ဒါဘီပွဲမှာ ဆာလက် ဂိုး ၁၀၀ ပြည့်ခဲ့ပေမယ့် လီဗာပူး ၃ ကျပ်ကွက် နစ်နာခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ အစောဆုံးပွဲစဉ်ဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီကတော့ အငြင်း ပွားစရာတွေနဲ့ ပြီးဆုံးသွားခဲ့တာပါ။ လီဗာပူးအတွက် အတော်လေးနစ်နာခဲ့တဲ့ပွဲဖြစ်ပြီး ၃ ကျပ်ကွက်လောက်ထိခဲ့တာပါ။

ပွဲချိန်အတွင်းမှာ အဓိကနောက်ခံလူ ဗန်ဒစ်ချ်ကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကို အဝါကတ်တောင် ကွင်းလယ်ဒိုင် က မပြသခဲ့ပေမယ့် ဗီဒီယိုပြကွက်တွေအရ ဒီဖျက်ထုတ်မှုဟာ ဗန်ဒစ်ချ်တစ်ယောက် ခြေ ထောက်ကျိုးသွားနိုင်တဲ့အထိ ဖြစ်နေပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ အယ်ကန်တာရာ လည်း ဒဏ်ရာရသွားခဲ့တာကြောင့် လီဗာပူးဟာ ဒီပွဲမှာ အဓိကကစားသမား ၂ ဦး ထိခိုက်ခဲ့ရတာပါ။

ပိုပြီးနစ်နာတာကတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပွဲပြီးခါနီး သွင်းတဲ့ဂိုးကို VAR ဆုံးဖြတ်ချက်နဲ့ မာနေး လူကျွံနေတယ်ဆိုပြီး ဂိုးမပေးခဲ့တာပါပဲ။

ဒီပွဲမှာ လီဗာပူးဘက်က မှတ်တမ်းကောင်းတစ်ခုကတော့ တိုက်စစ်မှူး ဆာလက်ဟာ လီဗာပူးအတွက် သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့တာပါပဲ။ ဆာလက်ဟာ ရိုးမားကနေ လီဗာပူး ကို ၂၀၁၇ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် စုစုပေါင်း ၁၃၈ ပွဲ ပါဝင်ကစား ထားပါတယ်။ ၂၀၁၈ ဘောလုံးရာသီတုန်းက ဆာလက်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးနှုန်းက အကောင်းဆုံးမှာရှိခဲ့ပြီး ၃၆ ပွဲမှာ ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒီပွဲအပြီးမှာ လီဗာပူးနည်းပြ ကလော့ပ်က “ကျွန်တော် ဘောလုံးပွဲတွေကိုနှစ်သက်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ဘောလုံးပွဲတွေမှာ စစ်မှန်တဲ့တရားမျှတမှုနဲ့ အနိုင်ရတာမျိုးက နည်းသွားပြီလို့ခံစားမိပါတယ်” လို့ VAR ဆုံး ဖြတ်ချက်ကိုရည်ညွှန်းပြီး ပြောသွားခဲ့ပါတယ်။

ဒါဘီပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်အတွက် ကတော့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ခရီးဆက်နေဆဲဖြစ်ပြီး တိုက်စစ်မှူး ကဲလ်ဗက်လီဝင်ကလည်း အသင်းအတွက် ဂိုးတွေသွင်းနေဆဲပါပဲ။ လီဗာပူးဟာ အဲဗာတန်နဲ့ပွဲမှာ စုစုပေါင်းဂိုးကန်သွင်းချက် ၂၂ ကြိမ်အထိရှိခဲ့ပြီး အိမ်ရှင်အဲဗာတန်ထက် ၁၁ ကြိမ်တိတိ ပိုများခဲ့တာပါ။ ကလော့ပ်အတွက်ကတော့ လီဗာပူးကိုကိုင်တွယ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲမဆက်သေးတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒါဘီပြဲမွာ ဆာလက္ ဂိုး ၁၀၀ ျပည့္ခဲ့ေပမယ့္ လီဗာပူး ၃ က်ပ္ကြက္ နစ္နာခဲ့

ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ အေစာဆံုးပြဲစဥ္ျဖစ္တဲ့ မာေဆးဆိုဒ္ဒါဘီကေတာ့ အျငင္း ပြားစရာေတြနဲ႔ ၿပီးဆံုးသြားခဲ့တာပါ။ လီဗာပူးအတြက္ အေတာ္ေလးနစ္နာခဲ့တဲ့ပြဲျဖစ္ၿပီး ၃ က်ပ္ကြက္ေလာက္ထိခဲ့တာပါ။

ပြဲခ်ိန္အတြင္းမွာ အဓိကေနာက္ခံလူ ဗန္ဒစ္ခ်္ကို အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္ရဲ႕ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈကို အ၀ါကတ္ေတာင္ ကြင္းလယ္ဒိုင္ က မျပသခဲ့ေပမယ့္ ဗီဒီယိုျပကြက္ေတြအရ ဒီဖ်က္ထုတ္မႈဟာ ဗန္ဒစ္ခ်္တစ္ေယာက္ ေျခ ေထာက္က်ဳိးသြားႏိုင္တဲ့အထိ ျဖစ္ေနပါတယ္။ ဒါ့အျပင္ ကြင္းလယ္လူ အယ္ကန္တာရာ လည္း ဒဏ္ရာရသြားခဲ့တာေၾကာင့္ လီဗာပူးဟာ ဒီပြဲမွာ အဓိကကစားသမား ၂ ဦး ထိခိုက္ခဲ့ရတာပါ။

ပိုၿပီးနစ္နာတာကေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ပြဲၿပီးခါနီး သြင္းတဲ့ဂိုးကို VAR ဆံုးျဖတ္ခ်က္နဲ႔ မာေနး လူကၽြံေနတယ္ဆုိၿပီး ဂိုးမေပးခဲ့တာပါပဲ။

ဒီပြဲမွာ လီဗာပူးဘက္က မွတ္တမ္းေကာင္းတစ္ခုကေတာ့ တုိက္စစ္မွဴး ဆာလက္ဟာ လီဗာပူးအတြက္ သြင္းဂိုး ၁၀၀ ျပည့္သြားခဲ့တာပါပဲ။ ဆာလက္ဟာ ရိုးမားကေန လီဗာပူး ကို ၂၀၁၇ ခုႏွစ္မွာ ေျပာင္းေရႊ႕လာခဲ့ၿပီး အသင္းအတြက္ စုစုေပါင္း ၁၃၈ ပြဲ ပါ၀င္ကစား ထားပါတယ္။ ၂၀၁၈ ေဘာလံုးရာသီတုန္းက ဆာလက္ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုးႏႈန္းက အေကာင္းဆံုးမွာရွိခဲ့ၿပီး ၃၆ ပြဲမွာ ၃၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို ဂိုးသြင္းအမ်ားဆံုး ေရႊဖိနပ္ဆုကိုလည္း ရရွိခဲ့ပါတယ္။

ဒီပြဲအၿပီးမွာ လီဗာပူးနည္းျပ ကေလာ့ပ္က “ကၽြန္ေတာ္ ေဘာလံုးပြဲေတြကိုႏွစ္သက္ပါတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္း ေဘာလံုးပြဲေတြမွာ စစ္မွန္တဲ့တရားမွ်တမႈန႔ဲ အႏိုင္ရတာမ်ဳိးက နည္းသြားၿပီလို႔ခံစားမိပါတယ္” လို႔ VAR ဆံုး ျဖတ္ခ်က္ကိုရည္ညႊန္းၿပီး ေျပာသြားခဲ့ပါတယ္။

ဒါဘီၿပိဳင္ဘက္ျဖစ္တဲ့ အဲဗာတန္အတြက္ ကေတာ့ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိ ခရီးဆက္ေနဆဲျဖစ္ၿပီး တုိက္စစ္မွဴး ကဲလ္ဗက္လီ၀င္ကလည္း အသင္းအတြက္ ဂိုးေတြသြင္းေနဆဲပါပဲ။ လီဗာပူးဟာ အဲဗာတန္နဲ႔ပြဲမွာ စုစုေပါင္းဂိုးကန္သြင္းခ်က္ ၂၂ ႀကိမ္အထိရွိခဲ့ၿပီး အိမ္ရွင္အဲဗာတန္ထက္ ၁၁ ႀကိမ္တိတိ ပိုမ်ားခဲ့တာပါ။ ကေလာ့ပ္အတြက္ကေတာ့ လီဗာပူးကိုကိုင္တြယ္ခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္မွာ ၂ ပြဲဆက္တိုက္ ရႈံးပြဲမဆက္ေသးတဲ့ မွတ္တမ္းေကာင္းကို ဆက္ထိန္းထားႏိုင္ဆဲ ျဖစ္ပါတယ္။