ဒန်နီရယ်ဂျိမ်းစ် ရဲ့ ယူနိုက်တက် ကစားသမားဘဝ ကုန်ဆုံးတော့မှာလား….?

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံ ကစားသမား ဒန်နီရယ် ဂျိမ်းစ်ကို ဇန်နဝါရီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ( ၄ ) သင်းက ပြင်ဆင်နေကြောင်း သိရပါတယ်။

လိဒ် နှင့် ဘန်လေ အသင်းတို့က ဂျိမ်းစ်ကို ခေါ်ယူဖို့ ဦးစွာ စိတ်ဝင်စားခဲ့ကြပြီး Sun Sport ရဲ့ လေ့လာချက်အရ ဘရိုက်တန်အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ယခုအခါ ဝက်စ်ဘရွန်း အသင်းကပါ ယူနိုက်တက် တိုက်စစ်မှူးကို အငှားခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်က ဆွမ်ဆီးအသင်းကနေ ယူနိုက်တက်ကိုရောက် လာချိန်က ပွဲထွက်ခွင့်များစွာရရှိခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေသဘောကျနှစ်ခြိုက်ခဲ့ကြပေမယ့် သူ့ရဲ့ခြေစွမ်းဟာ နောက်ပိုင်းအချိန်တွေမှာ အသင်းရဲ့ကစားကွက်ကိုပံ့ပိုးပေးနိုင်စွမ်းကျဆင်းလာခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဂျိမ်းစ်ဟာ ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရရှိခဲ့တဲ့ပွဲစဉ်တွေဟာ အတော်ကိုများလာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ပရီမီးယားလိဂ် နောက်ဆုံး ( ၂ ) ပွဲဆက် ပွဲထွက် ကစားသမားအဖြစ် ပြန်လည် ပါဝင်ခွင့်ရနေပါတယ်။

အသက် ( ၂၃ ) နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်က လိဒ်အသင်းကို ၆ဂိုး – ၂ ဂိုး အနိုင် ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုကတက်ရဲ့ နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး လက်စတာအသင်းနဲ့ တစ်ဖက် ( ၂ ) ဂိုး စီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ( ၅၄ ) မိနစ်ထိ ပါဝင်ကစားသွားခဲ့တယ်။

Daily Star ရဲ့သတင်းတွေ အရ ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒွိုင်းက ဇန်နဝါရီလမှာ ဂျိမ်းကို အငှားချပေးဖို့ ယူနိုက်တက်ထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဂျိမ်းစ်ရဲ့ ဆွမ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာကလည်း ဘရိုက်တန်အသင်းအတွက် တိုက်စစ်အင်အားဖြည့်ဖို့ ဂျိမ်းစ်ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။ လိဒ်အသင်းကလည်း ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ဂျိမ်းစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

ဂျိမ်းစ်အနေနဲ့ အိုးထရက်ဖို့ဒ် ပထမရာသီမှာ ပုံမှန် ပွဲထွက်ခွင့်ရခဲ့ပြီး ( ၄၆ ) ပွဲထိ ကစားပေးခဲ့တယ်။ ဒါပေမယ့် ယခုနှစ်ဘောလုံးရာသီမှာတော့ အောက်တိုဘာလ ( ၂၄ ) ကတည်းက ပွဲကစားခွင့် ပျောက်ဆုံးနေခဲ့ပြီး ပြီးခဲ့တဲ့အပတ် လိဒ်နဲ့ပွဲ ကမှ ပြန်လည် ပွဲထွက် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

တောင်ပံကစားသမား ဂျိမ်းစ်အနေနဲ့ အကယ်ဒမီထွက်ကစားသမား ဂရင်းဝုဒ် ရှိနေတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရဖွယ် ရှိနေတဲ့အပြင် ဂျက်ဆီလင်ဂတ်ကလည်း အသင်းနဲ့ သက်တမ်းတိုးသွားမယ့် အလားအလာလည်းရှိနေပြီး မာရှယ်ကိုလည်း တစ်ချို့ပွဲတွေမှာ တောင်ပံကစားသမားအဖြစ် ကစားစေခဲ့တာကြောင့် သူ့ရဲ့ခြေစွမ်းပြနိုင်မှုဟာ ပြေးအားသာရှိပြီး ပုံမှန်ခြေစွမ်းသာပြသနိုင်နေအုံးမယ်ဆိုရင် သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝဟာ လေ့ကျင့်ရေးကွင်းမှာ အချိန်ကုန်ဆုံးသွားနိုင်ပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒန္နီရယ္ဂ်ိမ္းစ္ ရဲ႕ ယူႏိုက္တက္ ကစားသမားဘဝ ကုန္ဆံုးေတာ့မွာလား….?

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ေတာင္ပံ ကစားသမား ဒန္နီရယ္ ဂ်ိမ္းစ္ကို ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ေခၚယူဖို႔ ပရီးမီးယားလိဂ္ ကလပ္ ( ၄ ) သင္းက ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

လိဒ္ ႏွင့္ ဘန္ေလ အသင္းတို႔က ဂ်ိမ္းစ္ကို ေခၚယူဖို႔ ဦးစြာ စိတ္ဝင္စားခဲ့ၾကၿပီး Sun Sport ရဲ႕ ေလ့လာခ်က္အရ ဘ႐ိုက္တန္အသင္းကပါ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။ ယခုအခါ ဝက္စ္ဘ႐ြန္း အသင္းကပါ ယူႏိုက္တက္ တိုက္စစ္မႉးကို အငွားေခၚယူလိုတဲ့ အသင္းေတြထဲ ပါဝင္လာတာ ျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္က ဆြမ္ဆီးအသင္းကေန ယူႏိုက္တက္ကိုေရာက္ လာခ်ိန္က ပြဲထြက္ခြင့္မ်ားစြာရရွိခဲ့ၿပီး ယူႏိုက္တက္ပရိသတ္ေတြသေဘာက်ႏွစ္ျခိဳက္ခဲ့ၾကေပမယ့္ သူ႕ရဲ႕ေျခစြမ္းဟာ ေနာက္ပိုင္းအခ်ိန္ေတြမွာ အသင္းရဲ႕ကစားကြက္ကိုပံ့ပိုးေပးႏိုင္စြမ္းက်ဆင္းလာခဲ့ပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာ ဂ်ိမ္းစ္ဟာ ယူႏိုက္တက္ရဲ႕ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္မရရွိခဲ့တဲ့ပြဲစဥ္ေတြဟာ အေတာ္ကိုမ်ားလာခဲ့ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ ပရီမီးယားလိဂ္ ေနာက္ဆုံး ( ၂ ) ပြဲဆက္ ပြဲထြက္ ကစားသမားအျဖစ္ ျပန္လည္ ပါဝင္ခြင့္ရေနပါတယ္။

အသက္ ( ၂၃ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ အပတ္က လိဒ္အသင္းကို ၆ဂိုး – ၂ ဂိုး အႏိုင္ ခဲ့တဲ့ ပြဲစဥ္မွာ ယူႏိုကတက္ရဲ႕ ေနာက္ဆုံးဂိုးကို သြင္းယူေပးခဲ့ၿပီး လက္စတာအသင္းနဲ႔ တစ္ဖက္ ( ၂ ) ဂိုး စီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာလည္း ( ၅၄ ) မိနစ္ထိ ပါဝင္ကစားသြားခဲ့တယ္။ Daily Star ရဲ႕သတင္းေတြ အရ ဝက္စ္ဘ႐ြန္းနည္းျပ ဆမ္အလာဒိြဳင္းက ဇန္နဝါရီလမွာ ဂ်ိမ္းကို အငွားခ်ေပးဖို႔ ယူႏိုက္တက္ထံ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။ ဂ်ိမ္းစ္ရဲ႕ ဆြမ္ဆီးနည္းျပေဟာင္း ဂေရဟမ္ ေပၚတာကလည္း ဘ႐ိုက္တန္အသင္းအတြက္ တိုက္စစ္အင္အားျဖည့္ဖို႔ ဂ်ိမ္းစ္ကို ေခၚယူလိုေနေၾကာင္း သိရပါတယ္။ လိဒ္အသင္းကလည္း ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ဂ်ိမ္းစ္ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။ ဂ်ိမ္းစ္အေနနဲ႔ အိုးထရက္ဖို႔ဒ္ ပထမရာသီမွာ ပုံမွန္ ပြဲထြက္ခြင့္ရခဲ့ၿပီး ( ၄၆ ) ပြဲထိ ကစားေပးခဲ့တယ္။ ဒါေပမယ့္ ယခုႏွစ္ေဘာလုံးရာသီမွာေတာ့ ေအာက္တိုဘာလ ( ၂၄ ) ကတည္းက ပြဲကစားခြင့္ ေပ်ာက္ဆုံးေနခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္ လိဒ္နဲ႔ပြဲ ကမွ ျပန္လည္ ပြဲထြက္ ပါဝင္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

ေတာင္ပံကစားသမား ဂ်ိမ္းစ္အေနနဲ႔ အကယ္ဒမီထြက္ကစားသမား ဂရင္းဝုဒ္ ရွိေနတဲ့အတြက္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ရဖြယ္ ရွိေနတဲ့အျပင္ ဂ်က္ဆီလင္ဂတ္ကလည္း အသင္းနဲ႔ သက္တမ္းတိုးသြားမယ့္ အလားအလာလည္းရွိေနၿပီး မာရွယ္ကိုလည္း တစ္ခ်ိဳ႔ပြဲေတြမွာ ေတာင္ပံကစားသမားအျဖစ္ ကစားေစခဲ့တာေၾကာင့္ သူ႔ရဲ႕ေျခစြမ္းျပႏိုင္မႈဟာ ေျပးအားသာရွိၿပီး ပံုမွန္ေျခစြမ္းသာျပသႏိုင္ေနအံုးမယ္ဆိုရင္ သူ႔ရဲ႕ယူႏိုက္တက္ကစားသမားဘဝဟာ ေလ့က်င့္ေရးကြင္းမွာ အခ်ိန္ကုန္ဆံုးသြားႏိုင္ပါတယ္။