ဒါဘီနည်းပြဖြစ်လာဖို့ နီးစပ်နေတဲ့ ရွန်နီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိနည်းပြဖိလစ်ကိုကူးအပေါ် သည်းခံမှုကုန်ဆုံးနေချိန် ဝိန်းရွန်နီဟာ ဒါဘီအသင်းနည်းပြဖြစ်လာဖို့ နီးစပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ တကယ်လို့ သောကြာညကစားမယ့် ဝက်ဖို့ဒ်နဲ့ချန်ပီယံရှစ်ပွဲမှာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ရွန်နီဟာ လာမယ့်အပတ်မှာ သူ့ရဲ့ပထမဆုံးနည်းပြတာဝန်အဖြစ် ဒါဘီကိုကိုင်တွယ်ရဖို့ရှိတယ်လို့ အင်္ဂလန်က The Sun သတင်းစာက ဖော်ပြခဲ့တာပါ။

အင်္ဂလန်အသင်းနဲ့မန်ယူတို့ရဲ့ဂိုးအများဆုံးသွင်းသူလည်းဖြစ်တဲ့ရွန်နီဟာ ဒါဘီမှာလည်း ခြေစွမ်းပြကစားနေသူပါ။ သူဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဒါဘီကိုရောက်လာပြီးကတည်းက ချန်ပီယံရှစ်မှာ ၆ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပေမယ့် ကလပ်ကတော့ ရလဒ်ပိုင်းအရ ရုန်းကန်နေရဆဲပါပဲ။

ပြီးခဲ့တဲ့ရာသီက အင်္ဂလန်ဒုတိယတန်းမှာ အဆင့် ၁၀ သာချိတ်ခဲ့တဲ့ဒါဘီဟာ အခုရာသီသစ်မှာတော့ တာထွက်ဆိုးနေပြီး ကစားခဲ့တဲ့အဖွင့် ၄ ပွဲမှာ ၃ ပွဲရှုံးထားပါတယ်။ ဒါတောင် နိုင်ငံတကာကြားဖြတ်မတိုင်ခင် ကစားခဲ့တဲ့ နော်ဝစ်ချ်နဲ့ပွဲမှာ ရွန်နီရဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးကြောင့် လက်ရှိနည်းပြကိုကူးဟာ အသက်ရှုချောင်ခဲ့ရတာပါ။

ဒါဘီကိုရောက်လာတဲ့နေ့ကတည်းက အဲဒီမန်ယူဂန္ထဝင်ဟောင်းဟာ တစ်နေ့မှာ နည်းပြဖြစ်ချင်တယ်လို့ ဖွင့်ဟထားတာပါ။ မန်ယူကို ဗန်ဂေါလ်ကိုင်တုန်းက အသင်းဖော်ရွိုင်ယန်ဂစ်ဟာ ပြိုင်ဘက်တွေကို လေ့လာဆန်းစစ်မှုလုပ်ခဲ့ပြီး လေ့ကျင့်ခန်းပြီးတိုင်း ဂစ်ဆီကိုသွားကာ အတွေ့အကြုံယူခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒါဘီနည္းျပျဖစ္လာဖို႔ နီးစပ္ေနတဲ့ ရြန္နီ

လက္ရွိနည္းျပဖိလစ္ကိုကူးအေပၚ သည္းခံမႈကုန္ဆုံးေနခ်ိန္ ၀ိန္းရြန္နီဟာ ဒါဘီအသင္းနည္းျပျဖစ္လာဖုိ႔ နီးစပ္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ တကယ္လို႔ ေသာၾကာညကစားမယ့္ ၀က္ဖို႔ဒ္နဲ႔ခ်န္ပီယံရွစ္ပြဲမွာသာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ရြန္နီဟာ လာမယ့္အပတ္မွာ သူ႔ရဲ႕ပထမဆုံးနည္းျပတာ၀န္အျဖစ္ ဒါဘီကိုကုိင္တြယ္ရဖို႔ရွိတယ္လုိ႔ အဂၤလန္က The Sun သတင္းစာက ေဖာ္ျပခဲ့တာပါ။

အဂၤလန္အသင္းနဲ႔မန္ယူတို႔ရဲ႕ဂိုးအမ်ားဆံုးသြင္းသူလည္းျဖစ္တဲ့ရြန္နီဟာ ဒါဘီမွာလည္း ေျခစြမ္းျပကစားေနသူပါ။ သူဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ ဒါဘီကိုေရာက္လာၿပီးကတည္းက ခ်န္ပီယံရွစ္မွာ ၆ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးေပးထားေပမယ့္ ကလပ္ကေတာ့ ရလဒ္ပိုင္းအရ ရုန္းကန္ေနရဆဲပါပဲ။

ၿပီးခဲ့တဲ့ရာသီက အဂၤလန္ဒုတိယတန္းမွာ အဆင့္ ၁၀ သာခ်ိတ္ခဲ့တဲ့ဒါဘီဟာ အခုရာသီသစ္မွာေတာ့ တာထြက္ဆုိးေနၿပီး ကစားခဲ့တဲ့အဖြင့္ ၄ ပြဲမွာ ၃ ပြဲရႈံးထားပါတယ္။ ဒါေတာင္ ႏိုင္ငံတကာၾကားျဖတ္မတိုင္ခင္ ကစားခဲ့တဲ့ ေနာ္၀စ္ခ်္နဲ႔ပြဲမွာ ရြန္နီရဲ႕ေနာက္ဆုံးမိနစ္အႏိုင္ဂိုးေၾကာင့္ လက္ရွိနည္းျပကိုကူးဟာ အသက္ရႈေခ်ာင္ခဲ့ရတာပါ။

ဒါဘီကိုေရာက္လာတဲ့ေန႔ကတည္းက အဲဒီမန္ယူဂႏၳ၀င္ေဟာင္းဟာ တစ္ေန႔မွာ နည္းျပျဖစ္ခ်င္တယ္လို႔ ဖြင့္ဟထားတာပါ။ မန္ယူကို ဗန္ေဂါလ္ကိုင္တုန္းက အသင္းေဖာ္ရြိဳင္ယန္ဂစ္ဟာ ၿပိဳင္ဘက္ေတြကို ေလ့လာဆန္းစစ္မႈလုပ္ခဲ့ၿပီး ေလ့က်င့္ခန္းၿပီးတိုင္း ဂစ္ဆီကိုသြားကာ အေတြ႕အႀကံဳယူခဲ့ေၾကာင္းလည္း ဖြင့္ဟခဲ့ပါတယ္။