ဒါက အစပဲရှိသေးတယ်လို့ နည်းပြဘ၀ ပထမဆုံးဆုဖလားအတွက် ဝင့်ကြွားလိုက်တဲ့ ပိုချက်တီနို

ပီအက်စ်ဂျီနည်းပြအဖြစ် ၃ ပွဲမြောက်မှာပဲ သူ့နည်းပြဘဝရဲ့ပထမဆုံးဆုဖလားအောင်မြင်မှုကို ရရှိခဲ့ပြီးနောက် ဒါဟာ အစပဲရှိသေးတယ်လို့ ပိုချက်တီနိုက ဝင့်ကြွားလိုက်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲမှာ ပီအက်စ်ဂျီဟာ အိုင်ကာဒီနဲ့နေမာတို့ရဲ့သွင်းဂိုးတွေနဲ့ မာဆေးကို အနိုင်ရဗိုလ်စွဲခဲ့တာပါ။

ပိုချက်တီနိုဟာ သူ့အသင်းဟောင်းတွေဖြစ်တဲ့ စပါး၊ ဆောက်သမ်တန်နဲ့အက်စ်ပန်ညိုတို့မှာ ခြေစွမ်းပိုင်းတိုးတက်စေဖို့၊ အဆင့်ကောင်းကောင်းရပ်တည်နိုင်စေဖို့တို့အတွက် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတော့ ရယူပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ ပီအက်စ်ဂျီကိုရောက်လာပြီး ၁၁ ရက်အတွင်းမှာပဲ ပိုချီတီနိုဟာ သူ့နည်းပြဘဝရဲ့ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ပြင်သစ်စူပါဖလားဟာ ဒီရာသီမှာ ပီအက်စ်ဂျီရတဲ့ ပထမဆုံးဆုဖလားဖြစ်ပြီး လီဂူး ၁ ၊ ပြင်သစ်အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်တို့မှာလည်း ဆုဖလားမျှော်လင့်နိုင်ခွင့်ရှိနေသေးတာပါ။

ဒါကြောင့်လည်း ပိုချက်တီနိုဟာ ပီအက်စ်ဂျီနဲ့အတူ နောက်ထပ်ဆုဖလားအောင်မြင်မှုတွေအတွက် ဆာလောင်နေတာ ဖြစ်ပါတယ်။

”ဒါဟာ အစပဲရှိပါသေးတယ်။ ကျွန်တော်တို့ လေ့ကျင်ပြင်ဆင်ချိန်သိပ်မရပေမယ့် ကစားသမားတွေဟာ ဒီဆုဖလားနဲ့ထိုက်တန်ခဲ့ပြီး ကျွန်တော်ဖြစ်စေချင်တာကို သူတို့လျင်မြန်စွာနဲ့ အံဝင်အောင်လုပ်နိုင်ခဲ့ပါတယ်”လို့ ပိုချက်တီနိုက ဆိုခဲ့တာပါ။

ဒါ့အပြင် ပိုချက်တီနိုဟာ ဒီဆုဖလားအောင်မြင်မှုအတွက် ပီအက်စ်ဂျီကို သူ့အရင်ကိုင်တွယ်ခဲ့တဲ့ သောမတ်စ်တူချယ်ကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ထုတ်ပယ်ခံလိုက်ရတဲ့ တူချယ်လက်ထက် ပြီးခဲ့တဲ့ရာသီမှာလည်း ပြည်တွင်းမှာရရှိနိုင်မယ့်ဆုဖလား ၄ ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Zawgyi

ဒါက အစပဲရွိေသးတယ္လုိ႔ နည္းျပဘ၀ ပထမဆုံးဆုဖလားအတြက္ ၀င့္ၾကြားလိုက္တဲ့ ပိုခ်က္တီႏို

ပီအက္စ္ဂ်ီနည္းျပအျဖစ္ ၃ ပြဲေျမာက္မွာပဲ သူ႔နည္းျပဘ၀ရဲ႕ပထမဆုံးဆုဖလားေအာင္ျမင္မႈကို ရရွိခဲ့ၿပီးေနာက္ ဒါဟာ အစပဲရွိေသးတယ္လုိ႔ ပိုခ်က္္တီႏိုက ၀င့္ၾကြားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးညက ကစားခဲ့တဲ့ ျပင္သစ္စူပါဖလားပြဲမွာ ပီအက္စ္ဂ်ီဟာ အိုင္ကာဒီနဲ႔ေနမာတုိ႔ရဲ႕သြင္းဂိုးေတြနဲ႔ မာေဆးကို အႏိုင္ရဗုိလ္စြဲခဲ့တာပါ။

ပိုခ်က္တီႏိုဟာ သူ႔အသင္းေဟာင္းေတြျဖစ္တဲ့ စပါး၊ ေဆာက္သမ္တန္နဲ႔အက္စ္ပန္ညိဳတုိ႔မွာ ေျခစြမ္းပိုင္းတိုးတက္ေစဖုိ႔၊ အဆင့္ေကာင္းေကာင္းရပ္တည္ႏိုင္ေစဖို႔တို႔အတြက္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈေတာ့ ရယူေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။

ဒါေပမဲ့ ပီအက္စ္ဂ်ီကိုေရာက္လာၿပီး ၁၁ ရက္အတြင္းမွာပဲ ပုိခ်ီတီႏိုဟာ သူ႔နည္းျပဘ၀ရဲ႕ပထမဆုံးဆုဖလားကို ကိုင္ေျမွာက္ႏုိင္ခဲ့ပါတယ္။

ျပင္သစ္စူပါဖလားဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီရတဲ့ ပထမဆုံးဆုဖလားျဖစ္ၿပီး လီဂူး ၁ ၊ ျပင္သစ္အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္တို႔မွာလည္း ဆုဖလားေမွ်ာ္လင့္ႏိုင္ခြင့္ရွိေနေသးတာပါ။

ဒါေၾကာင့္လည္း ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီနဲ႔အတူ ေနာက္ထပ္ဆုဖလားေအာင္ျမင္မႈေတြအတြက္ ဆာေလာင္ေနတာ ျဖစ္ပါတယ္။

”ဒါဟာ အစပဲရွိပါေသးတယ္။ ကၽြန္ေတာ္တို႔ ေလ့က်င္ျပင္ဆင္ခ်ိန္သိပ္မရေပမယ့္ ကစားသမားေတြဟာ ဒီဆုဖလားနဲ႔ထိုက္တန္ခဲ့ၿပီး ကၽြန္ေတာ္ျဖစ္ေစခ်င္တာကို သူတို႔လ်င္ျမန္စြာနဲ႔ အံ၀င္ေအာင္လုပ္ႏိုင္ခဲ့ပါတယ္”လုိ႔ ပိုခ်က္တီႏိုက ဆိုခဲ့တာပါ။

ဒါ့အျပင္ ပုိခ်က္တီိႏိုဟာ ဒီဆုဖလားေအာင္ျမင္မႈအတြက္ ပီအက္စ္ဂ်ီကို သူ႔အရင္ကိုင္တြယ္ခဲ့တဲ့ ေသာမတ္စ္တူခ်ယ္ကိုလည္း ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ထုတ္ပယ္ခံလိုက္ရတဲ့ တူခ်ယ္လက္ထက္ ၿပီးခ့ဲတဲ့ရာသီမွာလည္း ျပည္တြင္းမွာရရွိႏိုင္မယ့္ဆုဖလား ၄ ခုစလုံးကို သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။