ဒမ်ဘီလီကိုခေါ်ဖို့ ဒီမာရီယာကို လက်လွှတ်ဖို့ဆုံးဖြတ်လိုက်တဲ့ PSG 

အာဂျင်တီးနားနာမည်ကျော်ကစားသမားဒီမာရီယာဟာ (၇)နှစ်ကြာကစားခဲ့တဲ့

PSG အသင်းနဲ့ လာမယ့်နွေရာသီမှာလမ်းခွဲရဖို့

နီးစပ်နေပြီဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဒီမာရီယာဟာ

ဒီရာသီကုန်ကျရင် PSG အသင်းနဲ့စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး

အသင်းက သူ့ကို နောက်ထပ်စာချုပ်သစ်ချုပ်မယ့်အနေအထားမရှိပါဘူး။

ဒ့ါအပြင် PSG အသင်းတာဝန်ရှိသူတွေဟာ ရာသီကုန်ကျရင်

ဒီမာရီယာကိုအသင်းနဲ့လမ်းခွဲဖို့ခွင့်ပြုသွားမှာဖြစ်တယ်လို့

ပြင်သစ်အားကစားမီဒီယာတစ်ခုဖြစ်တဲ့ RMC Sport ကဖော်ပြခဲ့ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီမာရီယာဟာ ယူနိုက်တက်အသင်းမှာ

စိတ်ပျက်စရာအခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ

PSG အသင်းကိုပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ

ပြည်တွင်းအောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

ဒီမာရီယာဟာ PSG ကစားသမားဘဝ(၇)နှစ်တာကာလအတွင်း

အမှတ်ပေးဖလား(၄)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၇)ခုအထိရယူခဲ့ပြီး

အသင်းအတွက်(၉၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၁၅)ကြိမ်အထိပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

ဒီမာရီယာကိုယ်တိုင်က လာမယ့်နွေရာသီကျရင် PSG ကနေထွက်ခွာပြီး

သူ့အသင်းဟောင်းဘင်ဖီကာအသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့

ဆန္ဒရှိနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

PSG အသင်းအနေနဲ့ လာမယ့်နွေရာသီကျရင် ဘာစီလိုနာ

တောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီကိုခေါ်ယူမှာဖြစ်တဲ့အတွက်

ဒီမာရီယာကို လက်လွှတ်ဖို့ဆုံးဖြတ်လိုက်တဲ့ပုံပါပဲ။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ကစားသမား

ဒမ်ဘီလီဟာ ရာသီကုန်ကျရင် ဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့်

အလွတ်နဲ့ခေါ်ယူနိုင်မှာဖြစ်တဲ့အတွက် PSG အပြင်

မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

zawgyi

ဒမ္ဘီလီကိုေခၚဖို႔ ဒီမာရီယာကို လက္လႊတ္ဖို႔ဆုံးျဖတ္လိုက္တဲ့ PSG

အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားဒီမာရီယာဟာ (၇)ႏွစ္ၾကာကစားခဲ့တဲ့

PSG အသင္းနဲ႔ လာမယ့္ေႏြရာသီမွာလမ္းခြဲရဖို႔

နီးစပ္ေနၿပီျဖစ္တယ္လို႔ သတင္းထြက္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဒီမာရီယာဟာ

ဒီရာသီကုန္က်ရင္ PSG အသင္းနဲ႔စာခ်ဳပ္သက္တမ္းျပည့္မွာျဖစ္ၿပီး

အသင္းက သူ႔ကို ေနာက္ထပ္စာခ်ဳပ္သစ္ခ်ဳပ္မယ့္အေနအထားမရွိပါဘူး။

ဒ့ါအျပင္ PSG အသင္းတာဝန္ရွိသူေတြဟာ ရာသီကုန္က်ရင္

ဒီမာရီယာကိုအသင္းနဲ႔လမ္းခြဲဖို႔ခြင့္ျပဳသြားမွာျဖစ္တယ္လို႔

ျပင္သစ္အားကစားမီဒီယာတစ္ခုျဖစ္တဲ့ RMC Sport ကေဖာ္ျပခဲ့ပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒီမာရီယာဟာ ယူႏိုက္တက္အသင္းမွာ

စိတ္ပ်က္စရာအေျခအေနနဲ႔ရင္ဆိုင္ခဲ့ရၿပီးတဲ့ေနာက္ ၂၀၁၅ ခုႏွစ္မွာ

PSG အသင္းကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းနဲ႔အတူ

ျပည္တြင္းေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ပါတယ္။

ဒီမာရီယာဟာ PSG ကစားသမားဘဝ(၇)ႏွစ္တာကာလအတြင္း

အမွတ္ေပးဖလား(၄)ႀကိမ္အပါအဝင္ ဆုဖလားေပါင္း(၁၇)ခုအထိရယူခဲ့ၿပီး

အသင္းအတြက္(၉၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၁၅)ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒီမာရီယာကိုယ္တိုင္က လာမယ့္ေႏြရာသီက်ရင္ PSG ကေနထြက္ခြာၿပီး

သူ႔အသင္းေဟာင္းဘင္ဖီကာအသင္းဆီ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔

ဆႏၵရွိေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

PSG အသင္းအေနနဲ႔ လာမယ့္ေႏြရာသီက်ရင္ ဘာစီလိုနာ

ေတာင္ပံတိုက္စစ္ကစားသမားဒမ္ဘီလီကိုေခၚယူမွာျဖစ္တဲ့အတြက္

ဒီမာရီယာကို လက္လႊတ္ဖို႔ဆုံးျဖတ္လိုက္တဲ့ပုံပါပဲ။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္လက္ေ႐ြးစင္ကစားသမား

ဒမ္ဘီလီဟာ ရာသီကုန္က်ရင္ ဘာစီလိုနာနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္

အလြတ္နဲ႔ေခၚယူႏိုင္မွာျဖစ္တဲ့အတြက္ PSG အျပင္

မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း သူ႔ကိုေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။