ထွက်တော်မူ နန်းကခွာခံရတဲ့ ဆရာအတွက် ဘာပေရဲ့ ကြေကွဲနှုတ်ဆက်သံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ်စမတ်ကာလဟာ တခြားသူတွေအတွက် ပျော်စရာဖြစ်ပေမယ့် ပီအက်စ်ဂျီနည်းပြ တူချယ်အတွက်တော့ ရင်ဘတ်ထဲကို ဒူးရင်းသီးတွေ ပစ်ထည့်ခံခဲ့ရပါတယ်။ ခရစ္စမတ်ကာလမှာ ဂျာမန်လူမျိုးနည်းပြတူချယ်ဟာ အက်စ်ထရတ်စ်ဘော့ဂျ်အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပီအက်စ်ဂျီနည်းပြ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာပါ။ ဒါကြောင့် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းထက် အသင်းအတွင်းမှာ ဘုတ်အဖွဲ့နဲ့အဆင်မပြေဖြစ်နေတာကြောင့် တူချယ်ကို ရာထူးကနေထုတ်ပယ်ခဲ့တာဟာပိုမိုပေါ်လွင်စေခဲ့ပါတယ်။

ပြည်တွင်း အမှတ်ပေးဇယားမှာလည်း (၁၇)ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးကအသင်းတွေဖြစ်တဲ့ လိုင်ယွန်၊လိုင်လီတို့နဲ့ ရမှတ်(၁)မှတ်သာကွာဟပြီးတတိယနေရာမှာ ရှိနေတာကြောင့် အဆိုးရွားဆုံးရပ်တည်နေမှုလည်းမဟုတ်ခဲ့ပါဘူး။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာလည် အုပ်စုကျပ်နေတဲ့ အနေအထားကနေ ယူနိုက်တက်အသင်းကို အနိုင်ယူကာ အုပ်စုပထမနေရာကနေ လိုက်ပ်ဇစ်အသင်းနဲ့အတူ ရှုံးထွက်အဆင့် တက်နိုင်ခဲ့အောင် တူချယ်ကလမ်းညွှန်ပြသနိုင်ခဲ့ပါတယ်။

ရှုံးထွက်အဆင့်မှာတော့ ပီအက်စ်ဂျီဟာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

သတင်းတွေနဲ့ အချက်အလက်တွေအရကတော့ တူချယ်ရဲ့ စွမ်းရည်ဟာ ဆိုးရွားတဲ့မှတ်တမ်းတွေမရှိခဲ့ပါဘူး။ တူချယ်ဟာ ပီအက်စ်ဂျီအသင်းကို အခြေအနေ အရမ်းဆိုးရွားနေခြင်းမရှိအောင် ကိုင်တွယ်ထားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဟာ ဒီရာသီ ပြည်တွင်းအမှတ်ပေး ပွဲစဉ်တွေအတွင်းမှာတော့ ရလဒ်ပိုင်းအဆင်မပြေတာတွေ ရှိထားခဲ့ပြီး ပြီးခဲ့တဲ့ရာသီတွေကလိုမျိုး ဇယားထိပ်မှာ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ထားခြင်း မရှိတော့တာကြောင့် အခုလို ရာသီဝက်အတွင်းမှာပဲ နည်းပြအပြောင်းအလဲ ဖြစ်လာခဲ့ရတဲ့အထိ နည်းပြတစ်ယောက်ကို ထုတ်ပယ်ရလောက်အောင်တော့ အသင်းရဲ့အခြေအနေဟာ မဆိုးရွားခဲ့ပါဘူး။

နည်းပြတစ်ယောက် အထုတ်ခံရရင် အသင်းသားတွေ အနေနဲ့ အနည်းနဲ့ အများတော့ ဝမ်းနည်းကြမှာပါ။ အမ်ဘာပေဟာ နည်းပြတူချယ်ရဲ့ လက်အောက်မှာ ပီအက်စ်ဂျီရဲ့ အောင်မြင်မှုတွေအတွက် အဓိကကျခဲ့သူဖြစ်ပြီး ဘောလုံးရာသီ ၂ရာသီခွဲလောက် အတူတကွ လက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ တူချယ်ဟာ ၂၀၁၈ခုနှစ် မေလက အူနိုင်း အမ်မရီရဲ့ နေရာကို အစားထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ဘာပေက အဆိုပါ နှစ် ဇူလိုင်လက အသင်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြတူချယ် အထုတ်ခံခဲ့ရပြီးနောက် ဘာပေက အင်စတာဂရမ်မှာ “ဒါက ဝမ်းနည်းစရာကောင်းတဲ့ ဘောလုံး လောကရဲ့ အဖြစ်ပျက်တစ်ခု ဖြစ်နေပါတယ်။ ခင်ဗျား ဒီမှာ ရှိခဲ့တဲ့အချိန်တွေကို ဘယ်သူမှ မေ့မှာ မဟုတ်ပါဘူး။ ဒီအသင်းရဲ့ သမိုင်းမှာ ပျော်ရွှင်စရာ အစိတ်တစ်ပိုင်းတစ်ခုကို ခင်ဗျား ရေးသားခဲ့ပြီးပါပြီ။ နည်းပြကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြ တူချယ်ဟာ စီနီယာနည်းပြဘဝကို အက်ဖ်စီအော့ဘတ်ဂျ်တူးအသင်းမှာ ၂၀၀၇ခုနှစ်တွင် စတင်ခဲ့တာဖြစ်ပြီး ၂၀၀၉ခုနှစ်ကနေ ၂၀၁၄အထိ မိန်ဇ့်အသင်းမှာ တာဝန်ယူခဲ့ကာ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှာ အဆင့်၅နေရာမှာ ရပ်တည်အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါ့မွန်ကနေ ဂျာဂင်ကလော့ ထွက်ခွာခဲ့တဲ့နောက် ၂၀၁၅မှာတော့ တူချယ်ဟာ ဒေါ့မွန်ကို တာဝန်ယူခဲ့ပြီး ဥရောပရဲ့ လူငယ်နည်းပြတွေထဲက အကောင်းဆုံးနည်းပြတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သလို ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ဂျာမန်ပိုကယ်ဖလားမှာ ချန်ပီယံဆုကို ဒေါ့မွန်အတွက် ရယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကတော့ တူချယ်ဟာ ပီအက်စ်ဂျီကို ပြည်တွင်းဖလား ၃လုံး ယူပေးခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့ပါသေးတယ်။ တူချယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ချိန်မှာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြရာထူးကို အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုက အစားထိုးဝင်ရောက်နေရာယူမယ်လို့ သတင်းထွက်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ထြက္ေတာ္မူ နန္းကခြာခံရတဲ့ ဆရာအတြက္ ဘာေပရဲ႕ ေၾကကြဲႏႈတ္ဆက္သံ

ခရစ္စမတ္ကာလဟာ တျခားသူေတြအတြက္ ေပ်ာ္စရာျဖစ္ေပမယ့္ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္အတြက္ေတာ့ ရင္ဘတ္ထဲကို ဒူးရင္းသီးေတြ ပစ္ထည့္ခံခဲ့ရပါတယ္။ ခရစၥမတ္ကာလမွာ ဂ်ာမန္လူမ်ိဳးနည္းျပတူခ်ယ္ဟာ အက္စ္ထရတ္စ္ေဘာ့ဂ်္အသင္းကို အႏိုင္ရတဲ့ ပြဲအၿပီးမွာ ပီအက္စ္ဂ်ီနည္းျပ ရာထူးကေန ဖယ္ရွားခံခဲ့ရတာပါ။ ျပည္တြင္း အမွတ္ေပးဇယားမွာလည္း (၁၇)ပြဲကစားၿပီးခ်ိန္မွာ ထိပ္ဆံုးကအသင္းေတြျဖစ္တဲ့ လိုင္ယြန္၊လိုင္လီတို႕နဲ႕ ရမွတ္(၁)မွတ္သာကြာဟၿပီးတတိယေနရာမွာ ရွိေနတာေၾကာင့္ အဆိုးရြားဆံုးရပ္တည္ေနမႈလည္းမဟုတ္ခဲ့ပါဘူး။ ဒါေၾကာင့္ အသင္းရဲ႕စြမ္းေဆာင္ရည္ပိုင္းထက္ အသင္းအတြင္းမွာ ဘုတ္အဖြဲ႕နဲ႕အဆင္မေျပျဖစ္ေနတာေၾကာင့္ တူခ်ယ္ကို ရာထူးကေနထုတ္ပယ္ခဲ့တာဟာပိုမိုေပၚလြင္ေစခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္မွာလည္း အုပ္စုက်ပ္ေနတဲ့ အေနအထားကေန ယူႏိုက္တက္အသင္းကို အႏိုင္ယူကာ အုပ္စုပထမေနရာကေန လိုက္ပ္ဇစ္အသင္းနဲ႔အတူ ရႈံးထြက္အဆင့္ တက္ႏိုင္ခဲ့ေအာင္ တူခ်ယ္ကလမ္းညႊန္ျပသႏိုင္ခဲ့ပါတယ္။ ရႈံးထြက္အဆင့္မွာေတာ့ ပီအက္စ္ဂ်ီဟာ ဘာစီလိုနာအသင္းနဲ႔ ရင္ဆိုင္ရမွာပါ။

သတင္းေတြနဲ႕ အခ်က္အလက္ေတြအရကေတာ့ တူခ်ယ္ရဲ႕ စြမ္းရည္ဟာ ဆိုးရြားတဲ့မွတ္တမ္းေတြမရွိခဲ့ပါဘူး။ တူခ်ယ္ဟာ ပီအက္စ္ဂ်ီအသင္းကို အေျခအေန အရမ္းဆိုး႐ြားေနျခင္းမရွိေအာင္ ကိုင္တြယ္ထားႏိုင္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီဟာ ဒီရာသီ ျပည္တြင္းအမွတ္ေပး ပြဲစဥ္ေတြအတြင္းမွာေတာ့ ရလဒ္ပိုင္းအဆင္မေျပတာေတြ ရွိထားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီေတြကလိုမ်ိဳး ဇယားထိပ္မွာ လြတ္လြတ္ကြၽတ္ကြၽတ္ ဦးေဆာင္ထားျခင္း မရွိေတာ့တာေၾကာင့္ အခုလို ရာသီဝက္အတြင္းမွာပဲ နည္းျပအေျပာင္းအလဲ ျဖစ္လာခဲ့ရတဲ့အထိ နည္းျပတစ္ေယာက္ကို ထုတ္ပယ္ရေလာက္ေအာင္ေတာ့ အသင္းရဲ႕အေျခအေနဟာ မဆိုးရြားခဲ့ပါဘူး။

နည္းျပတစ္ေယာက္ အထုတ္ခံရရင္ အသင္းသားေတြ အေနနဲ႔ အနည္းနဲ႔ အမ်ားေတာ့ ဝမ္းနည္းၾကမွာပါ။ အမ္ဘာေပဟာ နည္းျပတူခ်ယ္ရဲ႕ လက္ေအာက္မွာ ပီအက္စ္ဂ်ီရဲ႕ ေအာင္ျမင္မႈေတြအတြက္ အဓိကက်ခဲ့သူျဖစ္ၿပီး ေဘာလုံးရာသီ ၂ရာသီခြဲေလာက္ အတူတကြ လက္တြဲခဲ့ၾကတာ ျဖစ္ပါတယ္။ တူခ်ယ္ဟာ ၂၀၁၈ခုႏွစ္ ေမလက အူႏိုင္း အမ္မရီရဲ႕ ေနရာကို အစားထိုး ဝင္ေရာက္လာခဲ့တာ ျဖစ္ၿပီး ဘာေပက အဆိုပါ ႏွစ္ ဇူလိုင္လက အသင္းကို ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

နည္းျပတူခ်ယ္ အထုတ္ခံခဲ့ရၿပီးေနာက္ ဘာေပက အင္စတာဂရမ္မွာ “ဒါက ဝမ္းနည္းစရာေကာင္းတဲ့ ေဘာလုံး ေလာကရဲ႕ အျဖစ္ပ်က္တစ္ခု ျဖစ္ေနပါတယ္။ ခင္ဗ်ား ဒီမွာ ရွိခဲ့တဲ့အခ်ိန္ေတြကို ဘယ္သူမွ ေမ့မွာ မဟုတ္ပါဘူး။ ဒီအသင္းရဲ႕ သမိုင္းမွာ ေပ်ာ္႐ႊင္စရာ အစိတ္တစ္ပိုင္းတစ္ခုကို ခင္ဗ်ား ေရးသားခဲ့ၿပီးပါၿပီ။ နည္းျပႀကီးကို ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္”ဆိုၿပီး ေရးသားခဲ့ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပ တူခ်ယ္ဟာ စီနီယာနည္းျပဘဝကို အက္ဖ္စီေအာ့ဘတ္ဂ်္တူးအသင္းမွာ ၂၀၀၇ခုႏွစ္တြင္ စတင္ခဲ့တာျဖစ္ၿပီး ၂၀၀၉ခုႏွစ္ကေန ၂၀၁၄အထိ မိန္ဇ့္အသင္းမွာ တာဝန္ယူခဲ့ကာ ၂၀၁၀-၂၀၁၁ ေဘာလုံးရာသီမွာ အဆင့္၅ေနရာမွာ ရပ္တည္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ေဒါ့မြန္ကေန ဂ်ာဂင္ကေလာ့ ထြက္ခြာခဲ့တဲ့ေနာက္ ၂၀၁၅မွာေတာ့ တူခ်ယ္ဟာ ေဒါ့မြန္ကို တာဝန္ယူခဲ့ၿပီး ဥေရာပရဲ႕ လူငယ္နည္းျပေတြထဲက အေကာင္းဆုံးနည္းျပတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့သလို ၂၀၁၆-၂၀၁၇ ေဘာလုံးရာသီမွာ ဂ်ာမန္ပိုကယ္ဖလားမွာ ခ်န္ပီယံဆုကို ေဒါ့မြန္အတြက္ ရယူေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေဘာလံုးရာသီကေတာ့ တူခ်ယ္ဟာ ပီအက္စ္ဂ်ီကို ျပည္တြင္းဖလား ၃လုံး ယူေပးခဲ့ၿပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ပို႔ေဆာင္ေပးခဲ့ပါေသးတယ္။ တူခ်ယ္ကို ရာထူးကေန ထုတ္ပယ္လိုက္ခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းရဲ႕ နည္းျပရာထူးကို အသင္းလက္မဲ့ ျဖစ္လို႔ေနတဲ့ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုက အစားထိုးဝင္ေရာက္​ေနရာယူမယ္လို႔ သတင္းထြက္ထားပါတယ္။