ထူးဆန်းတဲ့နာရီတစ်လုံးနဲ့ ကစားသမားတွေကို ပုံစံသွင်းမယ့် ရန်းနစ်

ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ရန်းနစ်ဟာ ၎င်းကိုယ်တိုင် ပြုထားတဲ့

ထူးဆန်းတဲ့ နာရီတစ်လုံး နဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကို

လေ့ကျင့်ပေးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

အဆိုပါ နာရီဟာ ကစားသမားတွေ ဘောလုံးကို ခြေထောက်ထဲမှာ ထိန်းကစားနေတဲ့အချိန် ၊

ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးမရှိချိန် ပြိုင်ဘက်ထံမှ လိုက်လုရတဲ့အချိန်တွေမှာ

တိုးတက်လာစေဖို့ ရည်ရွယ်ထားတာလို့သိရပါတယ်။

” ကျွန်တော်လိုက်ပ်ဇစ် အသင်းမှာတုန်းက ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားတဲ့

alarm ပါတဲ့ နာရီတစ်လုံးကို အသုံးပြုတယ်။ အဲ့ဒီ နာရီ က တစ်တောက် ၊

တစ်တောက် ဆိုတဲ့ အသံကို ကစားသမားတွေလည်းကြားနေရမယ်။

သူတို့ဟာ အဲ့ဒီနာရီနဲ့ လေ့ကျင့်ချိန်မှာ (၈) စက္ကန့်အတွင်း ပြိုင်ဘက်ဆီကနေ

ဘောလုံး လုယူနိုင်ရမယ် ၊ ဒါမှ မဟုတ် ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးကို

ထိန်းထားနိုင်ရမယ်။ အဲ့ဒါပြီးလို့ နောက်စ (၁၀) စက္ကန့်ကြာရင်တော့ ဂိုးပေါက်ကို

ခြိမ်းခြောက်နိုင်ရမယ်ပေါ့” ” ဒီလေ့ကျင့်နည်းက နာရီသံကြောင့် ကစားသမားတွေ

အစပိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်ပေမယ့် အချိန်ကာလ (၂) ပတ် ၊ (၃) ပတ်

အတွင်းမှာကို ကစားသမားတွေအပေါ် သက်ရောက်မှုရှိလာတာကို တွေ့ရတယ်။

နောက်တော့ သူတို့လည်း ဒီလေ့ကျင့်နည်း နဲ့ အသားကျသွားတာပါပဲ။

သူတို့ ကစားပုံကိုလည်း ပိုပြီးကောင်းလာစေတယ်” လို့ ရန်းနစ်ကပြောဆိုထားပါတယ်။

ရန်းနစ်ဟာ အဆိုပါနာရီကြီးကို ကာရင်မှာရှိတဲ့ ၎င်းရဲ့ ရုံးခန်းအသစ်ကို

သယ်ဆောင်လာဖွယ်ရှိပြီး ယူနိုက်တက်ကစားသမားတွေကို ၎င်းရဲ့ ထူးခြားတဲ့

နည်းစနစ်တွေနဲ့ ပုံစံသွင်းလေ့ကျင့်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် လိုက်ပ်ဇစ်အသင်းမှာ အသင်းသားတွေကို အပြစ်ပေးတဲ့အခါ ကံစမ်း

လှည့်ဘီးကို လှည့်ခိုင်းပြီး ကိုယ်ကျတဲ့အပြစ်ကိုခံယူစေခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

အဆိုပါ ကံစမ်းလှည့်ဘီးမှာ ပါတဲ့အရာတွေကတော့ အသင်းရဲ့ စတိုးဆိုင်မှာ အလုပ်လုပ်၊

အသင်းသားတွေထိုင်တဲ့ကဖေးမှာ စားပွဲထိုး၊ ကွင်းလေ့လာရေးအဖွဲ့များကို ဂိုက်လုပ်၊

မြက်ရိတ်၊ ဝန်ထမ်းတစ်ယောက်ယောက်ကို လက်ဆောင်ပေး၊ စကပ်ဝတ်ပြီး

လေ့ကျင့်ရေးကွင်းဆင်း၊ ဘောလုံးလိုက်ကောက် အစရှိတာတွေပဲဖြစ်ပါတယ်။

အဲ့ဒီလို စည်းကမ်းကြီးတဲ့ နည်းပြတစ်ယောက် အသင်းထံ ရောက်ရှိလာမယ့်

အပေါ်မှာ အသင်းရဲ့ ကစားသမားအချို့ကတော့ ကျေနပ်မှု မရှိကြဘူးလို့လည်း သိရပါတယ်။

zawgyi

ထူးဆန္းတဲ့နာရီတစ္လုံးနဲ႔ ကစားသမားေတြကို ပုံစံသြင္းမယ့္ ရန္းနစ္

ယူႏိုက္တက္ အသင္းရဲ႕ ယာယီနည္းျပ ရန္းနစ္ဟာ ၎ကိုယ္တိုင္ ျပဳထားတဲ့

ထူးဆန္းတဲ့ နာရီတစ္လုံး နဲ႔ ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ ကစားသမားေတြကို

ေလ့က်င့္ေပးဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

အဆိုပါ နာရီဟာ ကစားသမားေတြ ေဘာလုံးကို ေျခေထာက္ထဲမွာ ထိန္းကစားေနတဲ့အခ်ိန္ ၊

ကိုယ့္ေျခေထာက္ထဲမွာ ေဘာလုံးမရွိခ်ိန္ ၿပိဳင္ဘက္ထံမွ လိုက္လုရတဲ့အခ်ိန္ေတြမွာ

တိုးတက္လာေစဖို႔ ရည္႐ြယ္ထားတာလို႔သိရပါတယ္။

” ကြၽန္ေတာ္လိုက္ပ္ဇစ္ အသင္းမွာတုန္းက ကြၽန္ေတာ္ကိုယ္တိုင္ ျပဳလုပ္ထားတဲ့

alarm ပါတဲ့ နာရီတစ္လုံးကို အသုံးျပဳတယ္။ အဲ့ဒီ နာရီ က တစ္ေတာက္ ၊

တစ္ေတာက္ ဆိုတဲ့ အသံကို ကစားသမားေတြလည္းၾကားေနရမယ္။

သူတို႔ဟာ အဲ့ဒီနာရီနဲ႔ ေလ့က်င့္ခ်ိန္မွာ (၈) စကၠန႔္အတြင္း ၿပိဳင္ဘက္ဆီကေန

ေဘာလုံး လုယူႏိုင္ရမယ္ ၊ ဒါမွ မဟုတ္ ကိုယ့္ေျခေထာက္ထဲမွာ ေဘာလုံးကို

ထိန္းထားႏိုင္ရမယ္။ အဲ့ဒါၿပီးလို႔ ေနာက္စ (၁၀) စကၠန႔္ၾကာရင္ေတာ့ ဂိုးေပါက္ကို

ၿခိမ္းေျခာက္ႏိုင္ရမယ္ေပါ့” ” ဒီေလ့က်င့္နည္းက နာရီသံေၾကာင့္ ကစားသမားေတြ

အစပိုင္းမွာ စိတ္အေႏွာင့္အယွက္ျဖစ္ႏိုင္ေပမယ့္ အခ်ိန္ကာလ (၂) ပတ္ ၊ (၃) ပတ္

အတြင္းမွာကို ကစားသမားေတြအေပၚ သက္ေရာက္မႈရွိလာတာကို ေတြ႕ရတယ္။

ေနာက္ေတာ့ သူတို႔လည္း ဒီေလ့က်င့္နည္း နဲ႔ အသားက်သြားတာပါပဲ။

သူတို႔ ကစားပုံကိုလည္း ပိုၿပီးေကာင္းလာေစတယ္” လို႔ ရန္းနစ္ကေျပာဆိုထားပါတယ္။

ရန္းနစ္ဟာ အဆိုပါနာရီႀကီးကို ကာရင္မွာရွိတဲ့ ၎ရဲ႕ ႐ုံးခန္းအသစ္ကို

သယ္ေဆာင္လာဖြယ္ရွိၿပီး ယူႏိုက္တက္ကစားသမားေတြကို ၎ရဲ႕ ထူးျခားတဲ့

နည္းစနစ္ေတြနဲ႔ ပုံစံသြင္းေလ့က်င့္ဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

ဒါ့အျပင္ လိုက္ပ္ဇစ္အသင္းမွာ အသင္းသားေတြကို အျပစ္ေပးတဲ့အခါ ကံစမ္း

လွည့္ဘီးကို လွည့္ခိုင္းၿပီး ကိုယ္က်တဲ့အျပစ္ကိုခံယူေစခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

အဆိုပါ ကံစမ္းလွည့္ဘီးမွာ ပါတဲ့အရာေတြကေတာ့ အသင္းရဲ႕ စတိုးဆိုင္မွာ အလုပ္လုပ္၊

အသင္းသားေတြထိုင္တဲ့ကေဖးမွာ စားပြဲထိုး၊ ကြင္းေလ့လာေရးအဖြဲ႕မ်ားကို ဂိုက္လုပ္၊

ျမက္ရိတ္၊ ဝန္ထမ္းတစ္ေယာက္ေယာက္ကို လက္ေဆာင္ေပး၊ စကပ္ဝတ္ၿပီး

ေလ့က်င့္ေရးကြင္းဆင္း၊ ေဘာလုံးလိုက္ေကာက္ အစရွိတာေတြပဲျဖစ္ပါတယ္။

အဲ့ဒီလို စည္းကမ္းႀကီးတဲ့ နည္းျပတစ္ေယာက္ အသင္းထံ ေရာက္ရွိလာမယ့္

အေပၚမွာ အသင္းရဲ႕ ကစားသမားအခ်ိဳ႕ကေတာ့ ေက်နပ္မႈ မရွိၾကဘူးလို႔လည္း သိရပါတယ္။