ဒါဘီ ပွဲစဉ် ကို ယှဉ်ပြိုင်ကစားဖို့  Lowry Hotel ဟိုတယ်ကို ရောက်ရှိလာကြတဲ့ ယူနိုက်တက်ကစားသမားများ

စနေည (ရး၀၀)နာရီမှာ ကစားကြမယ့် ပရီမီးယားလိဂ် အစောဆုံး ပွဲဖြစ်တဲ့

မန်ချက်စတာ ဒါဘီ ပွဲစဉ် ကို ယှဉ်ပြိုင်ကစားဖို့ ယူနိုက်တက် ကစားသမားတွေဟာ

ပွဲမကစားမီ တည်းခိုရမယ့် Lowry ဟိုတယ်ကို ရောက်ရှိလာကြပါပြီ။

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အပြီးမှာ ယူနိုက်တက်အသင်းဟာ ရမှတ် (၁၇)မှတ်နဲ့

အဆင့် (၅)နေရာမှာ ရပ်တည်နေပြီး အဆင့် (၃)နေရာက မန်ချက်စတာစီတီးနဲ့

(၃)မှတ် အကွာမှာ ရှိနေပါတယ်။ ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မီ

လေ့ကျင့်ရေးအစီအစဉ်မှာ လင်ဒီလော့ခ်က ဒဏ်ရာရှိခဲ့တာကြောင့်

အတ္တလန်တာနဲ့ ပွဲမှာ ဆိုးလ်ရှားက ဘိုင်လီကို ပွဲထုတ်ကစားခဲ့ပြီး

ဘိုင်လီက ခြေစွမ်းပြနိုင်ခဲ့လို့ ဒီတစ်ပတ် ဒါဘီပွဲမှာလည်း ဆက်လက်

ပွဲထွက်ခွင့်ရနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

အတ္တလန်တာနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဗာရိန်း ကတော့ (၄) ပတ်ကြာ

အနားယူရဖို့ ရှိနေပြီး ဒီတစ်ကြိမ် မန်ချက်စတာဒါဘီကိုတော့ လွဲချော်သွားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ ပွဲမှာ ဒုတိယပိုင်း (၁၅)မိနစ်ဝင်ကစားပြီး အနီကတ် ရယူသွားခဲ့တဲ့

ပေါဂ်ဘာကလည်း (၂)ပွဲပယ် ပြစ်ဒဏ်ကြောင့် ဒီပွဲမှာ ပါဝင်ခွင့်မရရှိသေးပါဘူး။

ကြာသပတေးနေ့အထိ လေ့ကျင့်ရေးအစီအစဉ်တွေမှာပါဝင်ခဲ့ပေမယ့်

စပါးနဲ့ ပွဲမှာ ရရှိခဲ့တဲ့ အရွတ်ဒဏ်ရာကပြင်းထန်လာခဲ့တာကြောင့်

ပွဲနီးကပ်တော့မှ တိုက်စစ်မှူး ကာဗာနီ ဟာလည်း မန်စီးတီးနဲ့ပွဲစဉ်မှာ

ပါဝင်လာနိုင်တော့မှာ မဟုတ်ပါဘူး။ Lowry Hotelကို ရောက်ရှိရမယ့်အချိန်ထက်

နောက်ကျပြီးမှ ရောက်လာတဲ့ မားကပ်ရက်ဖိုဒ်က အသင်းရဲ့ ရောက်ရှိလူစာရင်းမှာ

မပါဝင်ခဲ့ပေမယ့် ပွဲထွက် ကစားလာဖို့တော့ရှိနေပါတယ်။

Lowry Hotel ဟိုတယ်ကို ရောက်ရှိလာကြတဲ့ ယူနိုက်တက်ကစားသမားတွေကတော့

ဂိုး − ဒီဂီယာ ၊ တွမ်ဟီတန် ၊ ဟန်ဒါဆင်

နောက်တန်း − ဝမ်ဘစ်ဆာကာ ၊ ဒါလော့ခ် ၊ မက်ဂွိုင်းယား ၊ ဘိုင်လီ ၊ လုခ်ရှော ၊ အဲလက်စ် တဲလက်စ်

ကွင်းလယ် − မာတစ်၊ တွမ်မီနေး၊ ဗန်ဒီဘိခ် ၊ ဖရက် ၊ ဖာနန်ဒက်စ် ၊ မာတာ ၊ ဆန်ချို၊ လင်ဂတ်

ရှေ့တန်း − စီရော်နယ်ဒို၊ မာစီယယ် ၊ ဂရင်းဝုဒ်

zawgyi

ဒါဘီ ပြဲစဥ္ ကို ယွဥ္ၿပိဳင္ကစားဖို႔  Lowry Hotel ဟိုတယ္ကို ေရာက္ရွိလာၾကတဲ့ ယူႏိုက္တက္ကစားသမားမ်ား

စေနည (ရး၀၀)နာရီမွာ ကစားၾကမယ့္ ပရီမီးယားလိဂ္ အေစာဆုံး ပြဲျဖစ္တဲ့

မန္ခ်က္စတာ ဒါဘီ ပြဲစဥ္ ကို ယွဥ္ၿပိဳင္ကစားဖို႔ ယူႏိုက္တက္ ကစားသမားေတြဟာ

ပြဲမကစားမီ တည္းခိုရမယ့္ Lowry ဟိုတယ္ကို ေရာက္ရွိလာၾကပါၿပီ။

ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၀) အၿပီးမွာ ယူႏိုက္တက္အသင္းဟာ ရမွတ္ (၁၇)မွတ္နဲ႔

အဆင့္ (၅)ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ (၃)ေနရာက မန္ခ်က္စတာစီတီးနဲ႔

(၃)မွတ္ အကြာမွာ ရွိေနပါတယ္။ ၾကားရက္ ခ်န္ပီယံလိဂ္ ပြဲစဥ္မတိုင္မီ

ေလ့က်င့္ေရးအစီအစဥ္မွာ လင္ဒီေလာ့ခ္က ဒဏ္ရာရွိခဲ့တာေၾကာင့္

အတၱလန္တာနဲ႔ ပြဲမွာ ဆိုးလ္ရွားက ဘိုင္လီကို ပြဲထုတ္ကစားခဲ့ၿပီး

ဘိုင္လီက ေျခစြမ္းျပႏိုင္ခဲ့လို႔ ဒီတစ္ပတ္ ဒါဘီပြဲမွာလည္း ဆက္လက္

ပြဲထြက္ခြင့္ရႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

အတၱလန္တာနဲ႔ ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ဗာရိန္း ကေတာ့ (၄) ပတ္ၾကာ

အနားယူရဖို႔ ရွိေနၿပီး ဒီတစ္ႀကိမ္ မန္ခ်က္စတာဒါဘီကိုေတာ့ လြဲေခ်ာ္သြားခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ ပြဲမွာ ဒုတိယပိုင္း (၁၅)မိနစ္ဝင္ကစားၿပီး အနီကတ္ ရယူသြားခဲ့တဲ့

ေပါဂ္ဘာကလည္း (၂)ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ ဒီပြဲမွာ ပါဝင္ခြင့္မရရွိေသးပါဘူး။

ၾကာသပေတးေန႔အထိ ေလ့က်င့္ေရးအစီအစဥ္ေတြမွာပါဝင္ခဲ့ေပမယ့္

စပါးနဲ႔ ပြဲမွာ ရရွိခဲ့တဲ့ အ႐ြတ္ဒဏ္ရာကျပင္းထန္လာခဲ့တာေၾကာင့္

ပြဲနီးကပ္ေတာ့မွ တိုက္စစ္မႉး ကာဗာနီ ဟာလည္း မန္စီးတီးနဲ႔ပြဲစဥ္မွာ

ပါဝင္လာႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ Lowry Hotelကို ေရာက္ရွိရမယ့္အခ်ိန္ထက္

ေနာက္က်ၿပီးမွ ေရာက္လာတဲ့ မားကပ္ရက္ဖိုဒ္က အသင္းရဲ႕ ေရာက္ရွိလူစာရင္းမွာ

မပါဝင္ခဲ့ေပမယ့္ ပြဲထြက္ ကစားလာဖို႔ေတာ့ရွိေနပါတယ္။

Lowry Hotel ဟိုတယ္ကို ေရာက္ရွိလာၾကတဲ့ ယူႏိုက္တက္ကစားသမားေတြကေတာ့

ဂိုး − ဒီဂီယာ ၊ တြမ္ဟီတန္ ၊ ဟန္ဒါဆင္

ေနာက္တန္း − ဝမ္ဘစ္ဆာကာ ၊ ဒါေလာ့ခ္ ၊ မက္ဂြိဳင္းယား ၊ ဘိုင္လီ ၊ လုခ္ေရွာ ၊ အဲလက္စ္ တဲလက္စ္

ကြင္းလယ္ − မာတစ္၊ တြမ္မီေနး၊ ဗန္ဒီဘိခ္ ၊ ဖရက္ ၊ ဖာနန္ဒက္စ္ ၊ မာတာ ၊ ဆန္ခ်ိဳ၊ လင္ဂတ္

ေရွ႕တန္း − စီေရာ္နယ္ဒို၊ မာစီယယ္ ၊ ဂရင္းဝုဒ္