ဘာစီလိုနာနည်းပြဇာဗီးဟာအူစမာနီဒမ်ဘီလီရဲ့စာချုပ်သစ်အတွက်
လုပ်ခတောင်းဆိုမှုကြောင်း ဆွံ့အမင်သက်ခဲ့ရကြောင်းသိရပါတယ်။
ဘာစီလိုနာနည်းပြဇာဗီးဟာအသင်းကိုပြန်လည်တည်ဆောက်ရန်
လုပ်ဆောင်နေပြီးမန်စီးတီးစတားဖာရန်တောရက်စ်ကိုခေါ်ယူထားကာ
ဖီးလစ်ပီကော်တင်ဟိုကိုလည်းဗီလာသို့အငှားချထားပြီးဖြစ်ပါတယ်။
ဒမ်ဘီလီဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်
စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပြီးဘာစီလိုနာရဲ့
လုပ်ခလျှော့ချပြီး စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားပါတယ်။
သူဟာဘာစီလိုနာဘက်ကဘဏ္ဍာရေးပြဿနာကြောင့်
လုပ်ခလျှော့ချကမ်းလှမ်းမှုကိုပယ်ချခဲ့တဲ့အပြင်စာချုပ်သစ်အတွက်
ကြီးမားတဲ့လုပ်ခတိုးမြှင့်တောင်းဆိုမှုပါပြုလုပ်ထားပါတယ်။
ဒမ်ဘီလီဟာစာချုပ်သစ်အတွက်တစ်နှစ်လုပ်ခပေါင်၃၆သန်းအထိ
တောင်းဆိုထားတာလည်းဖြစ်ပါတယ်။
ပြောရမယ်ဆိုရင်တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ ဝန်းကျင်တောင်းဆိုထားတာပါ၊။
ယင်းသို့ဒမ်ဘီလီဘက်ကအံ့ဩသင့်စရာလုပ်ခတောင်းဆိုမှုကြောင့်
ဘာစီလိုနာနည်းပြဇာဗီးမှာနှုတ်ဆွံ့အသွားခဲ့ရပါတယ်။
လက်ရှိအနေအထားအရဒမ်ဘီလီဟာဘာစီလိုနာနှင့်
စာချုပ်သစ်ချုပ်ဆိုဖို့မရှိတော့ပါဘူး။ဘာစီလိုနာဟာလည်း
ယင်းသို့လုပ်ခမပေးနိုင်မှုနဲ့အတူ ရာသီအကုန်မှာ
အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးသွားဖို့ရှိပါတယ်။
zawgyi
ဒမ်ဘီလီကြောင့် ဆွံ့အသွားခဲ့တဲ့ ဇာဗီး