ဒန်နီရယ်ဂျိမ်းစ်ဆီမှာ စိတ်သက်သာရသွားတဲ့ပုံစံ မြင်တွေ့ခဲ့ရတယ်လို့ ဆိုလာတဲ့ ရွိုင်ကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဂန္ထဝင်ကစားသမား ရွိုင်ကိန်းက လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ ခက်ခဲတဲ့အချိန်ကာလတွေကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ပြောကြားလိုက်ပါတယ်။

ဝေးလ်သားဟာ တနင်္ဂနွေနေ့က လိဒ်ယူနိုက်တက်ကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် သူ့ရဲ့ဒီရာသီပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဆိုးလ်ရှားနည်းပြသစ်ဖြစ်လာပြီးနောက်ပိုင်း ဒန်နီရယ်ဂျိမ်းစ်ဟာ ခက်ခဲတဲ့အချိန်ကာလတွေကို ကျော်ဖြတ်နေရပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ အခွင့်အရေးရဖို့ စောင့်ဆိုင်းနေခဲ့ရပါတယ်။

သို့ပေမယ့် ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဒန်နီရယ်ဂျိမ်းစ်ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့အတွက် စိတ်သက်သာရာရမိတယ်လို့ ဆိုခဲ့ပါတယ်။

“သူက ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ယူနိုက်တက်ကိုရောက်ပြီးချိန်ကတည်းက ခက်ခဲနေခဲ့တာပါ။

သူအကောင်းဆုံးစတင်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့လတွေက ခက်ခဲခဲ့ပါတယ်။ အိုလီကို ချီးကျူးရမှာပါ။

ကစားသမားတစ်ဦးရဲ့မျက်နှာကိုကြည့်ပြီး ကျွန်တော်ပြောနိုင်တာရှိပါတယ်။ ဒန်နီရယ်က ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယုံကြည်မှုရှိလာပါတယ်။

ဂိုးသွင်းအပြီး သူ့မျက်နှာကို ကြည့်လိုက်ရတာ ကလေးတစ်ယောက်လိုပျော်နေပါတယ်။ သူ့အတွက် အရမ်းဝမ်းသာမိပါတယ်”လို့ ရွိုင်ကိန်းက ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ အသက် ၂၃ နှစ်သားရဲ့ ခြေစွမ်းကို ချီးကျူးပြောကြားခဲ့ပါတယ်။ “သူဘယ်လောက်အထိတိုးတက်လာသလဲဆိုတာကို တဖြည်းဖြည်းချင်းသက်သေပြနေပါတယ်။ မကြာခင်မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ပြန်မြင်ရတော့မှာပါ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒန္နီရယ္ဂ်ိမ္းစ္ဆီမွာ စိတ္သက္သာရသြားတဲ့ပံုစံ ျမင္ေတြ႕ခဲ့ရတယ္လို႔ ဆိုလာတဲ့ ရြိဳင္ကိန္း

ယူႏိုက္တက္ဂႏၳ၀င္ကစားသမား ရိြဳင္ကိန္းက လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာ ဂုိးသြင္းႏိုင္ခဲ့ျပီးေနာက္ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဟာ ခက္ခဲတဲ့အခ်ိန္ကာလေတြကို အဆံုးသတ္ႏိုင္ခဲ့ျပီလို႔ ေျပာၾကားလိုက္ပါတယ္။ ေ၀းလ္သားဟာ တနဂၤေႏြေန႔က လိဒ္ယူႏုိက္တက္ကို ၆-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ သူ႕ရဲ႕ဒီရာသီပထမဆံုးဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ေႏြရာသီက ဆိုးလ္ရွားနည္းျပသစ္ျဖစ္လာျပီးေနာက္ပိုင္း ဒန္နီရယ္ဂ်ိမ္းစ္ဟာ ခက္ခဲတဲ့အခ်ိန္ကာလေတြကို ေက်ာ္ျဖတ္ေနရျပီး ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရကာ အခြင့္အေရးရဖို႔ ေစာင့္ဆိုင္းေနခဲ့ရပါတယ္။ သို႔ေပမယ့္ ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းက ဒန္နီရယ္ဂ်ိမ္းစ္ဂိုးေပါက္ျပန္ေတြ႕ခဲ့တဲ့အတြက္ စိတ္သက္သာရာရမိတယ္လို႔ ဆိုခဲ့ပါတယ္။

“သူက ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ခဲ့ရပါတယ္။ ယူႏိုက္တက္ကိုေရာက္ျပီးခ်ိန္ကတည္းက ခက္ခဲေနခဲ့တာပါ။ သူအေကာင္းဆံုးစတင္ႏုိင္ခဲ့တယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ျပီးခဲ့တဲ့လေတြက ခက္ခဲခဲ့ပါတယ္။ အိုလီကို ခ်ီးက်ဴးရမွာပါ။ ကစားသမားတစ္ဦးရဲ႕မ်က္ႏွာကိုၾကည့္ျပီး ကြ်န္ေတာ္ေျပာႏုိင္တာရွိပါတယ္။ ဒန္နီရယ္က ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ယံုၾကည္မႈရွိလာပါတယ္။

ဂိုးသြင္းအျပီး သူ႕မ်က္ႏွာကို ၾကည့္လိုက္ရတာ ကေလးတစ္ေယာက္လိုေပ်ာ္ေနပါတယ္။ သူ႕အတြက္ အရမ္း၀မ္းသာမိပါတယ္”လို႔ ရြိဳင္ကိန္းက ေျပာၾကားခဲ့ပါတယ္။ ဆိုးလ္ရွားကေတာ့ အသက္ ၂၃ ႏွစ္သားရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။ “သူဘယ္ေလာက္အထိတုိးတက္လာသလဲဆိုတာကို တျဖည္းျဖည္းခ်င္းသက္ေသျပေနပါတယ္။ မၾကာခင္မွာ သူ႕ရဲ႕အေကာင္းဆံုးအခ်ိန္ေတြကို ျပန္ျမင္ရေတာ့မွာပါ”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။