“ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုလဲမဟုတ်ပါဘူး…” ဆိုလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်တို့ဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ပက်ဂွာဒီယိုလာအသင်းရဲ့ ၂ဂိုးပြတ်အနိုင်ယူသွားခြင်းကိုခံခဲ့ရပါတယ်။ ယူနိုက်တက် အသင်းကို ဆိုးလ်ရှားရောက်လာပြီးထဲက ဆီမီးဖိုင်နယ်အဆင့်မှာ ၄ကြိမ်မြောက်အဖြစ် လက်ပြနှုတ်ဆက်ခဲ့ရတာလည်းဖြစ်ပါတယ်။

မန်စီးတီးတို့အတွက် ဂိုးတွေကိုတော့ ဖိုဒင်ကန်တင်ပေးလိုက်တဲ့ ပြစ်ဒဏ်ဘော ကနေ ရရှိလာခဲ့တဲ့အခွင့်အရေးကို နောက်ခံလူဂျွန်စတုန်းစ်က ဒူးနဲ့တိုက်သွင်းပေးခဲ့ပြီး အနိုင်သေချာစေမဲ့ဂိုးကိုတော့ပွဲချိန် ၈၃မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ဝမ်ဘစ်စကာခေါင်းတိုက်ဖြတ်ထုတ်လိုက်ရာကနေ ထွက်လာတဲ့ ဘောလုံးကို ဖာနန်ဒင်ဟိုက ဂိုးဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာပါ။

ဒါကြောင့် ယူနိုက်တက်အသင်းကိုနော်ဝေနည်းပြအိုလီရောက်ရှိလာပြီးထဲက ဆီမီးဖိုင်နယ်လေးကြိမ်တက်ရောက်ထားခဲ့ရာ အခုကာရာဘောင်းဆီမီးကို၂ကြိမ်၊ FAဖလားမှာတစ်ကြိမ်နဲ့ ယူရိုပါလိဂ်မှာ တစ်ကြိမ်တို့ဖြစ်ပြီး အကုန်လုံးကို ဒီအဆင့်မှာတင်လက်ပြခဲ့ရတာချည်းဖြစ်ခဲ့တာပါ။

အခုလိုတိုက်ဆိုင်စွာဖြစ်ပေါ်လာခဲ့မှုတွေအတွက် ဒီပွဲအပြီးမှာ ဆက်တိုက်ဒီအဆင့်ကထွက်ခဲ့ရမှုတွေကြောင့် အသင်းမှာ စိတ်ပိုင်းဆိုင်ရာပိတ်လှောင်နေခဲ့မှုတွေရှိနေခဲ့သလားဆိုတာနဲ့ ပတ်သတ်လို့ ဆိုးလ်ရှားက အခုလိုပြောသွားခဲ့ပါတယ်။

“ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုလဲမဟုတ်ပါဘူး။ တခါတလေမှာ အသင်းကောင်းတွေနဲ့ ဆီမီးမှာ ရင်ဆိုင်တွေ့ဆုံနိုင်တာပဲလေ။ အခုအခါကလည်း အင်္ဂလန်မှာအကောင်းဆုံးအသင်းလို့ ပြောလို့ရတဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။”

“သူတို့တွေရဲ့ အရည်အချင်းနဲ့ ဆိုရင် အမိုက်စားဂိုးတွေအများကြီးလဲသွင်းနိုင်ကြပါတယ်။ ဒါကိုခင်ဗျားအနေနဲ့ လက်ခံနိုင်ရပါမယ်။ ဒါပေမဲ့ အခုလိုမျိုး set pieces ကရလာတဲ့ ဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာမျိုးကြတော့ အရမ်းကိုစိတ်ပျက်စရာကောင်းလှပါတယ်။ ”

“ကျွန်တော်တို့အသင်းဟာ ဒီလို ဂိုးတွေကို ကာကွယ်သွားနိုင်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ကျနော်တို့ အနိုင်ရဖို့ ကြီးမားတဲ့အခွင့်အရေးတွေလဲ မဖန်တီးနိုင်ခဲ့ပါဘူး။ ဒီနေ့ကျွန်တော်တို့ဟာ အနိုင်ရယူဖို့အတွက်တော့ လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးပေါ့ဗျာ။ ကျွန်တော်တို့က ဗိုလ်လုပွဲ တပ်ရောက်နိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။ အရင်နှစ်ကထက်စာရင်တော့ အသင်းအရည်အသွေးဟာ ပိုကောင်းလာခဲ့ပါပြီ။

ဒီပွဲရဲ့ ရလဒ်ကို မေ့ထားပြီး ဘန်လေနဲ့ကစားရမယ့်ပွဲနဲ့ လီဗာပူးလ်အသင်းနှင့်ယှဉ်ပြိုင်ရမည့်ပွဲတွေကို အာရုံစိုက်ထားရပါတော့မယ်။ တစ်လအတွင်းမှာ ယူရိုပါလိဂ် ပြိုင်ပွဲတွေကလည်း ပြန်ရောက်လာပါပြီ”ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ စိတ်ပျက်စရာ ရလာဒ်ကနေ အမြန်ဆုံး နိုးထပြီး နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်တဲ့ ဒီတစ်ပတ်အတွင်း ကစားရမယ့် FA Cup တတိယအဆင့်ပွဲစဉ်ကို အာရုံစိုက်ရဖို့ ရှိနေပါတယ်။ နောက်ထပ် အိမ်ကွင်းပွဲစဉ်တစ်ပွဲဖြစ်ပြီး လာမယ့် စနေနေ့မှာ ဝက်ဖို့ဒ်ကို လက်ခံကစားရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

“ဒါက စိတ္ပိုင္းဆိုင္ရာ ျပႆနာတခုလဲမဟုတ္ပါဘူး…” ဆိုလ္ရွား

ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ အိမ္ရွင္ယူႏိုက္တက္တို႔ဟာ အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ပက္ဂြာဒီယိုလာအသင္းရဲ႕ ၂ဂိုးျပတ္အႏိုင္ယူသြားျခင္းကိုခံခဲ့ရပါတယ္။ ယူႏိုက္တက္ အသင္းကို ဆိုးလ္ရွားေရာက္လာၿပီးထဲက ဆီမီးဖိုင္နယ္အဆင့္မွာ ၄ႀကိမ္ေျမာက္အျဖစ္ လက္ျပႏႈတ္ဆက္ခဲ့ရတာလည္းျဖစ္ပါတယ္။ မန္စီးတီးတို႔အတြက္ ဂိုးေတြကိုေတာ့ ဖိုဒင္ကန္တင္ေပးလိုက္တဲ့ ျပစ္ဒဏ္ေဘာ ကေန ရရွိလာခဲ့တဲ့အခြင့္အေရးကို ေနာက္ခံလူဂြၽန္စတုန္းစ္က ဒူးနဲ႔တိုက္သြင္းေပးခဲ့ၿပီး အႏိုင္ေသခ်ာေစမဲ့ဂိုးကိုေတာ့ပြဲခ်ိန္ ၈၃မိနစ္မွာ ေထာင့္ကန္ေဘာကတဆင့္ ဝမ္ဘစ္စကာေခါင္းတိုက္ျဖတ္ထုတ္လိုက္ရာကေန ထြက္လာတဲ့ ေဘာလုံးကို ဖာနန္ဒင္ဟိုက ဂိုးဧရိယာထိပ္ကေန ကန္သြင္းသြားခဲ့တာပါ။

ဒါေၾကာင့္ ယူႏိုက္တက္အသင္းကိုေနာ္ေဝနည္းျပအိုလီေရာက္ရွိလာၿပီးထဲက ဆီမီးဖိုင္နယ္ေလးႀကိမ္တက္ေရာက္ထားခဲ့ရာ အခုကာရာေဘာင္းဆီမီးကို၂ႀကိမ္၊ FAဖလားမွာတစ္ႀကိမ္နဲ႔ ယူ႐ိုပါလိဂ္မွာ တစ္ႀကိမ္တို႔ျဖစ္ၿပီး အကုန္လုံးကို ဒီအဆင့္မွာတင္လက္ျပခဲ့ရတာခ်ည္းျဖစ္ခဲ့တာပါ။ အခုလိုတိုက္ဆိုင္စြာျဖစ္ေပၚလာခဲ့မႈေတြအတြက္ ဒီပြဲအၿပီးမွာ ဆက္တိုက္ဒီအဆင့္ကထြက္ခဲ့ရမႈေတြေၾကာင့္ အသင္းမွာ စိတ္ပိုင္းဆိုင္ရာပိတ္ေလွာင္ေနခဲ့မႈေတြရွိေနခဲ့သလားဆိုတာနဲ႔ ပတ္သတ္လို႔ ဆိုးလ္ရွားက အခုလိုေျပာသြားခဲ့ပါတယ္။

“ဒါက စိတ္ပိုင္းဆိုင္ရာ ျပႆနာတခုလဲမဟုတ္ပါဘူး။ တခါတေလမွာ အသင္းေကာင္းေတြနဲ႔ ဆီမီးမွာ ရင္ဆိုင္ေတြ႕ဆုံႏိုင္တာပဲေလ။ အခုအခါကလည္း အဂၤလန္မွာအေကာင္းဆုံးအသင္းလို႔ ေျပာလို႔ရတဲ့ မန္စီးတီးအသင္းနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။”

“သူတို႔ေတြရဲ႕ အရည္အခ်င္းနဲ႔ ဆိုရင္ အမိုက္စားဂိုးေတြအမ်ားႀကီးလဲသြင္းႏိုင္ၾကပါတယ္။ ဒါကိုခင္ဗ်ားအေနနဲ႔ လက္ခံႏိုင္ရပါမယ္။ ဒါေပမဲ့ အခုလိုမ်ိဳး set pieces ကရလာတဲ့ ဂိုးႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရတာမ်ိဳးၾကေတာ့ အရမ္းကိုစိတ္ပ်က္စရာေကာင္းလွပါတယ္။ ”

“ကြၽန္ေတာ္တို႔အသင္းဟာ ဒီလို ဂိုးေတြကို ကာကြယ္သြားႏိုင္ဖို႕ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဒီပြဲမွာ က်ေနာ္တို႔ အႏိုင္ရဖို႕ ႀကီးမားတဲ့အခြင့္အေရးေတြလဲ မဖန္တီးႏိုင္ခဲ့ပါဘူး။ ဒီေန႔ကြၽန္ေတာ္တို႔ဟာ အႏိုင္ရယူဖို႕အတြက္ေတာ့ လံုေလာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘူးေပါ့ဗ်ာ။ ကၽြန္ေတာ္တို႔က ဗိုလ္လုပြဲ တပ္ေရာက္ႏိုင္ဖို႕ ေမွ်ာ္လင့္ခဲ့ပါတယ္။ အရင္တႏွစ္ကထက္စာရင္ေတာ့ အသင္းအရည္အေသြးဟာ ပိုေကာင္းလာခဲ့ပါၿပီ။ ဒီပြဲရဲ႕ ရလဒ္ကို ေမ႔ထားၿပီး ဘန္ေလနဲ႔ကစားရမယ့္ပြဲနဲ႔ လီဗာပူးလ္အသင္းႏွင့္ယွဥ္ၿပိဳင္ရမည့္ပြဲေတြကို အာရံုစိုက္ထားရပါေတာ့မယ္။ တစ္လအတြင္းမွာ ယူ႐ိုပါလိဂ္ ျပိဳင္ပြဲေတြကလည္း ျပန္ေရာက္လာပါၿပီ”ဆိုၿပီး ေျပာၾကားသြားခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ စိတ္ပ်က္စရာ ရလာဒ္ကေန အျမန္ဆုံး ႏိုးထၿပီး ေနာက္ထပ္ ပစ္မွတ္တစ္ခုျဖစ္တဲ့ ဒီတစ္ပတ္အတြင္း ကစားရမယ့္ FA Cup တတိယအဆင့္ပြဲစဥ္ကို အာ႐ုံစိုက္ရဖို႔ ရွိေနပါတယ္။ ေနာက္ထပ္ အိမ္ကြင္းပြဲစဥ္တစ္ပြဲျဖစ္ၿပီး လာမယ့္ စေနေန႔မွာ ဝက္ဖို႔ဒ္ကို လက္ခံကစားရမွာ ျဖစ္ပါတယ္။