ဒဏ်ရာကနေအမြန်ဆုံးပြန်လည်သက်သာလာအောင် ကြိုးစားနေရတဲ့ ကာဗာနီ

ဒီရာသီမှာ ဒဏ်ရာကြောင့်ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်

ဝါရင့်တိုက်စစ်မှူးကာဗာနီက ရာသီမစခင်ကတည်းက အရွတ်ဒဏ်ရာရရှိနေတာဖြစ်ပြီး

အခုအချိန်မှာ ဒဏ်ရာကနေအမြန်ဆုံးပြန်လည်သက်သာလာအောင်

ကြိုးစားနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ

ကာဗာနီဟာ ယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့တဲ့

၂၀၂၀၊ နွေရာသီကာလကတည်းက ဒဏ်ရာနဲ့မကြာခဏရင်ဆိုင်ခဲ့ရပြီး

ဒီရာသီအစမှာလည်း ဒဏ်ရာကြောင့်ပဲ ရာသီအစပိုင်းပွဲတချို့ကို

လွဲချော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက စပါးအသင်းကို(၃-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး တစ်ဂိုးသွင်းယူခဲ့ပေမယ့်

ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်ခဲ့တာကြောင့် မန်စီးတီးနဲ့မန်ချက်စတာ

ဒါဘီပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

ကာဗာနီက “ရာသီမစခင်ကတည်းက

ကျွန်တော့်မှာအရွတ်ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ ရက်အတော်ကြာအနားယူခဲ့ရပြီး နောက်ပိုင်းမှ

အသင်းအတွက် မိနစ်အနည်းငယ်ပါဝင်ကစားခွင့်ရခဲ့သလို နိုင်ငံအသင်း

အတွက်ကစားချိန်မှာလည်း ဒဏ်ရာက အရှင်းမပျောက်သေးပါဘူး။

ကျွန်တော့်ဒဏ်ရာအခြေအနေ တိုးတက်လာပေမယ့် စပါးအသင်းနဲ့ပွဲမှာ

ပြန်ထိခိုက်မိခဲ့ပြီး နောက်ထပ်မဆိုးရွားလာအောင်ရယ်၊

အမြန်ဆုံးပြန်လည်ကောင်းမွန်လာအောင်ကြိုးစားသွားမှာပါ”လို့ဆိုခဲ့ပါတယ်

zawgyi

ဒဏ္ရာကေနအျမန္ဆုံးျပန္လည္သက္သာလာေအာင္ ႀကိဳးစားေနရတဲ့ ကာဗာနီ

ဒီရာသီမွာ ဒဏ္ရာေၾကာင့္႐ုန္းကန္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္

ဝါရင့္တိုက္စစ္မႉးကာဗာနီက ရာသီမစခင္ကတည္းက အ႐ြတ္ဒဏ္ရာရရွိေနတာျဖစ္ၿပီး

အခုအခ်ိန္မွာ ဒဏ္ရာကေနအျမန္ဆုံးျပန္လည္သက္သာလာေအာင္

ႀကိဳးစားေနတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

ကာဗာနီဟာ ယူႏိုက္တက္အသင္းကို စတင္ေရာက္ရွိခဲ့တဲ့

၂၀၂၀၊ ေႏြရာသီကာလကတည္းက ဒဏ္ရာနဲ႔မၾကာခဏရင္ဆိုင္ခဲ့ရၿပီး

ဒီရာသီအစမွာလည္း ဒဏ္ရာေၾကာင့္ပဲ ရာသီအစပိုင္းပြဲတခ်ိဳ႕ကို

လြဲေခ်ာ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လက စပါးအသင္းကို(၃-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး တစ္ဂိုးသြင္းယူခဲ့ေပမယ့္

ဒဏ္ရာေဟာင္းကို ျပန္လည္ထိခိုက္ခဲ့တာေၾကာင့္ မန္စီးတီးနဲ႔မန္ခ်က္စတာ

ဒါဘီပြဲမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ ကာဗာနီက “ရာသီမစခင္ကတည္းက

ကြၽန္ေတာ့္မွာအ႐ြတ္ဒဏ္ရာရရွိေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ ရက္အေတာ္ၾကာအနားယူခဲ့ရၿပီး ေနာက္ပိုင္းမွ

အသင္းအတြက္ မိနစ္အနည္းငယ္ပါဝင္ကစားခြင့္ရခဲ့သလို ႏိုင္ငံအသင္း

အတြက္ကစားခ်ိန္မွာလည္း ဒဏ္ရာက အရွင္းမေပ်ာက္ေသးပါဘူး။

ကြၽန္ေတာ့္ဒဏ္ရာအေျခအေန တိုးတက္လာေပမယ့္ စပါးအသင္းနဲ႔ပြဲမွာ

ျပန္ထိခိုက္မိခဲ့ၿပီး ေနာက္ထပ္မဆိုး႐ြားလာေအာင္ရယ္၊

အျမန္ဆုံးျပန္လည္ေကာင္းမြန္လာေအာင္ႀကိဳးစားသြားမွာပါ”လို႔ဆိုခဲ့ပါတယ္