ထောင့်ကန်ဘောတောင် ဖြောင့်အောင် မကန်နိုင်တော့တဲ့ တီမိုဝါနာရဲ့အဖြစ်

မန်စီးတီးနဲ့ပွဲက အဖြစ်ကြောင့် တိုက်စစ်မှုးတီမိုဝါနာရဲ့ချဲလ်ဆီးကစားသမားဘဝအစဟာ ပိုပြီးတော့တောင် အခြေအနေဆိုးသွားသလိုပါပဲ။

လစ်ပ်ဇစ်နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ပြသနိုင်ခဲ့တဲ့ခြေစွမ်းကြောင့် ပေါင် ၅၃ သန်းနဲ့ အဲဒီဂျာမန်သားရောက်လာမှုကို ချဲလ်ဆီးပရိသတ်တွေဟာ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူဟာ မျှော်လင့်ထားသလို ဂိုးသွင်းခြေစွမ်းမပြနိုင်ခဲ့ဘဲ နောက်ဆုံး ၁၂ ပွဲမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ကာ မန်စီးတီးကို ၃-၁ နဲ့ အိမ်ကွင်းရှုံးပွဲမှာလည်း ဆက်လက်ရုန်းကန်ခဲ့ရပါတယ်။

ဆက်လက်ဂိုးပေါက်ပျောက်နေမှုကြောင့် ဖိအားအောက်ရောက်နေတဲ့ဝါနာဟာ ရိုးရှင်းလှတဲ့တာဝန်တွေတောင် မလုပ်နိုင်တော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ မန်စီးတီးနဲ့ပွဲပြီးခါနီးမှာ ချဲလ်ဆီးရတဲ့ထောင့်ကန်ဘောကို အမြန်ကန်ဖို့လုပ်ရာမှာ ထောင့်ကန်ဘောအလံတိုင်ကို သွားကန်မိပြီး ကိုယ့်ကိုယ်ကိုယ်ဒဏ်ရာရအောင် လုပ်မိသလိုဖြစ်သွားတာပါ။

ဒီတော့ ကွင်းလယ်ဒိုင်က ချဲလ်ဆီးကို ထောင့်ကန်ဘောပြန်ကန်စေပါတယ်။ ဒါပေမဲ့ နာသွားပုံရတဲ့ ဝါနာအစား မေဆန်မောင့်ကသာ ကန်ခဲ့ပါတယ်။

ဝါနာကတော့ ဆက်လက်ကစားနိုင်ခဲ့ပေမယ့် သူ့ရဲ့အဲဒီအဖြစ်ဟာ ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေအတွက် ဟာသတစ်ပုဒ်ဖြစ်သွားပါတယ်။

ထောင့်ကန်ဘောအလံတိုင်ရဲ့ဖျက်ထုတ်တာ ခံလိုက်ရတဲ့ ဝါနာဆိုပြီး ပရိသတ်တစ်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာ ရယ်သွမ်းသွေးပါတယ်။

တချို့ကလည်း ထောင့်ကန်ဘောကန်တာတောင် ကိုယ့်ကိုယ်ကိုယ်ဒဏ်ရာရအောင် လုပ်မိတယ်ဆိုတော့ တော်တော်အဖြစ်ဆိုးတာပဲလို့ ဝါနာကို လှောင်ကြပါတယ်။

ပြီးခဲ့တဲ့ရာသီက လစ်ပ်ဇစ်မှာ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့သလောက် ဒီရာသီချဲလ်ဆီးမှာတော့ ဝါနာဟာ ကစားခဲ့တဲ့ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၄ ဂိုးသာ ရရှိသေးတာပါ။

Zawgyi

ေထာင့္ကန္ေဘာေတာင္ ေျဖာင့္ေအာင္ မကန္ႏုိင္ေတာ့တဲ့ တီမို၀ါနာရဲ႕အျဖစ္

မန္စီးတီးနဲ႔ပြဲက အျဖစ္ေၾကာင့္ တိုက္စစ္မႈးတီမို၀ါနာရဲ႕ခ်ဲလ္ဆီးကစားသမားဘ၀အစဟာ ပိုၿပီးေတာ့ေတာင္ အေျခအေနဆုိးသြားသလုိပါပဲ။

လစ္ပ္ဇစ္နဲ႔အတူ ဘြန္ဒက္စ္လီဂါမွာ ျပသႏိုင္ခဲ့တဲ့ေျခစြမ္းေၾကာင့္ ေပါင္ ၅၃ သန္းနဲ႔ အဲဒီဂ်ာမန္သားေရာက္လာမႈကို ခ်ဲလ္ဆီးပရိသတ္ေတြဟာ ၀မ္းေျမာက္၀မ္းသာျဖစ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ သူဟာ ေမွ်ာ္လင့္ထားသလို ဂိုးသြင္းေျခစြမ္းမျပႏုိင္ခဲ့ဘဲ ေနာက္ဆုံး ၁၂ ပြဲမွာ ၁ ဂိုးသာသြင္းယူႏိုင္ခဲ့ကာ မန္စီးတီးကို ၃-၁ နဲ႔ အိမ္ကြင္းရႈံးပြဲမွာလည္း ဆက္လက္ရုန္းကန္ခဲ့ရပါတယ္။

ဆက္လက္ဂိုးေပါက္ေပ်ာက္ေနမႈေၾကာင့္ ဖိအားေအာက္ေရာက္ေနတဲ့၀ါနာဟာ ရုိးရွင္းလွတဲ့တာ၀န္ေတြေတာင္ မလုပ္ႏုိင္ေတာ့ပါဘူး။

ဘာေၾကာင့္လဲဆုိေတာ့ မန္စီးတီးနဲ႔ပြဲၿပီးခါနီးမွာ ခ်ဲလ္ဆီးရတဲ့ေထာင့္ကန္ေဘာကို အျမန္ကန္ဖုိ႔လုပ္ရာမွာ ေထာင့္ကန္ေဘာအလံတိုင္ကို သြားကန္မိၿပီး ကိုယ့္ကိုယ္ကိုယ္ဒဏ္ရာရေအာင္ လုပ္မိသလိုျဖစ္သြားတာပါ။

ဒီေတာ့ ကြင္းလယ္ဒိုင္က ခ်ဲလ္ဆီးကို ေထာင့္ကန္ေဘာျပန္ကန္ေစပါတယ္။ ဒါေပမဲ့ နာသြားပံုရတဲ့ ၀ါနာအစား ေမဆန္ေမာင့္ကသာ ကန္ခဲ့ပါတယ္။

၀ါနာကေတာ့ ဆက္လက္ကစားႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕အဲဒီအျဖစ္ဟာ ဆိုရွယ္မီဒီယာထက္က ပရိသတ္ေတြအတြက္ ဟာသတစ္ပုဒ္ျဖစ္သြားပါတယ္။

ေထာင့္ကန္ေဘာအလံတိုင္ရဲ႕ဖ်က္ထုတ္တာ ခံလိုက္ရတဲ့ ၀ါနာဆုိၿပီး ပရိသတ္တစ္ေယာက္က ဆုိရွယ္မီဒီယာေပၚမွာ ရယ္သြမ္းေသြးပါတယ္။

တခ်ိဳ႕ကလည္း ေထာင့္ကန္ေဘာကန္တာေတာင္ ကိုယ့္ကိုယ္ကိုယ္ဒဏ္ရာရေအာင္ လုပ္မိတယ္ဆုိေတာ့ ေတာ္ေတာ္အျဖစ္ဆုိးတာပဲလုိ႔ ၀ါနာကို ေလွာင္ၾကပါတယ္။

ၿပီးခဲ့တဲ့ရာသီက လစ္ပ္ဇစ္မွာ ဂိုးသြင္းေျခစြမ္းျပႏိုင္ခဲ့သေလာက္ ဒီရာသီခ်ဲလ္ဆီးမွာေတာ့ ၀ါနာဟာ ကစားခဲ့တဲ့ပရီးမီးယားလိဂ္ ၁၇ ပြဲမွာ ၄ ဂိုးသာ ရရွိေသးတာပါ။