ဒဏ်ရာတွေများနေလို့ မန်ယူနဲ့ပွဲမတိုင်ခင် ခေါင်းကိုက်နေရတဲ့ ပီအက်စ်ဂျီနည်းပြတူချယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်အပတ်ကစားမယ့် မန်ယူနဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်မတိုင်ခင် ပီအက်စ်ဂျီနည်းပြတူချယ်ဟာ ဒဏ်ရာပြသနာအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အဲဒီလီဂူးချန်ပီယံအသင်းက ပထမအသင်းကစားသမား ၈ ယောက်လောက်အထိ မန်ယူနဲ့ပွဲကို လွဲဖို့ရှိနေတာပါ။

တိုက်စစ်မှုးအိုင်ကာဒီ၊ ကွင်းလယ်လူဒရက်စလာနဲ့ နောက်ခံလူမာကွင်ဟို့စ်တို့အားလုံး ဒဏ်ရာရနေကြတာဖြစ်ပြီး ကလပ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ရိုက်ခတ်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့တဲ့ပီအက်စ်ဂျီဟာ ဒီရာသီမှာတော့ မန်ယူ၊လစ်ဇစ်၊ အစ္စတန်ဘူလ်တု့ိနဲ့ အုပ်စုကျပ်ထဲကို ရောက်ရှိနေတာပါ။

ပီအက်စ်ဂျီနည်းပြတူချယ်ကဆိုရင် မန်ယူနဲ့ပွဲအတွက် သူ့မှာ ကြံ့ခိုင်မှုပြည့်တဲ့ကစားသမားဆိုလို့ ၁၁ ယောက်သာရှိကြောင်း ဆိုခဲ့တာပါ။ ဒါတောင် မန်ယူကွင်းလယ်လူဟောင်းဟာရဲရားဟာ ကိုဗစ်နောက်ဆုံးစစ်ဆေးမှုမှာ negative ထွက်လို့ အခုမှပြန်ပြီးလေ့ကျင့်ခန်းဆင်းနိုင်မှာပါ။

”ဟိုတစ်နေ့ကပဲ မိနစ် ၉၀ ပြည့်နီးပါးကစားထားတဲ့ အမ်ဘက်ပီနဲ့ နေမာတို့အတွက် ကျွန်တော်တို့တာဝန်ယူရမှာပါ။ အသင်းမှာ ခရီးတွေအများကြီးသွားထားရတဲ့ တောင်အမေရိက ကစားသမားတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ရွေးချယ်လို့ ရနိုင်တာဆိုလို့ ၁၁ ယောက်၊ ၁၂ ယောက်နဲ့ ၁၃ ယောက်လောက်ပဲ ရှိမှာပါ။ ကျွန်တော်တို့က ကံလည်းနည်းနည်းဆိုးနေတယ်။ ဒရက်စလာနဲ့ မာကွင်ဟို့စ်တို့ မန်ယူနဲ့ပွဲအတွက် မသေချာပါဘူး။ ခါရာက ဒဏ်ရာရနေတာ ရက်သတ္တပတ်အနည်းငယ်ရှိနေပြီ။ ဘားနတ်နဲ့ အိုင်ကာဒီတို့လည်း ဒဏ်ရာရနေကြတာပါ။ အိုင်ကာဒီက အရမ်းကြီးမပြင်းထန်ပေမယ့် နီမက်စ်နဲ့ မန်ယူပွဲတွေကို လွဲမှာပါ”လို့ တူချယ်က ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒဏ္ရာေတြမ်ားေနလို႔ မန္ယူနဲ႔ပြဲမတုိင္ခင္ ေခါင္းကိုက္ေနရတဲ့ ပီအက္စ္ဂ်ီနည္းျပတူခ်ယ္

လာမယ့္အပတ္ကစားမယ့္ မန္ယူနဲ႔ခ်န္ပီယံလိဂ္အုပ္စုအဖြင့္မတုိင္ခင္ ပီအက္္စ္ဂ်ီနည္းျပတူခ်ယ္ဟာ ဒဏ္ရာျပသနာအက်ပ္အတည္းနဲ႔ ရင္ဆုိင္ႀကဳံေတြ႕ေနရပါတယ္။ အဲဒီလီဂူးခ်န္ပီယံအသင္းက ပထမအသင္းကစားသမား ၈ ေယာက္ေလာက္အထိ မန္ယူနဲ႔ပြဲကုိ လြဲဖုိ႔ရွိေနတာပါ။

တုိက္စစ္မႈးအိုင္ကာဒီ၊ ကြင္းလယ္လူဒရက္စလာနဲ႔ ေနာက္ခံလူမာကြင္ဟို႔စ္တို႔အားလံုး ဒဏ္ရာရေနၾကတာျဖစ္ၿပီး ကလပ္ဟာ ကိုရိုနာဗိုင္းရပ္စ္ရဲ႕ရိုက္ခတ္မႈကိုလည္း ရင္ဆုိင္ေနရပါတယ္။ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ဗုိ္လ္လုပြဲအထိတက္ေရာက္ႏိုင္ခဲ့တဲ့ပီအက္စ္ဂ်ီဟာ ဒီရာသီမွာေတာ့ မန္ယူ၊လစ္ဇစ္၊ အစၥတန္ဘူလ္တု႔ိနဲ႔ အုပ္စုက်ပ္ထဲကုိ ေရာက္ရွိေနတာပါ။

ပီအက္စ္ဂ်ီနည္းျပတူခ်ယ္ကဆုိရင္ မန္ယူနဲ႔ပြဲအတြက္ သူ႔မွာ ႀကံ႕ခိုင္မႈျပည့္တဲ့ကစားသမားဆုိလုိ႔ ၁၁ ေယာက္သာရွိေၾကာင္း ဆုိခဲ့တာပါ။ ဒါေတာင္ မန္ယူကြင္းလယ္လူေဟာင္းဟာရဲရားဟာ ကိုဗစ္ေနာက္ဆုံးစစ္ေဆးမႈမွာ negative ထြက္လို႔ အခုမွျပန္ၿပီးေလ့က်င့္ခန္းဆင္းႏုိင္မွာပါ။

”ဟိုတစ္ေန႔ကပဲ မိနစ္ ၉၀ ျပည့္နီးပါးကစားထားတဲ့ အမ္ဘက္ပီနဲ႔ ေနမာတို႔အတြက္ ကၽြန္ေတာ္တုိ႔တာ၀န္ယူရမွာပါ။ အသင္းမွာ ခရီးေတြအမ်ားႀကီးသြားထားရတဲ့ ေတာင္အေမရိက ကစားသမားေတြလည္း ရွိပါတယ္။ ကၽြန္ေတာ္တို႔ ေရြးခ်ယ္လုိ႔ ရႏိုင္တာဆုိလုိ႔ ၁၁ ေယာက္၊ ၁၂ ေယာက္နဲ႔ ၁၃ ေယာက္ေလာက္ပဲ ရွိမွာပါ။ ကၽြန္ေတာ္တို႔က ကံလည္းနည္းနည္းဆုိးေနတယ္။ ဒရက္စလာနဲ႔ မာကြင္ဟို႔စ္တုိ႔ မန္ယူနဲ႔ပြဲအတြက္ မေသခ်ာပါဘူး။ ခါရာက ဒဏ္ရာရေနတာ ရက္သတၱပတ္အနည္းငယ္ရွိေနၿပီ။ ဘားနတ္နဲ႔ အိုင္ကာဒီတို႔လည္း ဒဏ္ရာရေနၾကတာပါ။ အိုင္ကာဒီက အရမ္းႀကီးမျပင္းထန္ေပမယ့္ နီမက္စ္နဲ႔ မန္ယူပြဲေတြကို လြဲမွာပါ”လုိ႔ တူခ်ယ္က ေျပာခဲ့တာပါ။