ထုတ်ပယ်ခံရမယ့်ရေပန်းစားနည်းပြစာရင်းမှာ ထိပ်ဆုံးရောက်လာတဲ့ လမ်းပတ်

မနေ့ညက လက်စတာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ရတာကြောင့် ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ ဖိအားတွေအောက်ကို ပိုမိုရောက်ရှိသွားပြီး ထုတ်ပယ်ခံရဖို့အတွက်လည်း ရေပန်းအစားဆုံးဖြစ်လာပါတယ်။

အဲဒီပွဲမှာ လက်စတာကို ပထမပိုင်းကတည်းက ၂ ဂိုးပြတ်နဲ့ရှုံးနေခဲ့တာဖြစ်ပြီး ချေပဂိုးတစ်ဂိုးတောင် ပြန်လည်သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီပွဲအရှုံးကြောင့် ထိပ်ဆုံး ၄ နေရာအတွင်း ရပ်တည်နိုင်ရေးဆိုတဲ့ ချဲလ်ဆီးရဲ့မျှော်လင့်ချက်ကို ပိုမိုထိခိုက်သွားခဲ့ရပြီး လမ်းပတ်ရဲ့အသင်းဟာလည်း နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၂၂၂ သန်း သုံးစွဲမှုပြုလုပ်ခဲ့ပေမယ့် ကစားသမားသစ်အများစုက ခြေစွမ်းပြနိုင်ခြင်းမရှိလို့ အခုလိုရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

သူတို့ဟာ ရာသီအစောပိုင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးရောက်သွားခဲ့သေးပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းတောက်လျှောက်ကျဆင်းခဲ့တာကြောင့် အခုဆို အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာအထိ ရောက်သွားပါတယ်။

ထိပ်ဆုံး ၄ နေရာက အသင်းတွေနဲ့ ၅ မှတ်အထိ ကွာသွားခဲ့ပြီး ဒီပုံစံအတိုင်းဆိုရင် လမ်းပတ်ရဲ့အနာဂါတ်ဟာလည်း မသေချာနိုင်တော့ပါဘူး။

အခုတော့ ထုတ်ပယ်ခံရမယ့် ရေပန်းစားနည်းပြစာရင်းမှာ အလေးပေးမှု ၄/၅ နဲ့ လမ်းပတ်ကို ထိပ်ဆုံးကိုရောက်ရှိလာပါတယ်။

သူ့ရဲ့နောက် ဒုတိယနေရာမှာ နယူးကာဆယ်နည်းပြစတိဘရုစ်က အလေးပေးမှု ၂/၁ နဲ့ရပ်တည်နေပြီး အမှတ်ပေးဇယားအောက်ခြေက ရှက်ဖီးယူနည်းပြခရစ်ဝိုင်ဒါက အလေးပေးမှု ၃/၁ နဲ့ ထုတ်ပယ်ခံရဖို့ တတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။

Zawgyi

ထုတ္ပယ္ခံရမယ့္ေရပန္းစားနည္းျပစာရင္းမွာ ထိပ္ဆုံးေရာက္လာတဲ့ လမ္းပတ္

မေန႔ညက လက္စတာနဲ႔ ပရီးမီးယားလိဂ္အေ၀းကြင္းပြဲစဥ္မွာ ရႈံးနိမ့္မႈနဲ႔ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ဟာ ဖိအားေတြေအာက္ကို ပိုမုိေရာက္ရွိသြားၿပီး ထုတ္ပယ္ခံရဖုိ႔အတြက္လည္း ေရပန္းအစားဆုံးျဖစ္လာပါတယ္။

အဲဒီပြဲမွာ လက္စတာကို ပထမပုိင္းကတည္းက ၂ ဂိုးျပတ္နဲ႔ရႈံးေနခဲ့တာျဖစ္ၿပီး ေခ်ပဂုိးတစ္ဂိုးေတာင္ ျပန္လည္သြင္းယူႏိုင္ျခင္း မရွိခဲ့ပါဘူး။

အဲဒီပြဲအရႈံးေၾကာင့္ ထိပ္ဆုံး ၄ ေနရာအတြင္း ရပ္တည္ႏိုင္ေရးဆုိတဲ့ ခ်ဲလ္ဆီးရဲ႕ေမွ်ာ္လင့္ခ်က္ကို ပိုမိုထိခိုက္သြားခဲ့ရၿပီး လမ္းပတ္ရဲ႕အသင္းဟာလည္း ေနာက္ဆုံးပရီးမီးယားလိဂ္ ၈ ပြဲမွာ ၂ ပြဲသာ အႏိုင္ရခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္ ၂၂၂ သန္း သုံးစြဲမႈျပဳလုပ္ခဲ့ေပမယ့္ ကစားသမားသစ္အမ်ားစုက ေျခစြမ္းျပႏိုင္ျခင္းမရွိလို႔ အခုလုိရုန္းကန္ေနရတာလည္း ျဖစ္ပါတယ္။

သူတုိ႔ဟာ ရာသီအေစာပိုင္းမွာ အမွတ္ေပးဇယားထိပ္ဆုံးေရာက္သြားခဲ့ေသးေပမယ့္လည္း ေနာက္ပိုင္းပဲြေတြမွာ ရလဒ္ပိုင္းေတာက္ေလွ်ာက္က်ဆင္းခဲ့တာေၾကာင့္ အခုဆုိ အမွတ္ေပးဇယားမွာ အဆင့္ ၈ ေနရာအထိ ေရာက္သြားပါတယ္။

ထိပ္ဆုံး ၄ ေနရာက အသင္းေတြနဲ႔ ၅ မွတ္အထိ ကြာသြားခဲ့ၿပီး ဒီပုံစံအတိုင္းဆုိရင္ လမ္းပတ္ရဲ႕အနာဂါတ္ဟာလည္း မေသခ်ာႏိုင္ေတာ့ပါဘူး။

အခုေတာ့ ထုတ္ပယ္ခံရမယ့္ ေရပန္းစားနည္းျပစာရင္းမွာ အေလးေပးမႈ ၄/၅ နဲ႔ လမ္းပတ္ကို ထိပ္ဆုံးကိုေရာက္ရွိလာပါတယ္။

သူ႔ရဲ႕ေနာက္ ဒုတိယေနရာမွာ နယူးကာဆယ္နည္းျပစတိဘရုစ္က အေလးေပးမႈ ၂/၁ နဲ႔ရပ္တည္ေနၿပီး အမွတ္ေပးဇယားေအာက္ေျခက ရွက္ဖီးယူနည္းျပခရစ္၀ိုင္ဒါက အေလးေပးမႈ ၃/၁ နဲ႔ ထုတ္ပယ္ခံရဖုိ႔ တတိယေရပန္းအစားဆုံးျဖစ္ေနပါတယ္။