအစားဆုံးနည္းျပျဖစ္လာပါတယ္။ နယူးကာဆယ္ဟာ ဒီဇင္ဘာလ ၁၂ ရက္ေန႔ကတည္းက ႏုိင္ပဲြေပ်ာက္ေနတာျဖစ္ၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး ၉ပြဲအနက္ ၇ပြဲအထိ အေရးနိမ့္ခဲ့ရသလုိ တုိက္စစ္ကလည္း ကြင္းအတြင္း ၁၁နာရီခြဲအထိကစားရေပမယ့္ ၁ဂိုးသာသြင္းယူထားႏိုင္ပါတယ္။

ယခုအခါ ေလာင္းကစားကုမၸဏီေတြက ေနာက္ထပ္ထုတ္ပယ္ခံရမယ့္ ပရီးမီးယားလိဂ္နည္းျပစာရင္းမွာ ဘ႐ုစ္ကို ထိပ္ဆုံးထားရွိထားၿပီး Betfair က ဘ႐ုစ္ ရာထူးကေန ထုတ္ပယ္ခံရဖို႔ကို ၆/၅ အေလးေပးထားပါတယ္။ လြန္ခဲ့တဲ့တစ္လကဆုိရင္ ဘ႐ုစ္ရဲ႕အေလးေပးမႈက ၂၀/၁ပဲရိွခဲ့ၿပီး တစ္ပတ္အလိုက ၅/၁ နဲ႔ လြန္ခဲ့တဲ့ ၃ ရက္အလုိကလည္း ၅/၂ နဲ႔ အေလးေပးခံခဲ့ရကာ သူ႕ေရွ႕မွာ ရွက္ဖီးယူနည္းျပ ခရစၥ၀ိုင္လ္ဒါက ေရပန္းအစားဆုံးျဖစ္ခဲ့တာပါ။

နယူးကာဆယ္ဟာ ၿပီးခဲ့တဲ့ၾကားရက္အတြင္းမွာလည္း ရွက္ဖီးယူႏိုက္တက္ကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီး ရွက္ဖီးအတြက္ ယခုရာသီပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပဲြျဖစ္ခဲ့သလုိ အက္ဖ္ေအဖလားတတိယအဆင့္မွာလည္း အာဆင္နယ္ကို အေကာင္းဆုံးတုံ႔ျပန္ကစားႏိုင္ခဲ့ေပမယ့္ အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့လု႔ိ အခ်ိန္ပိုမွာ ၂-၀ ဂိုးနဲ႔ အေရးနိမ့္သြားပါတယ္။ နယူးကာဆယ္ဟာ ခရစၥမတ္ကာလမတုိင္ခင္ကလည္း ခ်န္ပီယံရွစ္ကလပ္ ဘရန္႔ဖို႔ဒ္ကို အေရးနိမ့္ကာ ကာရာေဘာင္ဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရပါေသးတယ္။ သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ဘ႐ုစ္က ”ဒီအသင္းမွာ ကၽြန္ေတာ္ နည္းျပလာတာ အၾကာႀကီးရွိေနၿပီျဖစ္သလုိ အရင္တုန္းက ဒီလုိအေျခအေနမ်ိဳးကုိ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဒီလုိအေနအထားမွာ ဖိအားေတြရွိေနတာကလည္း သဘာ၀ပါပဲ”လုိ႔ ေျပာပါတယ္။

ဘ႐ုစ္ရဲ႕အေနာက္မွာ ၀ိုင္လ္ဒါက ၂၁/၁၀ နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ၇/၂ နဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။

ထုတ္ပယ္ခံရဖို႔ အေလးေပးမႈမ်ား – ဘ႐ုစ္(နယူးကာဆယ္) – ၆/၅ ၊ ၀ိုင္လ္ဒါ(ရွက္ဖီးယူ) – ၂၁/၁၀ ၊ လမ္းပတ္(ခ်ဲလ္ဆီး) – ၇/၂ ၊ ေဟာ့ဒ္ဆန္(ပဲေလ့စ္) – ၉/၁ ၊ ႏူႏိုဆန္တို(၀ုဗ္) – ၉/၁

အာတီတာ(အာဆင္နယ္) – ၁၀/၁ ၊ ေပၚတာ (ဘရိုက္တန္) – ၁၄/၁ ၊ အလာဒိုက္စ္ (၀က္စ္ဘရြန္း) – ၂၀/၁ ၊ ပါကား(ဖူလ္ဟမ္) – ၂၀/၁ ၊ ေရွာင္ဒိုက္(ဘန္ေလ) – ၂၀/၁ ၊ ဆုိးလ္ရွား(ယူႏိုက္တက္) – ၃၃/၁