ဒါဘီနည်းပြအဖြစ်ခန့်အပ်ခံရဖို့ ရူနီကိုထောက်ခံစကားဆိုလိုက်တဲ့ မက္ကလာရင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒါဘီအသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်တဲ့ စတိဗ်မက္ကလာရင်က ယာယီနည်းပြ ဝိန်းရူနီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး အသင်းမှာအရာရာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောလိုက်ပါတယ်။

ဒါဘီအသင်းတာဝန်ရှိသူတွေဟာ ရူနီကို တစ်ဦးတည်းသောယာယီနည်းပြအဖြစ် ခန်အပ်ခဲ့ပြီးနောက် အသင်းရဲ့ခြေစွမ်းဟာလည်း တိုးတက်လာပြီး ၆ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ပါဘူး။

ဒါကြောင့်လည်း အမှတ်ပေးဇယား အောက်ဆုံးမှာရှိနေတဲ့ အခြေအနေကနေ တန်းဆင်းဇုန်နဲ့လွတ်မြောက်ဖို့ တစ်မှတ်သာလိုတော့တဲ့ အထိ ဖြစ်လာတာပါ။ လက်ရှိမှာ ရူနီကိုအမြဲတမ်းနည်းပြ အဖြစ်ခန့်မလားဆိုတာ ရှင်းလင်းစွာမသိရသေးပေမယ့် မက္ကလာရင်ရဲ့မှတ်ချက်ကြောင့် နည်းပြသစ်ဖြစ်လာဖို့ အလားအလာများစွာရှိလာခဲ့ပါတယ်။

အသက် ၃၅နှစ်ရှိတဲ့ ရူနီဟာအရင်တုန်းက ဒါဘီကိုအခြားနည်းပြ ၃ ဦးနဲ့အတူ ပူးတွဲတာဝန်ယူခဲ့ရပေမယ့် နိုဝင်ဘာလအတွင်းမှာ တစ်ဦးတည်း ဦးဆောင်ခဲ့ရတာပါ။

မက္ကလာရင်က” ရူနီဟာအသင်းရဲ့ နည်းဗျူဟာတွေ၊ ရလဒ်ပိုင်းတွေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူပါ။ ဒါပေမယ့် အသင်းမှာအရာရာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် သူလုပ်ဆောင်နေပါတယ်။ နည်းပြတစ်ဦးအနေနဲ့ သူ့ရဲ့စီမံခန့်ခွဲမှုတွေဟာ သိပ်ကိုကောင်းမွန်တာပါ။

နည်းပြအဖွဲ့ဝင်တွေကိုလည်း သက်ဆိုင်ရာအလိုက် တာဝန်တွေခွဲဝေပေးထားသလို သူ့လက်ထောက်တွေအပေါ်လည်း ယုံကြည်မှုရှိပါတယ်။ ဒါတွေဟာ ဘောလုံးနဲ့ ပတ်သက်ပြီး သူ့ရဲ့ပြောင်မြောက်တဲ့ ဗဟုသုတတွေကြောင့် ဖြစ်ပါတယ်။

ကစားသမားဘဝတုန်းကလည်း ရူနီဟာ သင်ယူမှုတွေလုပ်ခဲ့သလို နည်းပြဖြစ်လာဖို့အတွက်လည်း နှစ်နဲ့ချီပြီး လေ့လာခဲ့တာပါ။ သူ့ရဲ့အကောင်းဆုံးသော အားသာချက်ကတော့ ထိုးထွင်းဉာဏ်ကောင်းတာပါဘဲ။ လေ့ကျင့်ရေးကွင်းမှာ ကစားသမား တစ်ဦးချင်းနဲ့ဆက်သွယ်မှုမပြတ်သလို နည်းပြအဖွဲ့တွေနဲ့လည်း တိုင်ပင်လေ့ရှိပါတယ်။

ကစားသမားတစ်ဦးကို ပွဲထွက်ခွင့်မပေးဘူးဆိုရင် ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာ သူ့ရုံးခန်းကိုခေါ်ပြီး အဲဒီကစားသမားကို သေချာရှင်းပြပေးသူလည်း ဖြစ်ပါတယ်။ သူဟာ နှိမ်ချတတ်သူဖြစ်သလို ရိုးသားမှုလည်းရှိပါတယ်။ ဒါကြောင့်လည်း ကစားသမားတွေဘက်က တုံ့ပြန်မှုကောင်းလာတာပေါ့” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒါဘီနည္းျပအျဖစ္ခန႔္အပ္ခံရဖို႔ ႐ူနီကိုေထာက္ခံစကားဆိုလိုက္တဲ့ မကၠလာရင္

ဒါဘီအသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာျဖစ္တဲ့ စတိဗ္မကၠလာရင္က ယာယီနည္းျပ ဝိန္း႐ူနီရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးလိုက္ၿပီး အသင္းမွာအရာရာကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ ေျပာလိုက္ပါတယ္။ ဒါဘီအသင္းတာဝန္ရွိသူေတြဟာ ႐ူနီကို တစ္ဦးတည္းေသာယာယီနည္းျပအျဖစ္ ခန္အပ္ခဲ့ၿပီးေနာက္ အသင္းရဲ႕ေျခစြမ္းဟာလည္း တိုးတက္လာၿပီး ၆ ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ပါဘူး။

ဒါေၾကာင့္လည္း အမွတ္ေပးဇယား ေအာက္ဆုံးမွာရွိေနတဲ့ အေျခအေနကေန တန္းဆင္းဇုန္နဲ႔လြတ္ေျမာက္ဖို႔ တစ္မွတ္သာလိုေတာ့တဲ့ အထိ ျဖစ္လာတာပါ။ လက္ရွိမွာ ႐ူနီကိုအၿမဲတမ္းနည္းျပ အျဖစ္ခန႔္မလားဆိုတာ ရွင္းလင္းစြာမသိရေသးေပမယ့္ မကၠလာရင္ရဲ႕မွတ္ခ်က္ေၾကာင့္ နည္းျပသစ္ျဖစ္လာဖို႔ အလားအလာမ်ားစြာရွိလာခဲ့ပါတယ္။ အသက္ ၃၅ႏွစ္ရွိတဲ့ ႐ူနီဟာအရင္တုန္းက ဒါဘီကိုအျခားနည္းျပ ၃ ဦးနဲ႔အတူ ပူးတြဲတာဝန္ယူခဲ့ရေပမယ့္ ႏိုဝင္ဘာလအတြင္းမွာ တစ္ဦးတည္း ဦးေဆာင္ခဲ့ရတာပါ။

မကၠလာရင္က” ႐ူနီဟာအသင္းရဲ႕ နည္းဗ်ဴဟာေတြ၊ ရလဒ္ပိုင္းေတြနဲ႔ပတ္သက္ၿပီး တာဝန္ရွိတဲ့သူပါ။ ဒါေပမယ့္ အသင္းမွာအရာရာကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ သူလုပ္ေဆာင္ေနပါတယ္။ နည္းျပတစ္ဦးအေနနဲ႔ သူ႔ရဲ႕စီမံခန႔္ခြဲမႈေတြဟာ သိပ္ကိုေကာင္းမြန္တာပါ။ နည္းျပအဖြဲ႕ဝင္ေတြကိုလည္း သက္ဆိုင္ရာအလိုက္ တာဝန္ေတြခြဲေဝေပးထားသလို သူ႔လက္ေထာက္ေတြအေပၚလည္း ယုံၾကည္မႈရွိပါတယ္။ ဒါေတြဟာ ေဘာလုံးနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ေျပာင္ေျမာက္တဲ့ ဗဟုသုတေတြေၾကာင့္ ျဖစ္ပါတယ္။

ကစားသမားဘဝတုန္းကလည္း ႐ူနီဟာ သင္ယူမႈေတြလုပ္ခဲ့သလို နည္းျပျဖစ္လာဖို႔အတြက္လည္း ႏွစ္နဲ႔ခ်ီၿပီး ေလ့လာခဲ့တာပါ။ သူ႔ရဲ႕အေကာင္းဆုံးေသာ အားသာခ်က္ကေတာ့ ထိုးထြင္းဥာဏ္ေကာင္းတာပါဘဲ။ ေလ့က်င့္ေရးကြင္းမွာ ကစားသမားတစ္ဦးခ်င္းနဲ႔ဆက္သြယ္မႈမျပတ္သလို နည္းျပအဖြဲ႕ေတြနဲ႔လည္း တိုင္ပင္ေလ့ရွိပါတယ္။ ကစားသမားတစ္ဦးကို ပြဲထြက္ခြင့္မေပးဘူးဆိုရင္ ဘာေၾကာင့္ ဒီလိုလုပ္ရသလဲဆိုတာ သူ႔႐ုံးခန္းကိုေခၚၿပီး အဲဒီကစားသမားကို ေသခ်ာရွင္းျပေပးသူလည္း ျဖစ္ပါတယ္။ သူဟာ ႏွိမ္ခ်တတ္သူျဖစ္သလို ႐ိုးသားမႈလည္းရွိပါတယ္။ ဒါေၾကာင့္လည္း ကစားသမားေတြဘက္က တုံ႔ျပန္မႈေကာင္းလာတာေပါ့” လို႔ေျပာသြားပါတယ္။