ဒါဘီအသင်းက စည်းမျဉ်းချိုးဖောက်လို့ လိဂ်ဝမ်းကို တန်းဆင်းရရင် ဒါဘီနည်းပြအဖြစ်က နှုတ်ထွက်မယ် ဆိုတဲ့ ရွန်းနီ

လက်ရှိ ဒါဘီကောင်တီ နည်းပြ ဝိန်ရွန်းနီကတော့ ဒါဘီအသင်းအနေနဲ့ စည်းကမ်းချိုးဖောက်တာကြောင့် လိဂ်ဝမ်း ပြိုင်ပွဲကို တန်းဆင်းမယ် ဆိုရင် ဒါဘီနည်းပြအဖြစ်ကနေ နှုတ်ထွက်မယ်လို့ မိတ်ဆွေတွေကို ပြောကြားခဲ့ပါတယ်။

ချန်ပီယံရှစ်က ဒါဘီအသင်းဟာ ကစားသမားတွေရဲ့ အပြောင်းအရွေ့ကြေးကို မှားယွင်းစွာ သတ်မှတ်တယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုက ဖော်ထုတ်ခဲ့ပြီးတဲ့နောက် ဒဏ်ငွေ ပေါင် (၁) သိန်း ချမှတ်ခံလိုက်ရပါတယ်။

ဒါပေမယ့် ချန်ပီယံရှစ် အဖွဲ့အစည်းကတော့ ဒါဘီကောင်တီအသင်းကို စည်းမျဉ်းချိုးဖောက်တာကြောင့် ရမှတ် လျှော့ချမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပြီး ရမှတ်သာ လျှော့ချမယ် ဆိုရင် တန်းဆင်းသွားရမှာ သေချာနေပါတယ်။

ပြီးခဲ့တဲ့ မနေ့က ချန်ပီယံရှစ် အဖွဲ့အစည်းဟာ လာမယ့် ရာသီအတွက် ချန်ပီယံရှစ် ပွဲစဉ်တွေကို ထုတ်ပြန်သွားတဲ့ အချိန်မှာ ဒါဘီကောင်တီအသင်းအတွက်ကိုတော့ ပွဲစဉ် ဇယား (၁) ခု မဟုတ်ဘဲ (၂) ခု ထုတ်ပြန်သွားခဲ့ပါတယ်။

ချန်ပီယံရှစ် အဖွဲ့အစည်းကတော့ ဒါဘီကောင်တီအသင်းအနေနဲ့ လိဂ်ဝမ်းပြိုင်ပွဲကို တန်းဆင်းသွားနိုင်တာကြောင့် ဒါဘီကောင်တီအသင်းအတွက် ပွဲစဉ် ဇယား (၂) ခုကို ထုတ်ပြန်ခဲ့ပြီး ကံဆိုးရင် လိဂ်ဝမ်းကို တန်းဆင်းနိုင်ပါတယ်။

ဒါဘီကောင်တီအသင်းဟာ လက်ရှိအချိန်အထိ လာမယ့် ရာသီမှာ ဘယ်လိဂ်ပြိုင်ပွဲမှာ ကစားရမလဲ ဆိုတာ လုံးဝ မသေချာလျက် ဖြစ်ပြီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဆက်ကစားနိုင်သလို လိဂ်ဝမ်းပြိုင်ပွဲကိုလည်း တန်းဆင်းနိုင်ပါတယ်။

ဒါဘီ နည်းပြ ဝိန်ရွန်းနီက ဒါဘီကောင်တီအသင်းအနေနဲ့ ရမှတ်လျှော့ချခံရပြီး လိဂ်ဝမ်း ပြိုင်ပွဲကို တန်းဆင်းရမယ် ဆိုရင် ဒါဘီနည်းပြအဖြစ်က နှုတ်ထွက်မယ်လို့ သူ့သူငယ်ချင်းတွေကို ပြောခဲ့တယ်လို့ သတင်း ထွက်လာပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အပြောင်းအရွေ့သုံးစွဲမှုစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ရမှတ် (၁၂) မှတ်လျှော့ချခံခဲ့ရပြီး ဒါဘီကောင်တီအသင်းအနေနဲ့လည်း ရမှတ် လျှော့ချခံရနိုင်ချေ များနေပါတယ်။

Zawgyi

ဒါဘီအသင္းက စည္းမ်ဥ္းခ်ဳိးေဖာက္လို႔ လိဂ္ဝမ္းကို တန္းဆင္းရရင္ ဒါဘီနည္းျပအျဖစ္က ႏႈတ္ထြက္မယ္ ဆိုတဲ့ ႐ြန္းနီ

လက္ရွိ ဒါဘီေကာင္တီ နည္းျပ ဝိန္႐ြန္းနီကေတာ့ ဒါဘီအသင္းအေနနဲ႔ စည္းကမ္းခ်ိဳးေဖာက္တာေၾကာင့္ လိဂ္ဝမ္း ၿပိဳင္ပြဲကို တန္းဆင္းမယ္ ဆိုရင္ ဒါဘီနည္းျပအျဖစ္ကေန ႏႈတ္ထြက္မယ္လို႔ မိတ္ေဆြေတြကို ေျပာၾကားခဲ့ပါတယ္။

ခ်န္ပီယံရွစ္က ဒါဘီအသင္းဟာ ကစားသမားေတြရဲ႕ အေျပာင္းအေ႐ြ႕ေၾကးကို မွားယြင္းစြာ သတ္မွတ္တယ္လို႔ လြတ္လပ္တဲ့ အဖြဲ႕အစည္း တစ္ခုက ေဖာ္ထုတ္ခဲ့ၿပီးတဲ့ေနာက္ ဒဏ္ေငြ ေပါင္ (၁) သိန္း ခ်မွတ္ခံလိုက္ရပါတယ္။

ဒါေပမယ့္ ခ်န္ပီယံရွစ္ အဖြဲ႕အစည္းကေတာ့ ဒါဘီေကာင္တီအသင္းကို စည္းမ်ဥ္းခ်ိဳးေဖာက္တာေၾကာင့္ ရမွတ္ ေလွ်ာ့ခ်မွာ မဟုတ္ဘူးလို႔ ထုတ္ျပန္ခဲ့ၿပီး ရမွတ္သာ ေလွ်ာ့ခ်မယ္ ဆိုရင္ တန္းဆင္းသြားရမွာ ေသခ်ာေနပါတယ္။

ၿပီးခဲ့တဲ့ မေန႔က ခ်န္ပီယံရွစ္ အဖြဲ႕အစည္းဟာ လာမယ့္ ရာသီအတြက္ ခ်န္ပီယံရွစ္ ပြဲစဥ္ေတြကို ထုတ္ျပန္သြားတဲ့ အခ်ိန္မွာ ဒါဘီေကာင္တီအသင္းအတြက္ကိုေတာ့ ပြဲစဥ္ ဇယား (၁) ခု မဟုတ္ဘဲ (၂) ခု ထုတ္ျပန္သြားခဲ့ပါတယ္။

ခ်န္ပီယံရွစ္ အဖြဲ႕အစည္းကေတာ့ ဒါဘီေကာင္တီအသင္းအေနနဲ႔ လိဂ္ဝမ္းၿပိဳင္ပြဲကို တန္းဆင္းသြားႏိုင္တာေၾကာင့္ ဒါဘီေကာင္တီအသင္းအတြက္ ပြဲစဥ္ ဇယား (၂) ခုကို ထုတ္ျပန္ခဲ့ၿပီး ကံဆိုးရင္ လိဂ္ဝမ္းကို တန္းဆင္းႏိုင္ပါတယ္။

ဒါဘီေကာင္တီအသင္းဟာ လက္ရွိအခ်ိန္အထိ လာမယ့္ ရာသီမွာ ဘယ္လိဂ္ၿပိဳင္ပြဲမွာ ကစားရမလဲ ဆိုတာ လုံးဝ မေသခ်ာလ်က္ ျဖစ္ၿပီး ခ်န္ပီယံရွစ္ ၿပိဳင္ပြဲမွာ ဆက္ကစားႏိုင္သလို လိဂ္ဝမ္းၿပိဳင္ပြဲကိုလည္း တန္းဆင္းႏိုင္ပါတယ္။

ဒါဘီ နည္းျပ ဝိန္႐ြန္းနီက ဒါဘီေကာင္တီအသင္းအေနနဲ႔ ရမွတ္ေလွ်ာ့ခ်ခံရၿပီး လိဂ္ဝမ္း ၿပိဳင္ပြဲကို တန္းဆင္းရမယ္ ဆိုရင္ ဒါဘီနည္းျပအျဖစ္က ႏႈတ္ထြက္မယ္လို႔ သူ႔သူငယ္ခ်င္းေတြကို ေျပာခဲ့တယ္လို႔ သတင္း ထြက္လာပါတယ္။

ရွက္ဖီးလ္ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက အေျပာင္းအေ႐ြ႕သုံးစြဲမႈစည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ရမွတ္ (၁၂) မွတ္ေလွ်ာ့ခ်ခံခဲ့ရၿပီး ဒါဘီေကာင္တီအသင္းအေနနဲ႔လည္း ရမွတ္ ေလွ်ာ့ခ်ခံရႏိုင္ေခ် မ်ားေနပါတယ္။